Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပုံမှန်ဆေးကုသခွင့်မရသောကြောင့် မဏိပူရ်ပြည်နယ်အကျဉ်းထောင်ထဲက မြန်မာအကျဉ်းသားတစ်ဦး ကွယ်လွန်

ပုံမှန်ဆေးကုသခွင့်မရသောကြောင့် မဏိပူရ်ပြည်နယ်အကျဉ်းထောင်ထဲက မြန်မာအကျဉ်းသားတစ်ဦး ကွယ်လွန်

0
By Editor on March 14, 2025 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော မြန်မာ အကျဉ်းသားတစ်ဦးသည် ‌ ပုံမှန်ဆေးကုသခွင့်မရသောကြောင့် ရောဂါအခံဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက် ၅၀ အရွယ် ဦးအောင်မြင့်ဖြစ်ပြီး နာတာရှည် အဆုတ်ရောဂါအခံရှိသူဖြစ်ကာ လွန်ခဲ့သော ရက်ပိုင်းကသေဆုံးခြင်းဖြစ်သော်လည်း မဏိပူရ်ထောင်အာဏာပိုင်များက သတင်းအ‌မှောင်ချထားခြင်းကြောင့် ယနေ့ မတ်လ ၁၄ ရက်နေ့ကျမှ သိရသည်ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

“သူက အရင်ကတည်းကနေ အဆုတ်မှာ ရေရှိလို့ ပုံမှန်စုပ်ထုတ်ဖို့ လိုတဲ့ လူနာတစ်ဦးပေါ့နော်။ ထောင်ထဲရောက်တော့ ပုံမှန်ဆေးကုသခွင့်မရတဲ့အတွက် ဆုံးသွားတာ။ သိရသလောက်တော့ ထောင်အာဏာပိုင်တွေက သတင်းအမှောင်ချပြီး တော့မှ သူ‌ဆုံးသွားတာကတော့ လွန်ခဲ့တဲ့ တနလ်ာနေ့ကလို့ ကျွန်တော်တို့ သိထားတယ်၊ အခု လေး ငါးရက်ရှိပြီ အခုမှ ကျွန်တော်တို့ သိရတာဖြစ်တယ်။ အခု လောလောဆယ် သူ့ရဲ့ မိသားစုတွေနဲ့ ဆက်သွယ်နိုင်အောင် ကြိုးစားနေတယ်” ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

ဦးအောင်မြင့်သည် ထောင်ထဲတွင် ထိန်းသိမ်းခံနေရစဉ် မတ်လ ပထမပတ်ကစ၍ ကျန်းမာရေးဆိုးရွားလာခြင်းကြောင့် အရေးပေါ်ဆေးကုသမှုခံယူရန် ထောင်ပိုင်များက ၎င်း၏ ပစ္စည်းများကိုပါ ထောင်ထဲမှ ထုတ်ယူခဲ့သည်ဟု မတ်လ ၄ ရက်နေ့က India for Myanmar က ထုတ်ပြန်ထားသည်။

ဦးအောင်မြင့်၏ ရုပ်အလောင်းကိုလည်း ထောင်အာဏာပိုင်းများက သဂြိုလ်လိုက်ကြပြီဟု သိရသော်လည်း သဂြိုလ်သည့် ရက်နှင့် နေရာကိုတော့ မသိရဘူးလို့ ဆလိုင်ဒိုခါရ်ကပြောသည်။

လက်ရှိ မဏိပိုရ်အကျဉ်းထောင်တွင် ဦးအောင်မြင့်ကဲ့သို့ နာတာရှည်ရောဂါ ခံ‌စားနေရပြီး ကျန်းမာရေးစိုးရိမ်နေရသူ ၁၀ ဦးထက်မနည်းရှိနေပြီး လိုအပ်သော ဆေးဝါးထောက်ပံ့မှုမရရှိသောကြောင့် ၎င်းတို့၏ ကျန်းမာရေးဆိုးရွားလာမည်ကို စိုးရိမ်ရကြောင်း ဆလိုင်းဒိုခါရ်ကပြောသည်။

“ဦးအောင်မြင့်အပါအဝင် မြန်မာနိုင်ငံသားတော်တော်များများက စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ကာလမှာပဲ အဖမ်းခံတာ။ သူ့လို ကျန်းမာရေးမကောင်းတဲ့ဟာက တစ်ချို့ဆိုရင် တီဘီရှိတယ်၊ အကြီးစားခွဲစိတ်မှုခံပြီးတော့မှ ပုံမှန်ဆေးသောက်ဖို့ လိုအပ်တဲ့ သူတွေရှိတယ်၊ အဲလို ဆေးသောက်ဖို့ လိုတဲ့သူတွေကို ထောင်ကနေ ဘာမှမထောက်ပံ့တဲ့အခါကျတော့ အထူး သဖြင့် နာတာရှည် ရောဂါသည်တွေမှာ ဦးအောင်မြင့်လို ကျန်းမာရေးသက်ရောက်မှု ပြင်းထန်လာမှာကို ကျွန်တော်တို့ စိုးရိမ်‌ေနရတာပေါ့နော်” ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

အိန္ဒိယနိုင်ငံတွင် ခိုလှုံနေ‌ကြသော မြန်မာစစ်ပြေးဒုက္ခသည်များထဲမှ ၂၅၀ ကျော်သည် မဏိပူရ်နှင့် အာသံပြည်နယ်များတွင် နိုင်ငံခြားသား ဉပဒေဖြင့် ဖမ်းဆီးထောင်ချခံရပြီး ထိုအထဲမှ ၁၁၅ ဦးခန့်ကို မဏိပူရ်ပြည်နယ်အစိုးရက လုံခြုံရေးအာမခံချက်မရှိဘဲ အကြမ်းဖက် စစ်ကောင်စီထံ ပြန်ပို့ခဲ့သည်။

အိန္ဒိယနိုင်ငံမဏိပူရ်နှင့် အာသံပြည်နယ်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံကြပြီးဖြစ်သော်လည်း နှစ်ချီ ဆက်လက်ထိန်းသိမ်းခံနေရသည့်အပြင်၊ လွတ်မြောက်ခွင့်မရသေးဘဲ အသက်မလုံခြုံ သည့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မဏိပူရ်နှင့် အာသံပြည်နယ်အစိုးရများ၏ မကြာခဏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေကြရ ကြောင်း India for Myanmar က ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.