Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပျဥ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် မီးရှို့
ပုံစာ - စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ ပျက်စီးခဲ့တဲ့ ပျဥ်းခုံလေးရွာရှိ နေအိမ်အချို့

ပျဥ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် မီးရှို့

0
By Editor on March 21, 2024 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၁၉ ရက်ကစ၍ ယနေ့ထိ ၃ ရက်ဆက်တိုက်မီးတင်ရှို့နေသည်ဟုသိရသည်။

အင်အား ၆၀ ၀◌န်းကျင်ခန့်ရှိမည့် စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းခုံလေးကျေးရွာရှိ နေအိမ်များကို မတ်လ ၁၉ ရက်နေ့ည နေပိုင်း ၃ နာရီတွင် စတင်မီးရှို့ခဲ့ကြပြီး မတ်လ ၂၁ ရက်မနက်ပိုင်းအထိ ၃ ရက်ဆက်တိုက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကလေး မြို့ဒေသခံတဉီးက ပြောသည်။

“ဒီနေ့မနက်လဲမီးထပ်ရှို့နေတယ်၊ ၃ ရက်မြောက်ရှိပြီ မီးရိူ့တာ အိမ်တွေ ဘယ်လောက်ပျက်စီးလဲ၊ ဘယ်လောက်ပါသွားလဲ ဆိုတာသေချာမသိရသေးဘူး မနက်ကအထိတော့ ထုသံကြားနေရတုန်း အခုက မိုးရွာနေတာဆိုတော့”ဟု ကလေးဒေသခံကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၈ ရက်နေ့ကလည်း ပျဉ်းခုံလေးကျေးရွာအတွင်းမဝင်ရောက်မှီ ဒရုန်းဗုံးသီးများအသုံးပြုကာ ပြည်သူနေအိမ်များအပေါ် ပစ်ချခဲ့သည့်အပြင် လက်နက်ကြီးဖြင့်အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့သောကြောင့် နေအိမ် အများအပြားပျက်စီးခဲ့သည်ဟု သိရသည်။

မတ်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပျဉ်းခုံလေးကျေးရွာထဲက ၁၀ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံပြည်သူ (၃) ဦးသေဆုံးကာ အနည်းဆုံး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုလက်ရှိတွင် ပျဉ်းခုံလေးကျေးရွာအပါအ၀◌င် အနီးနားကျေးရွာများက ပြည်သူများသည် ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေကြရပြီး ကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့များရှိနေသေးသည့်အတွက် အိမ်မည်မျှလောင်ကျွမ်းသည်ကို မသိနိုင်သေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.