Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပြည်ထောင်စုအဆင့် နိုင်ငံရေးဘုံသဘောတူညီချက်ထဲ ချင်းညီနောင်အဖွဲ့ CB ပါဝင်လာ

ပြည်ထောင်စုအဆင့် နိုင်ငံရေးဘုံသဘောတူညီချက်ထဲ ချင်းညီနောင်အဖွဲ့ CB ပါဝင်လာ

0
By Editor on February 4, 2025 Headline

(006SV)

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် NUG အပါအဝင် တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးဘုံသဘောတူညီချက်ထဲ ချင်းညီနောင်အဖွဲ့ – CB ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင်စုလွှတ်တော် ရွေးကောက်ခံကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့သည် နိုင်ငံရေး ဘုံသဘောတူညီချက် ၆ ရပ်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းနိုင်ငံရေးဘုံသဘောထား ရပ်တည်ချက် ၆ ချက်သည် K2C ဟုခေါ်သော KNPP၊ KNU၊ CNF နှင့် NUG တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်က ပူးတွဲထုတ်ပြန်သော ဘုံသဘောထား ရပ်တည်ချက်များနှင့် အတူတူပင်ဖြစ်သည်ကို တွေ့ရှိရသည်။

“၂၀၂၄ ဇန်နဝါရီလ ထုတ်ပြန်ချက်နဲ့ ဒီထုတ်ပြန်ချက်က နိုင်ငံရေး ရည်မှန်းချက်က အတူတူပဲ ဖြစ်ပါတယ်။ အဲဒီက နိုင်ငံရေး ရည်မှန်းချက်ကိုလည်း ဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတယ်ဆိုတော့ ဒီနိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက်အနေနဲ့ အခိုင်အမာနဲ့ သံဓိဌာန်ချထားပြီးသားအဖွဲ့အစည်းတွေက ထပ်ပြီးတော့ တိုးလာတယ်ဆိုတာကို ပြတဲ့သဘောလည်းဖြစ်တယ်။ ဆိုလိုတာက အဲဒီမှာပါခဲ့တဲ့ KNPP နဲ့ KNU အဖွဲ့ကလည်း NUCC ရဲ့ ERO အဖွဲ့ထဲမှာ ပါပြီသားပေါ့နော်။ အဲလိုပဲ အဲမှာ ပါတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒီထုတ်ပြန်ချက်မှာ ပါပြီသားဖြစ်တယ်။ CNF အနေနဲ့ ပြီးခဲ့တဲ့ ထုတ်ပြန်ချက်မှာ ပါပြီးတဲ့အပြင်ကို အခု ဒီထုတ်ပြန်ချက်မှာ နောက်ထပ် ချင်းညီနောင်အဖွဲ့က ထပ်ပါလာတယ်ဆိုတာဟာ ဒီနိုင်ငံရေး ရပ်တည် ချက်တွေဟာ ကျနော်တို့ ကြားထဲမှာ ပိုပြီးတော့ ခိုင်မာလာတယ်။ ဘုံသဘောထား ရပ်တည်ချက်တွေဟာ ပိုပြီးတော့ တူလာ တယ်ဆိုတာကို ပြသတဲ့ သဘောလို့လည်း ယူဆလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ ပူးတွဲထုတ်ပြန်ကြေညာချက်တွေဟာ အဓိက အနှစ်သာရ အားဖြင့်က နိုင်ငံရေး အနှစ်သာရတွေ မလွဲဘူး။ အားလုံးဟာ Unity စည်းလုံးညီညွတ်ပြီးတော့ ဆက်လက်တိုက်ပွဲဝင် မယ်ဆိုတာကို အခိုင်အမာနဲ့ သံဓိဌာန်ဖော်ပြထားတဲ့ ရည်မှန်ချက်တွေ ဖြစ်တယ်ဆိုတာ ဒီကြေညာချက်က ပိုပြီးတော့ ပေါ်လွင် စေလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု CRPH မှ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ပြောသည်။

နိုင်ငံရေးဘုံသဘောတူညီချက် ၆ ရပ်မှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး အနာဂါတ်တွင် စစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အရပ်သား အစိုးရ၏ စီမံအုပ်ချုပ်မှု အောက်မှာ အပြည့်အဝ ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်တို့ ပါဝင်သည်။

ယင်းအပြင် သက်ဆိုင်သူ အစုအဖွဲ့အားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲပြဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်ကို တည်ဆောက်ရန်၊ မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ပြန်လည်းရရှိရေးနှင့် အသွင်းကူးပြောင်းရေး ကာလတရားမျှတမှု ရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန် စသည့်အချက်များလည်း ပါဝင်သည်။

၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသား လူထုတရပ်လုံး လိုလာနေသည့် ပန်းတိုင်သို့ ချီတက်နိုင်ရေးအတွက် ရရှိထားပြီးသော စုစည်းညီညွတ်မှုထက် ပိုမိုကျယ်ပြန့်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေရန် ကြိုးပမ်းအားထုတ်ရင်း စုပေါင်း တော်လှန်တိုက်ပွဲဝင်နေသည်ဟု ယမန်နေ့က ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပူးတွဲထုတ်ပြန်ချက်ကို ချုပ်ပြောရရင် ကျနော်တို့ကြားထဲမှာ ညီညွတ်မှု ရှိနေတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ခိုင်ခိုင်မာမာနဲ့ ဖော်ပြရင်းနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ် ဆိုတာကို ဖော်ပြထားခြင်းဖြစ်တယ်။ ဒီနေရာမှာ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ လက်ရှိကာလမှာ စစ်ရေးအရှိန်အဟုန် အားကောင်းနေတယ်။ ကျနော်တို့ အနာဂါတ် နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ ချဉ်းကပ်မှုမှာ ပြည်နယ်ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေးလို့ ခေါ်တဲ့ bottom – up ဖက်ဒရယ်လစ်ဇင်းကို ကျင့်သုံးရင်းနဲ့ အားလုံးက နိုင်ငံတော်သစ်တခုကို ပြည်နယ်ပေါင်းစု ပြည်ထောင်စု ၊ ဖက်ဒရယ်ယူနစ်တွေ အားလုံး စုပေါင်းပြီးတော့မှ လက်တွဲချီတက်ပြီးတော့ နိုင်ငံတော်သစ်ကို ထူထောင်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ဒီနေရာမှာ ဦးတည်လျှောက်လှမ်းနေပြီးဆိုတာမျိုးကို ဖော်ပြထားတယ်” ဟု CRPH မှ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ပြောသည်။

ပြည်နယ်/ဖက်ဒရယ် ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် နယ်နိမတ်ပိုင်းခြား သတ်မှတ်ရေးကိစ္စရပ်များကို အသွင်းကူးပြောင်းရေး ကာလ ရောက်ရှိသောအခါ လူထုဆန္ဒကို အခြေခံ၍ မည်သည့်ခွဲခြားဆက်ဆံမှု မရှိစေဘဲ အဓိက သက်ဆိုင်သူ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီ ကျင်းပရန် ပြင်ဆင်နေသော ရွေးကောက်ပွဲသည် နိုင်ငံပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခများကိုသာ တိုးပွား လာစေမည့်အပြင် ဒေသတွင်း မတည်ငြိမ်မှုများ ပိုမိုပေါ်ပေါက်လာစေမည်ဖြစ်ကြောင့် ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ရန် တိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.