Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ – AFTA ကို စတင်ရေးဆွဲနေပြီဟု CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ ကြေညာ

ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ – AFTA ကို စတင်ရေးဆွဲနေပြီဟု CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ ကြေညာ

0
By Editor on February 13, 2025 Headline

(006SV)

စစ်အာဏာရှင်ကို တော်လှန်နေစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသည့် အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးမည့် “ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ” ကို စတင်ပြင်ဆင်ရေးဆွဲနေပြီး လက်ရှိမှာပင် ကျင့်သုံးသွားမည်ဟု တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့က ကြေညာသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့ မှာ တိုင်းရင်းသာားတော်လှန်ရေး အင်အားစု ၉ ဖွဲ့က အချိန်ကိုက် ထုတ်ပြန် ကြေညာလာခြင်းဖြစ်သည်။

အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးမည့် “ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ (AFTA)” ကို စတင်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ စစ်အာဏာရှင်ကို ခုခံတော်လှန်ခြင်း၊ သက်ဆိုင်ရာ ပြည်နယ်များတွင် စတင်အကောင်အထည် ဖော်ခြင်းကို တပြိုက်နက်အတူ ပြုလုပ်သွားမည်ဟု ယင်းထုတ်ပြန်၏ ပြောရေးဆိုခွင့်ရှိသူ နန်းမို့မို့က ပြောသည်။

“စစ်အာဏာရှင်ကို ပုံစံအမျိုးမျိုးနဲ့ တိုက်နေရတယ်။ တဖက်မှာ စစ်အာဏာရှင်ကို တိုက်နေတဲ့အချိန်မှာပဲ ကျမတို့ ပန်းတိုင်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်ဖို့ဖြစ်တဲ့အတွက် တိုက်ရင်းနဲ့ ဖက်ဒရယ်ကို စတင်အကောင်အထည်ဖော် ကျင့်သုံးသွားဖို့ ၊ဒီ AFTA ကို ဒီကာလမှာ ဖက်ဒရယ်ယူနစ်တွေအနေနဲ့က အုပ်ချုပ်မှုကို ဘယ်လိုပုံစံနဲ့ သွားကြမယ်။ တရားရေးကို ဘယ်လိုပုံစံနဲ့ သွားကြမယ်။ ဥပဒေရေးကို ဘယ်လို သွားကြမယ်။ ဒီအာဏာခွဲဝေတာတွေကို ဘယ်လိုပုံစံနဲ့ သွားကြမယ်ဆိုတာ တွေကို အဓိကက လမ်းညွှန်ပေးနိုင်ဖို့ ဒီ AFTA ကို ရေးဆွဲရတာဖြစ်တယ်။ အခု ကျင့်သုံးဖို့ ဖြစ်တယ်။ ကြားကာလမှာ ကျင့်သုံးဖို့ ဖြစ်တယ်။ အဲဒီကနေမှ ဒီ AFTA ကို ဆွဲကိုင်ပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖက်ဒရယ်ကို ရေးဆွဲနိုင်ရေး ဖြစ်တယ်” ဟု နန်းမို့မို့က ပြောသည်။

ယင်းဥပဒေကို အမြန်ဆုံး အပြီးသတ် ရေးဆွဲနိုင်ရေးကို ကြိုးပမ်းမည်ဖြစ်ပြီး အချိန်အတိအကျ မသတ်မှတ်ရသေးကြောင်း၊ AFTA သည် NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) တွင် ရေးဆွဲထားသော ကြားကာလအသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံ၏ အယူအဆကို အခြေခံထားသည်ဟု သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်သွားတော့မည်ဟု ယနေ့ ထုတ်ပြန်ချက်က ဆိုသည်။

အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှု ရှိသော အုပ်ချုပ်ရေးစာတမ်း (Governing Document) အဖြစ် ကျင့်သုံးသွားမည့် ဖက်ဒရယ်အသွင်းကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ Articles of Federal Transitional Arrangements – AFTA ကို စတင်ပြင်ဆင်ရေးဆွဲပြီဟု ကြေညာခြင်းဖြစ်သည်။

တော်လှန်ရေးကာလမှ စတင်၍ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဗဟိုချုပ်ကိုင်မှု စနစ်ကို ပြန်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးသွားမည် မဟုတ်ကြောင်း တိုင်းရင်းသားအင်အားစု ၉ ဖွဲ့က ထုတ်ပြန်သည်။

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး အခြေခံ ချဉ်းကပ်မှုဖြင့်သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက် သွားနိုင်ရေး ကြိုးပမ်းသွားမည်ဟု သိရသည်။

၂၀၂၄ ဇန်နဝါရီလ ၃၁ ရက် ထုတ်ပြန်သည့် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်” တွင် ပိုမိုကျယ်ပြန့်သော အဖွဲ့များ ပါဝင်လာရေးအတွက် ဆက်လက်ဆွေးနွေး ညှိနှိုင်းမှုများကို မြှင့်တင်ဆောင်ရွက်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

ယနေ့ပူးတွဲကြေညာချက်ကို ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB စသဖြင့် တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့ ၉ ဖွဲ့ပါဝင်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.