Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝြမို့နယ်တွင် အရပ်သား ၃ ဦးကို တောထဲတွင်သေဆုံးလျက်တွေ့ရှိ

ပလက်ဝြမို့နယ်တွင် အရပ်သား ၃ ဦးကို တောထဲတွင်သေဆုံးလျက်တွေ့ရှိ

0
By Editor on January 11, 2020 Headline

ချင်းပြည်နယ် ပလက်ဝြမို့နယ် ဆီးဖလောင်းရွာနှင့် ကြက်ဥဝကျေးရွာမှ ပျောက်ဆုံးသွားသည့် မူလတန်းပြကျောင်း အုပ်ဆရာကြီးနှင့် ရွာသား (၂) ဦးတို့ကို ဇန်နဝါရီလ ၁၀ ရက်နေ့က တောထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

ဆီးဖလောင်းရွာသား ကျောင်းအုပ်ဆရာကြီး ဦးအာဗြေလ၊ ကြက်ဥဝရွာမှ ဦးကျော်သန်းဝင်း နှင့် ဦးလှသိန်းတို့သည် ဇန်နဝါရီလ ၇ ရက်နေ့က ပျောက်ဆုံးခဲ့ကြပြီး ရွာသားများက လိုက်လံရှာဖွေကြရာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့မနက်ပိုင်းက အင်ခိုဝနှင့် စိမ်းစင်းရွာအကြားတောထဲတနေရာတွင် လက်ပြန်ကြိုးတုတ်လျက် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်ဟု ဦးအာဗြေလ၏ဆွေမျိုးများထံမှသိရသည်။

“ သူတို့ကို ဘယ်သူတွေကဖမ်းခေါ်သွားတယ်ဆိုတာတော့ တိတိကျကျမသိရဘူး ကျနော်တို့လိုက်ရှာတော့ တောထဲမှာ သူတို့အလောင်းကိုသွားတွေ့တာ ဆရာဦးအာဗြေလနဲ့ တစ်ယောက်ကို အတူတူတွေ့တယ် တစ်ယောက်ကတော့ သပ်သပ်တွေ့တယ်’’ ဟု ဦးအာဗြေလ၏ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။

သေဆုံးသွားသည့် ရုပ်အလောင်းများကို ပလက်ဝြမို့ပေါ်သို့ ပို့ဆောင်ခဲ့ကြပြီးနောက် ယနေ့မွန်းလွဲပိုင်းက မြေမြှပ်သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ပလက်ဝြမို့နယ် ကျီးလေကျေးရွာတွင် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့်အပတ်ကစ၍ အခြေချခဲ့ကြပြီး ဒေသခံပြည်သူများအား ကိုယ်ထိလက်ရောက်ရိုက်နက်ခြင်း၊ လူငယ်များအား ကုလားတန်မြစ်ကမ်းနဘေး နေပူထဲတွင် ချူပ်နှောင်ထားခြင်း၊ ဆန်နှင့်ရက္ခာများသယ်ယူခိုင်းခြင်းနှင့် ကျေးရွာမှ အခြားသို့ထွက်သွားလိုသူများအား ထွက်သွားခွင့်မပြုဘဲ ကျေးရွာအတွင်း အတင်းအကျပ် တားဆီးမှုများပြုလုပ်လျက်ရှိသည်ဟု ဇန်နဝါရီလလ (၁၀) ရက်နေ့က ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်စီ(KACC) ထုတ်ပြန်ထားသည်။

ပလက်ဝြမို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး ယခုသေဆုံးသွားသည့် (၃) ဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ယူဆထားကြသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.