Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“ပြည်သူသည် အမိ၊ ပြည်သူသည် အဖလို့ ပြောပြောနေတဲ့ တပ်မတော်အပေါ် ပြည်သူ့ ယုံကြည်မှု လျှော့ကျသွားတယ်”

“ပြည်သူသည် အမိ၊ ပြည်သူသည် အဖလို့ ပြောပြောနေတဲ့ တပ်မတော်အပေါ် ပြည်သူ့ ယုံကြည်မှု လျှော့ကျသွားတယ်”

0
By Editor on February 10, 2021 Headline

#Unicode

ချင်းအမျိူးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်းချက်
By Benezer – မြန်မာ့တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့က အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ ဒီလိုစစ်အာဏာသိမ်းမှုကြောင့် မြန်မာ့နိုင်ငံရေးအခြေအနေ၊ အနာဂတ်ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေ ဘယ်လိုထိခိုက်မှုတွေရှိလာနိုင်ပါသလဲ။ ချင်းအမျိူးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ တပ်မတော်ကနေပြီးတော့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူလိုက်တဲ့အပေါ် CNF ရဲ့ သဘောထားကိုသိချင်ပါတယ်။
ဖြေ။ ။ လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်သားအစိုးရ၊ တပ်မတော်အကြား NCA လမ်းကြောင်း အားဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို အပြန်အလှန်ယုံကြည်မှုတည်ဆောက်ယင်း ဖော်ဆောင်နေတဲ့ အချိန်မှာ စစ်တပ်က အာဏာသိမ်း ယူလိုက်ခြင်းကို ကန့်ကွက်ပါတယ်။
မေး။ ။ တပ်မတော်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်သွားပြီးတော့ ရွေးကောက်ပွဲကိုလည်း ပြန်ကျင်းပပေးမယ်လို့ ပြောတဲ့အပေါ်မှာရော ယုံကြည်မှုရှိလား သူတို့တကယ်လုပ်ပေးပါ့မလား။
ဖြေ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့ကြေညာချက် (၁/၂၀၂၁) အပိုဒ် (၆) ကို ကြည့်လိုက်ယင် အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်တွေ ဆောင်ရွက်ပြီးစီးဖို့ အချိန်ကာလ (Time frame) သတ်သတ်မှတ်မှတ် ဖော်ပြမထားတာကို တွေ့ရတယ်။ ဒီတော့ ဒီကိစ္စက ယုံကြည်ဖို့ ခပ်ခက်ခက်ပါပဲ။
မေး။ ။ တပ်မတော်အနေနဲ့ အခုလို အာဏာသိမ်းလိုက်တဲ့အပေါ် CNF အနေနဲ့ ရှေ့ဆက်ပြီး ဘာတွေဘယ်လို ဆောင်ရွက်သွားဖို့ရှိလဲ။
ဖြေ။ ။ ချင်းအမျိုးသားတပ်ဦးအနေနဲ့ မိမိတို့ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေးအတွက် NCA လမ်းကြောင်း မှ တဆင့် ပြည်သူလူထု အပါအဝင် မည်သည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနဲ့လက်တွဲပူးပေါင်းဆောင်ရွက်သွားမှာပါ။
မေး။ ။ CNF ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အမျိုးသားတန်း တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မံနိုင်ငံ ပြည်သူပြည်သားများနှင့် အတူတကွ ရပ်တည် ပူးပေါင်းသွားမယ်လို့ ဖော်ပြထားတယ်၊ ဘယ်လိုမျိူးပူးပေါင်းဆောင်ရွက်မှာလဲ၊ နည်းနည်း ရှင်းပြလို့ရမလား။
ဖြေ။ ။ နှစ်ပေါင်း ၇၀ ကျော် မြန်မာ့နိုင်ငံရေး အကြပ်အတည်းက ဒီမိုကရေစီ ဆိတ်သုဉ်းပြီး အမျိုးသား ရေးအရ တန်းတူမှု မရှိတဲ့ ပြသာနာဖြစ်တယ်၊ ပြသာနာ ချုပ်ငြိမ်းဖို့က ပြည်ထောင်စု မြန်မာနိုင်ငံကို အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်ထောင်စုအဖြစ်ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်၊ အဲဒီ နိုင်ငံရေး အကြောင်းရင်းခံကို ပြည်သူလူထုက နားလည်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ကိုယ်ကျရာ၊ ကိုယ်တတ်စွမ်းရာ အလိုက် ထဲထဲဝင်ဝင် ပူးပေါင်း ပါဝင်ဖို့ပါပဲ။
မေး။ ။ တပ်မတော်ကအာဏာသိမ်းလိုက်တဲ့အတွက် ဘယ်လိုမျိုးဆိုးကျိုးတွေ ကြုံရနိုင်လဲ ဘယ်လိုအခြေအနေမျိုး တွေဖြစ်သွားနိုင်လဲ? အထူးသဖြင့် ငြိမ်းချမ်းလုပ်ငန်းစဉ်အပေါ် ဘယ်လိုထိခိုက်မှုတွေရှိလာနိုင်လဲ။
ဖြေ။ ။ ပြည်သူသည် အမိ၊ ပြည်သူသည် အဖ လို့ ပြောပြောနေတဲ့ တပ်မတော်အပေါ် ပြည်သူ့ ယုံကြည်မှု လျှော့ကျသွားတယ်၊ နောက်ပြီး နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုအပြင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု လျှော့ကျ သွားမယ်၊ ဝမ်းနည်းစရာ ကောင်းတာက ကမ္ဘာ့ ကပ်ရောဂါဆိုးကြီး ရင်ဆိုင်နေရတဲ့အချိန်မှာ အဓိက တာဝန်ရှိတဲ့ ပြည်တွင်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ စစ်တပ် အာဏာ သိမ်းမှုအပေါ် သဘောထား ဆန္ဒက အင်မတန်မှ စိုးရိမ် စရာ ကောင်းပါတယ်၊ နောက်ပြီး မိမိတို့ ဖော်ဆောင်နေတဲ့ NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ယုံကြည်မှု ပိုမို လျှော့ကျသွားတယ်လို့ပဲ ပြောချင် တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိလဲ။
ဖြေ။ ။ ကျတော်တို့ နို်င်ငံ တည်ငြိမ်းအေးချမ်းရေးနှင့် ပြည်သူပြည်သားများ စိတ် ချမ်းသာ၊ ကိုယ် ကျန်းမာရေး ကို ရှေ့ရှုလျက် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ထိန်းသိမ်းခံ ပုဂ္ဂိုလ်အားလုံး ပြန်လွတ်ပေးပြီး လက်ရှိ ကြုံတွေ့နေရတဲ့ အကြပ်အတည်းကို ငြိမ်းချမ်းပွင့်လင်းစွာ စေ့စပ်ညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်။
#Zawgyi

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရေးလိုအပ်ဟု CNF ဥက္ကဌ ပြော

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် Pu Kawl Lian Thang နှင့် ဒုဥက္ကဌအဖြစ် ဦးသန့်စင်ဦးတို့ ရွေးချယ်တင်မြောက်

အမျိုးသားလွှတ်တော် ဥက္ကဌနှင့် ဒု-ဥက္ကဌအဖြစ် အောင်လင်းဒွေးနှင့် Jeng Phang နော်တောင်တို့ကို တင်မြှောက်

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.