Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ ပုန်းခိုကျင်းများ အိမ်တိုင်းတူးထာကြရန် CDF မင်းတပ် ထပ်မံသတိပေး
ပုံစာ - စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့ရသော ချင်းပြည်နယ်က အဆောက်အအုံတချို့အား တွေ့ရစဉ်။

ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ ပုန်းခိုကျင်းများ အိမ်တိုင်းတူးထာကြရန် CDF မင်းတပ် ထပ်မံသတိပေး

0
By Editor on October 19, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးတိုက်ခိုက်မှုတို့မှ ကာကွယ်နိုင်ရန် ပုန်းခိုကျင်းများ တူးထားကြရန် CDF – မင်းတပ်က ထပ်မံသတိပေး ထုတ်ပြန်လိုက်သည်။

“မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဝေဟင်ကတဆင့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လေ့ရှိပါတယ်။ ပွင့်လင်း ရာသီရောက်ရင် လေကြောင်းတိုက်ခိုက်မှုပိုလုပ်လေ့ရှိပါတယ်။ ကျနော်တို့ လေကြောင်းအန္တရာယ် သတင်းတွေ ရထားတာလည်း ရှိပါတယ်။ ဒီလို တိုက်ခိုက်မှုတွေ ရှိလာရင် အပစ်မဲ့ အရပ်သားတွေပဲ ထိခိုက်သေကြေ မှုပိုကြုံတွေ့နေရလို့ပါ” ဟု CDF – မင်းတပ်မှ တာဝန်ရှိသူက ပြောသည်။

မင်းတပ်ပြည်သူများ၏ အိမ်တိုင်းတွင် ပုန်းခိုကျင်းများ တူးထားကြရန် မင်းတပ် – CDF နှင့် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တို့၏ သတိပေးထုတ်ပြန်ချက်များကို အလေးထားလိုက်နာမှု အားနည်းနေ၍ မကြာခဏ သတိပေးနေရသည်ဟု မင်းတပ်- CDF မှ တာဝန်ရှိသူက ပြောသည်။

CDF – မင်းတပ်၏ မင်းတပ်မြို့နယ်အတွင်းက စိုးမိုးထိန်းချုပ်ရာ ဒေသများကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းများ မထိုးနိုင်တော့သည့်အတွက် ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်လေယာဉ်နှင့်ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေသည်ဟု သိရသည်။

ထိုကြောင့် ယခုတစ်ပတ်အတွင်း အရပ်သားနေအိမ်များ ပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်း၊ ကျောင်းတက်နေသည့် ကျောင်းသူ/သားနှင့် သက်ကြီးရွယ်အိုများ ယခုတစ်ပတ်အတွင်း ထပ်မံတိမ်းရှောင်နေရသည်ဟု မင်းတပ် CDF က အောက်တိုဘာ လ ၁၅ ရက် ထုတ်ပြန်သည်။

အောက်တိုဘာလ ၂ ရက် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ယောင်္ကျားလေး  ၁ ဦးနှင့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

မင်းတပ် – CDF က စစ်ကောင်စီတပ်များကို စစ်ဆင်ရေးများ လုပ်ပါက လက်နက်ကြီး၊ လေကြောင်းများဖြင့် ကျေးရွာများကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာသည့်အတွက် အိမ်တိုင်းမှာ ပုန်းခိုကျင်းများတူးထားရန် လိုအပ်သည်ဟု မင်းတပ်တာဝန်ရှိသူက ပြောသည်။

အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်သူ ၅၂ ဦးသေဆုံးပြီး ၅၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ စပါးကျီးများနှင့် ဇရပ်များလည်း ပျက်စီးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.