Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပျဉ်းတောဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဆက်ဖြစ်

ပျဉ်းတောဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဆက်ဖြစ်

0
By Editor on April 3, 2023 Headline

ကလေးမြို့ ပျဉ်းတောဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းကစ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု CNO Upper Chindwin Region-UCR သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းတောဦး (Tuingo) ကျေးရွာနှင့် မင်းလှ (Zotlang) ကျေးရွာကြား နံတခါးချောင်းမှတဆင့် အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသောကြောင့် ဧပြီလ ၂ ရက် နံနက်ပိုင်း ၈ နာရီကစပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

ကလေးမြို့ အမြောက်တပ်ကနေလည်း လက်နက်ကြီးများဖြင့် ပစ်ကူနေသည်ဟု သိရသည်။

ပျဉ်းတောဦးကျေးရွာအနီးတွင် မတ်လ ၃၁ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က လက်နက်ကြီးများအပြင် လေကြောင်းကနေပါ တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျဉ်းတောဦးကျေးရွာတွင် AG ဘုရားကျောင်းရိပ်သာအပါအဝင် လူနေအိမ်တချိူ့လည်း ပျက်စီးမှုရှိခဲ့သည်။

CNO Uper Chindwin Region-UCR ၏ ထုတ်ပြန်ချက်အရ မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့ထောင်ထားသောမိုင်း ပြန်နင်းမိသောကြောင့် စကစ တပ်သား ၁၀ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဒဏ်ရာရရှိ၍ စွန့်ပစ်ထားခံရသော စစ်ကောင်စီတပ်သား ၂ ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တွေ့ရှိခဲ့ကြပြီး ဆေးကုသမှုပေးခဲ့သော်လည်း သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတိုက်ပွဲများကြောင့် ပျဉ်းတောဦးကျေးရွာအပြင် လက်ပံချောင်း၊ မင်းလှ၊ အောင်ရွာ၊ မြောက်ချော၊ ချင်းစု၊ ချမ်းသာကြီး စသည့်ကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.