Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပြည်သူလူထုနှင့် CNO/CNDF အကြား သွေးကွဲစေရန် စစ်ကောင်စီကသွေးထိုးလုပ်ဆောင်နေဟုဆို

ပြည်သူလူထုနှင့် CNO/CNDF အကြား သွေးကွဲစေရန် စစ်ကောင်စီကသွေးထိုးလုပ်ဆောင်နေဟုဆို

0
By Editor on June 21, 2022 Headline

ချင်းပြည်နယ် ဖလမ်းမြို့တွင် ပြည်သူလူထုနှင့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) အကြား အထင်မြင်လွဲမှားကာ သွေးကွဲစေရန်အတွက် စစ်ကောင်စီတပ်ဖွဲ့က နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ပြီးခဲ့သည့်ဇွန်လ ၁၅ ရက်နေ့ညက ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ အ.ထ.က (၂) ကျောင်းအနီးတွင် အသံမိုင်းခွဲကာ ပြည်သူလူထုအား အထိတ်တလန့်ဖြစ်စေခဲ့သည့်အပြင် “မိမိတို့၏ သားသမီးများ အလောင်း မကောက်လိုပါက ကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထားခဲ့ကြပြီး ယင်းလုပ်ရပ်သည် ချင်းလက်နက်ကိုင်တပ်ဖွဲ့ CNO/CNDF နှင့် ဖလမ်းမြို့ပြည်သူလူထုအကြား အထင်မြင်လွဲမှားစေရန် စစ်ကောင်စီဘက်က သွေးထိုးလုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ဇွန်လ ၂၀ ရက်နေ့ကထုတ်ပြန်သည်။

“အဲဒီ အသံမိုင်းခွဲလုပ်ဆောင်ချက်သည် ပြည်သူလူထုနှင့် CNO/CNDF အကြား အမြင်မှားစေရန်နှင့် သွေးခွဲရန်လုပ်ဆောင်သော စကစ၏ နည်းစနစ်သာဖြစ်သည်” ဟု ချင်းအမျိုးသားအဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ (၁၇) ရက် ည (၁၀:၀၀) နာရီခန့်အချိန်ကလည်း တလန်လိုရပ်ကွက်ရှိ အ.ထ.က (၃) ကျောင်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြသော စစ်ကောင်စီတပ်သားများ အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ကြရာ တပ်သားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင် းသိရပါသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် ချင်းကာကွယ်ရေးတပ်များနှင့် ပစ်ခတ်သယောင်ပြုကာ အနီးနားပတ်ဝန်းကျင်များအား ရမ်းသမ်းပစ်ခတ်ကာ ခလရ (၂၆၈) တပ်ထဲမှ ၁၂၂ မမဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြပါသည်။ အဆိုပါ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး လက်မောင်းတွင် ကျည်ထိဒဏ်ရာရရှိခဲ့ပြီး အိမ်တွင်းရှိပစ္စည်းတစ်ချို့ ပျက်စီး ဆုံးရှုံးခဲ့သည့်အပြင် ဘိုင်လာကျေးရွာ (Baila) ရှိ နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဇွန်လ ၁၉ ရက်ည (၁၀) နာရီခန့်တွင်လည်း ဖလမ်းမြို့၊ တပ်ကုန်းမှ လက်နက်ကြီး (၅) ကြိမ်ခန့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်။

CNO/CNDF အနေဖြင့် နိုင်ငံတကာ စစ်ဥပေဒေကိုလိုက်နာပြီး ကျောင်းသား/သူများနှင့် ကျောင်းအဆောက်ဦးများကို ထိခိုက်စေမည် မဟုတ်ကြောင်း အထက်ပါဖြစ်ရပ်များသည် စစ်ကောင်စီ၏ ပြည်သူလူထုနှင့် CNO/CNDF အကြား သွေးကွဲစေရန် သွေးထိုးလုပ်ဆောင်မှုသာဖြစ်ပါသည်ဟု CNO က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.