Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပဲခူး၊ ဆင်တလင်းကျေးရွာစစ်စခန်းတိုက်ပွဲတွင် စစ်ကော်မရှင်မှ ဒုရဲအုပ် အပါအဝင် ၁၈ ဦးသေဆုံးဟု ACDF ထုတ်ပြန်

ပဲခူး၊ ဆင်တလင်းကျေးရွာစစ်စခန်းတိုက်ပွဲတွင် စစ်ကော်မရှင်မှ ဒုရဲအုပ် အပါအဝင် ၁၈ ဦးသေဆုံးဟု ACDF ထုတ်ပြန်

0
By Editor on December 19, 2025 Khonumthung

(006SV)

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်ကော်မရှင် စစ်စခန်းကို တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့များနှင့် အရှိုချင်း ကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်မှ ဒုရဲအုပ်အပါအဝင် ၁၈ ဦး သေဆုံးသည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်စခန်းတစ်ခုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုဖြင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက် ခြင်းဖြစ်သည်ဟု ACDF က ဒီဇင်ဘာလ ၁၉ ရက်က ထုတ်ပြန်သည်။

တိုက်ပွဲတွင် ဆင်တလင်းစခန်းကို ဦးစီးသော ဒုရဲအုပ်အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးပြီး တော်လှန်‌ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

MA1 ၄ လက်၊ MA3 ၆ လက်၊ G3 ၁ လက်၊ ခြောက်လုံးပြူ ၁ လက်၊ ကျည်ဘောက် ၁ ခု၊ MA ကျည်ဘောက် ၂၁ ခု၊ အတိုကျည် ၅ တောင့်၊ ဦးထုပ် ၇ လုံး၊ ၅.၅၆ ကျည် ၂၁၉ တောင့်၊ အီကွေးမန့် ၃ ခု၊ Vest ၁ ခု၊ မိုဘိုင်းဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲကို အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) မှ တပ်ရင်း ၃၊ သာယာဝတီခရိုင် ၃၈၀၃ တပ်ရင်း၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေတန်းမြေ သာယာဝတီခရိုင် ပကဖ တပ်ဖွဲ့ ၁ နှင့် တပ်ဖွဲ့ ၂၊ လက်ပံတန်း အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ၊ ရန်ကုန်ပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ၃ တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇွန်လထဲ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.