Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောာင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို CNF အပါအဝင် တော်လှန်ရေးအင်အားစုများ ပူးပေါင်းဖွဲ့စည်း

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောာင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို CNF အပါအဝင် တော်လှန်ရေးအင်အားစုများ ပူးပေါင်းဖွဲ့စည်း

0
By Editor on March 31, 2026 Headline

ပိုကျယ်ပြန်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများနှင့် ဆက်လက်ပူးပေါင်းညှိနှိုင်းမည်ဟုဆို

(006SV)

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသော CNF ၊ KIO၊ KNU ၊ Karenni နှင့် CRPH၊ NUG တို့သည် နိုင်ငံရေး အခင်းအကျင်း အသစ်တစ်ခုကို စုစည်းညီညွတ်စွာ စတင်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်ရေး ဦးဆောင်ကောင်စီ (SCEF) ကို ပူးပေါင်းဖွဲ့စည်းလိုက်ပြီးဟု မတ်လ ၃၀ ရက်က ကြေညာသည်။

SCEF ကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြု မဏ္ဍိုင်နှင့် အမျိုးသမီးကိုယ်စားပြု/ ကိုယ်စား လှယ်များ မဏ္ဍိုင်တို့ကို အခြေခံပြီး ပူးပေါင်းဖွဲ့စည်းသည်ဟု သိရသည်။

“ဒီလို SCEF ဖွဲ့စည်းခြင်းဟာ လွတ်လပ်ရေးနဲ့အတူ ထွက်ပေါ်လာတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကနေ ဒီကနေ့အထိ ဖြစ်ပွားနေတဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး တိုက်ပွဲစဉ် ကာလများထဲက အဓိပ္ပါယ်အရှိဆုံးနဲ့ အချိန်အခါရဲ့ လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ ဖွဲ့စည်းမှုတစ်ခုဖြစ်ပါတယ်။ ယခင်က မျဉ်းပြိုင်လို တချိန်လုံး သွားနေတဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်နဲ့ အကြမ်းမဖက် တော်လှန်ရေး လမ်းစဉ်ဟာ ယခုအခါ တစ်ခုတည်း၊ တစ်ထပ်တည်းအဖြစ် အသွင်းပြောင်းလဲသွားပါပြီ။ မြန်မာနိုင်ငံရေး ပြသနာကို ဖြေရှင်းရာမှာ စစ်အာဏာရှင်များက လက်နက်ကိုင် တိုက်ပွဲကိုပဲ နားလည်ကြတဲ့အတွက် မြန်မာတနိုင်ငံလုံး လက်နက်ကိုင်တိုက်ပွဲကို မဟာဗျူဟာ အဖြစ် ကိုင်စွဲကာ တနိုင်ငံလုံးအနှံ့ တိုက်ပွဲ ဝင်ခဲ့ကြတာဖြစ်ပါတယ်။ ပြည်သူ့အားလုံးပါဝင်တဲ့ ပြည်သူ့လှုပ်ရှားမှဒဟာ အောင်မြင်စမြဲဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးဟာလည်း အောင်မြင်မှုဆီကို အရှိန်အဟုန်နဲ့ ဦးတည်နေပြီဖြစ်ပါတယ်။ ဦးဆောင်ကောင်စီရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အဖြစ် တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ Pu Zing Cung က ပြောသည်။

စုံလင်ကွဲပြားသော လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးပြီး အမျိုးသားတန်းတူးရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့် အပြည့်အဝ ရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်သွား မည်ဟု သိရသည်။

SCEF သည် တော်လှန်ရေးအဖွဲ့အစည်း အသီးသီး၏ စစ်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဦးဆောင်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို ချမှတ်ထားသည်ဟုသိရသည်။

စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး စစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းကို အပြီးတိုင်အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှု အောက်၌ အပြည့်အဝ ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အပြီးတိုင်ဖျက်သိမ်းပြီး ယင်းကို ပြန်လည်း အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှကို တိုက်ဖျက်ရန်တို့ ဖြစ်ကြောင်းသိရသည်။

ထို့အပြင် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲပြဌာန်းရန်၊ ထွက်ပေါ်လာမည့် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်ကို တည်ဆောက်ရန်နှင့် အသွင်းကူပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်တို့လည်း ပါဝင်ကြောင်း သိရသည်။

“SCEF ဖွဲ့စည်းရခြင်းက အခုအချိန်မှာ နိုင်ငံရေး စိန်ခေါ်မှုတွေကြောင့် ကျနော်တို့က အခုပါဝင်ဖွဲ့စည်းတဲ့ ၆ ဖွဲ့နဲ့ ကနဦး တာထွက်အနေနဲ့ အချိန်မီ နိုင်ငံရေး တုန့်ပြန်မှု၊ စစ်ရေးတုန့်ပြန်မှုအနေနဲ့ လုပ်နိုင်ဖို့ အခုလို ဖွဲစည်းတာဖြစ်တယ်။ အဲဒီလို ဖွဲ့စည်းတဲ့ နေရာမှာ တခြား တော်လှန်ရေးအင်အားစုတွေကိုလည်း လုံးဝ ပစ်ပယ်သွားတာမျိုး မဟုတ်ဘူး။ အရင် မိတ်ဆက်ခြင်း၊ ညှိနှိုင်းခြင်းတွေ လုပ်ပါတယ်။ သူတို့တွေနဲ့လည်း ကျနော်တို့ ဆက်လက် ဆွေးနွေးဖို့ ပြင်ဆင် ထားပါတယ်” ဟု SCEF ကောင်စီ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူနှင့် CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

SCEF သည် ကောင်စီဝင်အဖွဲ့အစည်းများ ပိုမိုကျယ်ပြန်သည့် နိုင်ငံရေး ကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများနှင့် ဆက်လက် ပူးပေါင်းညှိနှိုင်းပြီး ရည်မှန်းချက် ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမည်ဟု သိရသည်။

မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကို အခြေခံ၍ မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း မူဝါဒကို ချမှတ်ကျင့်သုံးပြီး စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများကို ဟန်ချက်ညီ ပူးတွဲ ဖော်ဆောင်မည်ဟု ဆိုသည်။

လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ အချုပ်အခြာအာဏာကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအတွင် နေထိုင်ကြသော လူထုက ပိုင်ဆိုင်ပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား မျှဝေသုံးစွဲသော အချုပ်အခြာအာဏာမူကို ကိုင်စွဲမည်၊ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စုပေါင်းခေါင်းဆောင်မှုဖြင့် ဖော်ဆောင်မည်ဟု သိရသည်။

“ယနေ့ တိုက်ပွဲသဏ္ဍာန်ဟာ ပြည်သူနဲ့ စစ်အာဏာရှင်များ အကြား ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ပါတယ်။ အချုပ်အခြာ အာဏာရဲ့ မူရင်းပိုင်ရှင်များဟာ ပြည်သူများဖြစ်တဲ့အတွက် အချုပ်အခြားအာဏာကို လုယူတဲ့ စစ်အာဏာရှင်စနစ်ကို ဆုံးခန်းတိုင်သည်အထိ ပြည်သူလူထုတစ်ရပ်လုံးက ညီညီညွတ်ညွတ် ဆန့်ကျင်တိုက်ပွဲ ဝင်သွားကြဖို့ တိုက်တွန်းပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ Pu Zing Cung က ပြောသည်။

SCEF ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ မတ်လ ၃၀ ရက်က ကျင်းပခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အဖွဲ့ဝင်များ၊ရေးရာကော်မတီ၊ဥက္ကဋ္ဌ များနှင့်အတွင်းရေးမှူးများ၊အမျိုသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ တော်လှန်ရေးခေါင်းဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.