Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပျဥ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် မီးရှို့
ပုံစာ - စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ ပျက်စီးခဲ့တဲ့ ပျဥ်းခုံလေးရွာရှိ နေအိမ်အချို့

ပျဥ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် မီးရှို့

0
By Editor on March 21, 2024 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၁၉ ရက်ကစ၍ ယနေ့ထိ ၃ ရက်ဆက်တိုက်မီးတင်ရှို့နေသည်ဟုသိရသည်။

အင်အား ၆၀ ၀◌န်းကျင်ခန့်ရှိမည့် စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းခုံလေးကျေးရွာရှိ နေအိမ်များကို မတ်လ ၁၉ ရက်နေ့ည နေပိုင်း ၃ နာရီတွင် စတင်မီးရှို့ခဲ့ကြပြီး မတ်လ ၂၁ ရက်မနက်ပိုင်းအထိ ၃ ရက်ဆက်တိုက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကလေး မြို့ဒေသခံတဉီးက ပြောသည်။

“ဒီနေ့မနက်လဲမီးထပ်ရှို့နေတယ်၊ ၃ ရက်မြောက်ရှိပြီ မီးရိူ့တာ အိမ်တွေ ဘယ်လောက်ပျက်စီးလဲ၊ ဘယ်လောက်ပါသွားလဲ ဆိုတာသေချာမသိရသေးဘူး မနက်ကအထိတော့ ထုသံကြားနေရတုန်း အခုက မိုးရွာနေတာဆိုတော့”ဟု ကလေးဒေသခံကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၈ ရက်နေ့ကလည်း ပျဉ်းခုံလေးကျေးရွာအတွင်းမဝင်ရောက်မှီ ဒရုန်းဗုံးသီးများအသုံးပြုကာ ပြည်သူနေအိမ်များအပေါ် ပစ်ချခဲ့သည့်အပြင် လက်နက်ကြီးဖြင့်အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့သောကြောင့် နေအိမ် အများအပြားပျက်စီးခဲ့သည်ဟု သိရသည်။

မတ်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပျဉ်းခုံလေးကျေးရွာထဲက ၁၀ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံပြည်သူ (၃) ဦးသေဆုံးကာ အနည်းဆုံး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုလက်ရှိတွင် ပျဉ်းခုံလေးကျေးရွာအပါအ၀◌င် အနီးနားကျေးရွာများက ပြည်သူများသည် ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေကြရပြီး ကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့များရှိနေသေးသည့်အတွက် အိမ်မည်မျှလောင်ကျွမ်းသည်ကို မသိနိုင်သေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.