Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

0
By Editor on September 8, 2026 Headline

ပလက်ဝနှင့် မြောက်ဦးမှ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲ

(006SV)

ပြည်ပသို့ တရားမဝင် လူပို့သည်ဟူသော စွဲချက်ဖြင့် ပလက်ဝနှင့် မြောက်ဦးမှ အမျိုးသမီး ၂ ဦးနှင့် ရန်ကုန်၊ မလေးရှား သွား ရောက်လိုသူ အမျိုးသမီးများကို ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် အာရက္ခတပ်တော် ULA/AA ၏ ထောက်လှမ်းရေးအဖွဲ့က စီးနင်းဖမ်းဆီးခဲ့ကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ပလက်ဝမြို့နယ်၊ ဟုန်းရွာမှ အသက် ၂၁ နှစ်အရွယ် ခိုင်မြတ်မွန်နှင့် မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာမှ အသက် ၃၀ အရွယ် ယဉ်ယဉ်ဝင်းတို့ကို ပြည်ပနိုင်ငံသို့ လိုင်စင်မရှိဘဲ တရားမဝင် လူပို့နေသည်ဟူသောစွဲချက်ဖြင့် ဖမ်းဆီးပြီး ဩဂုတ်လ ၃၀ ရက်မှာ ULA/ AA ၏ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန(ဒီလပ်)က အမှုဖွင့်ထားသည်ဟု သိရသည်။

အဆိုပါ အမျိုးသမီး ၂ ဦးကို အကျိုးဆောင် လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းကို အခငွေကြေး ရယူပြီး ပြည်ပ၌ အလုပ်လုပ် ကိုင်ရန် ပို့ဆောင်သူများအဖြစ် မြောက်ဦးမြို့မ ဒီလပ်စခန်းတွင် (ပ) ၄၃/ ၂၀၂၆၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ၊ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မဖြင့် စွဲဆိုထားသည်။

ဖြစ်စဉ်မှာ ပလက်ဝမြို့၊ ဟုန်းရွာမှ ခိုင်မြတ်မွန်နှင့် မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာမှ ယဉ်ယဉ်ဝင်းတို့သည် မြောက်ဦးမြို့နယ်၊ လက္ကာရွာမှ မဦးခိုင်စော (၂၄ နှစ်) နှင့် မအေးခိုင်စော (၂၃နှစ်)တို့ကို မလေးရှားနိုင်ငံသို့ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် ပို့ဆောင်ရန် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာမှ ယဉ်ယဉ်ဝင်းသည် ၎င်း၏ တစ်ရွာထဲနေ ဆွေမျိုးများဖြစ်သော မနှင်းနှင်းချို (၂၄ နှစ်) နှင့် မတင်တင်ဝေ (၃၃နှစ်) တို့ကို ရန်ကုန်မြို့သို့ ပို့ဆောင်ရန် အခကြေးငွေ ပွဲစားခ မယူဘဲ ကူညီဆောင်ရွက် ပေးခဲ့သည်ဟု အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာလ ၆ ရက်မှာ ထုတ်ပြန်ထားသည်။

၎င်းတို့ ၆ ဦးသည် ဩဂုတ်လ ၅ ရက်တွင် မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာ ဆိပ်ကမ်းမှ စက်လှေဖြင့် ပလက်ဝမြို့နယ်၊ ပီချောင်းဆုံရွာသို့ ထွက်ခွာရန် ပြင်ဆင်ခဲ့ရာ ယဉ်ယဉ်ဝင်းမှာ နေမကောင်း၍ ဆင်အိုးကြီးရွာမှ ၎င်း၏ နေအိမ်သို့ ပြန်လာခဲ့ပြီး ကျန်လူများမှာ ဆက်လက်ထွက်ခွာလာခဲ့သည်ဟု သိရသည်။

ဩဂုတ်လ ၆ ရက်တွင် ခိုင်မြတ်မွန် ဦးဆောင်သော ကျန်လူ ၅ ဦးမှာ ပလက်ဝမြို့နယ်၊ ဟုန်းရွာသို့ ရောက်ရှိခဲ့ပြီး ခိုင်မြတ်မွန်၏ နေအိမ်မှာ ၃ ရက် နေထိုင်ခဲ့ကြောင်း၊ ဩဂုတ်လ ၉ ရက်မှာ ဟုန်းရွာမှ ပီချောင်းဆုံရွာသို့ ရောက်ရှိခဲ့ပြီး ယင်းမှတဆင့် မကွေးတိုင်း၊ ဆောမြို့နယ်၊ ရန်းကဲရွာသို့ ဩဂုတ်လ ၉ ရက်မှာ ၃ ဦးနှင့် ဩဂုတ်လ ၁၀ ရက်မှာ ၂ ဦး စသဖြင့် နှစ်သုတ်ခွဲ၍ ရောက်ရှိသည်ဟု သိရသည်။

ဩဂုတ်လ ၁၀ ရက်တွင် ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး ကျင်ဒွေးမြို့ရှိ နေအိမ်တစ်အိမ်မှာ တည်းခိုနေထိုင်စဉ် ယင်းနေ့ ညမှာ ULA/ AA ၊ ထောက်လှမ်းရေးဌာနမှ တပ်ဖွဲ့ဝင်များက ခိုင်မြတ်မွန်အပါအဝင် ၅ ဦးကို စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဩဂုတ်လ ၁၄ ရက်တွင် ယဉ်ယဉ်ဝင်းကို မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

လက်ရှိမှာ ခိုင်မြတ်မွန်နှင့် ယဉ်ယဉ်ဝင်းတို့ ၂ ဦးတို့ကို ဒီလပ်က အမှုကို ခိုင်မာစွာ တည်ဆောက်နိုင်ရေး ဆောင်ရွက်နေပြီး ဥပဒေအကြံပြုချက်များနှင့်အညီ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ (၂၆) ဖြင့် တရားစွဲမည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်ထံမှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ မြို့နယ် ၁၄ ခုကို ထိုးစစ်ဆင် သိမ်းယူပြီး အုပ်ချုပ် ရေးယန္တရာများ လည်ပတ်နေသော ULA/ AA သည် ၎င်းတို့ ထိန်းချုပ်ထားသော ဒေသမြို့နယ်များတွင် အရွယ် ရောက်လူငယ်၊ လူလတ်များကို အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)အရ ရခိုင်ပြည်ပထွက်ခွာခွင့်လည်း တားမြစ် ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်မှ ဒေသခံ လူငယ်၊ လူလတ်များသည် လမ်းကြောင်းမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် ရန်ကုန်၊ မန္တလေး၊ မကွေး စသည့် ပြည်မမြို့များနှင့် ထိုင်း၊ မလေးရှား၊ အိန္ဒိယ စသည့် ပြည်ပနိုင်ငံများသို့ ထွက်ခွာလေ့ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.