Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝသည် ချင်းပြည်ဆိုသည်ကို ချင်းညီနောင်အဖွဲ့ဝင် အားလုံးက တညီတညွတ်ထဲ လက်ခံထားဟုဆို

ပလက်ဝသည် ချင်းပြည်ဆိုသည်ကို ချင်းညီနောင်အဖွဲ့ဝင် အားလုံးက တညီတညွတ်ထဲ လက်ခံထားဟုဆို

0
By Editor on June 18, 2025 Headline

ပလက်ဝအရေး စားပွဲဝိုင်းပေါ် အဖြေရှာရမည်ဟု ချင်းညီနောင်ပြော

(006SV)

အာရက္ခတပ်တော် ULA/AA က သိမ်းပိုက်ထိမ်းချုပ်ထားသည့် ပလက်ဝမြို့နယ်သည် ချင်းပြည်ဆိုသည်ကို ချင်းညီနောင်အဖွဲ့ဝင် အားလုံးက တညီတညွတ်ထဲ လက်ခံထားသည်ဟု ချင်းညီနောင် – CB က ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

ချင်းပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ဇွန်လ ၁၈ ရက်တွင် အွန်းလိုင်းမှတဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

“အရှင်းလင်းဆုံး ပြောချင်တာက ကျနော်တို့ ချင်းညီနောင် အကုန်လုံးက ပလက်ဝသည် ချင်းပြည်ဆိုတာကို ကျနော်တို့ အကုန် လုံးက တညီညွတ်ထဲ ယုံကြည်ကြတယ်၊ လက်ခံပါတယ်၊၊ ဒါက ညီနောင်တခုထဲမှ မဟုတ်ပါဘူး။ တနိုင်ငံလုံးကလည်း သိပါတယ်။ ဒီလိုပဲ ရပ်တည်လာတာပေါ့နော်၊၊ တဆက်ထဲမှာပဲ ULA / AA ဟာ ကျနော်တို့ရဲ့ အိမ်နီးချင်းကောင်းဖြစ်တယ်။ အိမ်နီးချင်းကောင်း ထက်ပိုတဲ့ တကယ့် ရဲဘော်ရဲဖက်တွေ ဖြစ်တယ်၊၊ ဒီလိုမျိုး တော်လှန်ရေးကာလမှာ တချို့ဟာတွေကို အချင်းချင်း နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ သဘောမျိုးနဲ့ ဒါမှမဟုတ် လူမျိုးရေး မုန်းတီးမှုတွေ ပွားနေအောင် ဆွတဲ့ အပိုင်းတွေကို ဒီကာလမှာ သတိထားရမယ်” ဟု ချင်းညီနောင်အဖွဲ့ နှင့် မင်းတပ်- ပအဖ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။

ယခင်က သတင်းမီဒီယာများတွင်လည်း အာရက္ခတပ်တော် ULA/ AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပလက်ဝသည် ချင်းပြည်ဆိုသည်ကို ဖြေကြားဖူးကြောင်း၊ လက်ရှိတွင် စစ်ကောင်စီပြုတ်ကျရေးကို အဓိကထားပြီး အကောင်အထည်ဖော်ရမည့် အခြေအနေဖြစ်သည်ဟု ကိုယောမာန်က ပြောသည်။

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက်ခရိုင်အဖြစ်သို့ အာရက္ခတပ်တော်က ထည့်သွင်းသတ်မှတ်လိုက်ခြင်းသည် တရားဝင်ထုတ်ပြန်လာခြင်း မဟုတ်ကြောင်း ချင်းညီနောင် တာဝန်ရှိသူများက ပြောသည်။

“စစ်ကောင်စီ ကင်းစင်အောင် လုပ်ထားပြီးသားနေရာမှာတော့ အုပ်ချုပ်ရေးလည်ပတ်တဲ့ သဘောကတော့ ရှိမှာပဲ။ အဲဒါကို အမျိုးသားရေး ခေါင်းစဉ်တပ်ပြီး အချင်းချင်းရန်ရှာလို့ မရဘူး။ ပြသနာကို မီးထွန်းရှာလို့ မရဘူး။ ကျနော်တို့ ဒီဖက်မှာလည်း ချင်း၊ ရခိုင်ဆိုတဲ့ Narrative (ဇာတ်ကြောင်း) ကို မသွားပဲနဲ့ ဥပမာ- ULA/ AA သည်လည်း အာရက္ခဒေသထဲ မဟုတ်ပဲနဲ့ ရခိုင်ပြည်နယ် အပြင်မှာ ရှိတဲ့ ရခိုင်လူမျိုးတွေအတွက်လည်း စဉ်းစားရတာပဲ၊၊ ကချင်မှာလည်း ရခိုင်တွေ ရှိတာပဲ၊ မကွေး၊ ဧရာဝတီ စသဖြင့်ပေါ့နော်၊ ကျနော် ချင်းတွေမှာလည်း ချင်းပြည်နယ်မှာမှ မဟုတ်တဲ့ ရခိုင်ပြည်နယ်မှာလည်း ချင်းတွေ အများကြီးရှိတာပဲ၊ မကွေး၊ စစ်ကိုင်းအစပေါ့နော်၊ ရှင်းရှင်းပြောရရင် ချင်းပြည် ပြင်ပမှာ ရှိတဲ့ ချင်းတွေက ချင်းပြည်နယ်မှာ ရှိတဲ့ ချင်းတွေထက် ပိုများနိုင်တဲ့ အခြေအနေမှာတောင် ရှိပါတယ်။ အဲဒါတွေကို ပြန်စဉ်းစားလာရတဲ့ အခါကြရင် အကုန်လုံးက ဆက်စပ်နေတဲ့ သဘောသဘာဝ ပေါ့နော်။ ကျနော်တို့က Territorial boundary (ပိုင်နက်နယ်မြေ)က မသွားပဲနဲ့ အချင်းအချင်း အပြန်အလှန် အကျိုးပြုဖို့၊ အချင်း ချင်း အိမ်နီးချင်းကောင်းအဖြစ် ရှိဖို့ ဒီအခက်အခဲ ပြသနာတွေကို တိုင်တိုင်ပင်ပင် နဲ့ စားပွဲဝိုင်း ပေါ်မှာ အဖြေရှာရမယ်” ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

ချင်းညီနောင်အဖွဲ့၏ တစ်ခုတည်သော နည်းလမ်းသည် ငြိမ်းချမ်းစွာ အပြန်အလှန် အကျိုးပြုရေးနှင့် နေသွားရန် ဖြစ်ပြီး မိမိတို့သည် အိမ်နီးချင်းကောင်း ရဲဘော်ရဲဖက်များဖြစ်ကြောင်း၊ ပလက်ဝကိစ္စသည် စားပွဲဝိုင်းပေါ်တွင် အဖြေရှာရမှာဖြစ်ပြီး အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရမည်ဟု ချင်းညီနောင်က ၎င်းတို့၏ သဘောထားကို ပြောဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ အာရက္ခတပ်တော် ULA/ AA က ထည့်သွင်းသတ်မှတ်လိုက်ပြီး ရခိုင်ပြည်နယ်ကို ခရိုင် ၈ ခုဖြင့် ၂၀၂၅ ခုနှစ် မေလအတွင်း ဖွဲ့စည်းသတ်မှတ်လိုက် ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနက ယနေ့ ဇွန် ၁၂ မှာ ရေးသားဖော်ပြသည်။

အာရက္ခတပ်တော် ULA/ AA က ဖွဲ့စည်းသတ်မှတ်လိုက်သော ခရိုင် ၈ ခုမှာ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွဲခရိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝခရိုင်တို့ ဖြစ်သည်ဟု သိရသည်။

ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.