Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖမ်းဆီးခံလူငယ်များ ပြန်လွှတ်​ပေး​ရေးကိစ္စ စစ်​ကောင်စီက လက်မခံသည့်အတွက် မင်းတပ်ဆွေးနွေးပွဲကြံ့ကြာနေရဟုဆို

ဖမ်းဆီးခံလူငယ်များ ပြန်လွှတ်​ပေး​ရေးကိစ္စ စစ်​ကောင်စီက လက်မခံသည့်အတွက် မင်းတပ်ဆွေးနွေးပွဲကြံ့ကြာနေရဟုဆို

0
By Editor on May 5, 2021 Headline
#Unicode
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အာဏသိမ်းစစ်ကောင်စီများနှင့် Chinland Defense Force – Mindat တို့ ညှိုနှိုင်းဆွေးနွေးမှု ကြံ့ကြာရခြင်းမှာ ဖမ်းဆီးထားသောလူငယ်များ ချွင်းချက်မရှိပြန်လွှတ်ပေးရန်ကိစ္စကို စစ်ကောင်စီဘက်က လက်မခံသည့်တွက်​ကြောင့်ဟု မင်းတပ်မြို့ CDF မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကပြောသည်။
“ကျနော်တို့ အဖမ်းခံရတဲ့လူတွေကိုလွှတ်ပေးဖို့ ကျနော်တို့တောင်းဆိုထာတာ အဲဒါသူတို့ပြန်မလွှတ်သေးဘူး အဲဒါပဲရှိတယ် တောင်းဆိုထားတာတဲ့ထဲမှာ ကျနော်တို့ပြည်သူတွေကို ရန်ရှာပြီးတော့ ဖမ်းဆီးထားလူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုထားတဲ့အရာ ပြန်မလွှတ်သေးဘူး ကျန်တာတော့ သူတို့လိုက်လျောပေးပါတယ် ပြည်သူ (၅) ယောက်ရှိသေးပါတယ် (၅) နဲ့ ပတ်သက်တဲ့ဟာက ညှိနေတယ် ညှိလို့မရဘူးတော့မဟုတ်ဘူး ကျနော်တို့တောင်းဆိုတဲ့အတိုင်းမလိုက်လျောပေးနိုင်တာကတော့ ဥပဒေကို ဗန်းပြထားတဲ့ကိစ္စရှိတာပေါ့” ဟု CDF မင်းတပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုလက်ရှိတွင် မင်းတပ်မြို့ CDF မှတောင်းဆိုထားသည့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့များ စစ်အင်အားပြန်မတိုးချဲ့ရန်၊ အခြားနေရာစစ်အင်အားဖြည့်ဖို့ရန်သွားချင်ပါက မင်းတပ်မြို့ကိုမဖြတ်သန်းရန်၊ လက်ရှိမင်းတပ်မြို့ပေါ်တွင် တပ်ဆွဲထားပြီး ကင်းများချထားသည့် အစိုးရနေရာများမှထွက်ပေးရန်၊ မတရားတိုးချဲ့ထားသည့် တပ်များ မိခင်တပ်ရင်းကိုပြန်လည်ဆုပ်ပေးရေးတို့ကို စစ်ကောင်စီဘက်က သဘောတူထားပြီး လက်ကျန်ဖမ်းဆီးခံ ၅ ဦးပြန်လွှတ်ရေးကိုမူ လက်မခံသေးကြောင်းသိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် မင်းတပ်မြို့တွင် ဆန္ဒပြပြည်သူ ၁၂ ဦးဖမ်းဆီးထားသည့်အနက် ၇ ဦးပြန်လွှတ်ပေးပြီး ကျန် ၅ ဦးကို လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ မင်းတပ်မြို့ CDF အဖွဲ ့ထံတောင်းဆိုထားသော ရဲဘော်များ မြို့ပေါ်တွင် လက်နက်ကိုင်ဆွဲပြီးသွားလာခြင်းမလုပ်ရန်နှင့် ကင်းပုန်းချထားမှုကို နောက်ဆုတ်ပေးရေးတို ့ကို CDF မင်းတပ်မှလည်းသဘောတူထားကြောင်း သိရသည်။
လက်ရှိ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီများမှ အင်အားထပ်တိုးချဲ့ခြင်းများမရှိသော်လည်း မကွေးတိုင်း ကျောက်ထုဘက်မှ အမြှေက်လက်နက်ကြီးများဖြင့် ချိန်ထားမှုရှိနေသေးကြောင်း မင်းတပ် CDF မှတာဝန်ရှိသူကပြောသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် ကတိတည်ဖို့ရန်လိုအပ်ကာ နှစ်ဦးနှစ်ဖက်မှ ကတိမတည်၍ ကတိချိုးဖောက်လာမည်ဆိုပါက ဖြစ်ပျက်လာသည့် ကိစ္စဟူသမျှ ကတိချိုးဖောက်သည့်လူမှ တာဝန်ခံရန်လိုအပ်ကြောင်းသူကဆက်ပြောသည်။
ချင်းပြည်နယ် မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၂၄ ၊ ၂၆၊ ၂၇ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ အနည်းဆုံးအယောက် (၂၀) ခန့်သေဆုံးမှုရှိကြောင်းသိရသည်။
ယခုလက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များ တပ်ပြန်ဆုပ်သွားပြီဖြစ်ပြီး မင်းတပ်မြို့တွင် ပစ်ခတ်မှုမရှိဘဲတည်ငြိမ်နေသေးကြောင်းသိရသည်။
#Zawgyi
By လားႏြန္ – ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမိဳ႕တြင္ အာဏသိမ္းစစ္ေကာင္စီမ်ားႏွင့္ Chinland Defense Force – Mindat တို႔ ညွိဳႏႈိ္င္းေဆြးေႏြးမႈ ၾကံ့ၾကာရျခင္းမွာ ဖမ္းဆီးထားေသာ လူငယ္မ်ားခၽြင္းခ်က္မရွိျပန္လႊတ္ေပးရန္ ကိစၥကို စစ္ေကာင္စီဘက္က လက္မခံသည့္တြက္​ေၾကာင့္ဟု မင္းတပ္ၿမိဳ႕ CDF မွ တာ၀န္႐ွိပုဂိၢဳလ္တစ္ဦးကေျပာသည္။
“က်ေနာ္တို႔ အဖမ္းခံရတဲ့လူေတြကိုလႊတ္ေပးဖို႔ က်ေနာ္တို႔ေတာင္းဆိုထာတာ အဲဒါသူတို႔ျပန္မလႊတ္ေသးဘူး အဲဒါပဲရွိတယ္ ေတာင္းဆိုထားတာတဲ့ထဲမွာ က်ေနာ္တို႔ျပည္သူေတြကို ရန္ရွာၿပီးေတာ့ ဖမ္းဆီးထားလူေတြကို ျပန္လႊတ္ေပးဖို႔ေတာင္းဆိုထားတဲ့အရာ ျပန္မလႊတ္ေသးဘူး က်န္တာေတာ့ သူတို႔လိုက္ေလ်ာေပးပါတယ္ ျပည္သူ (၅) ေယာက္ရွိေသးပါတယ္ (၅) နဲ႔ ပတ္သက္တဲ့ဟာက ညွိေနတယ္ ညွိလို႔မရဘူးေတာ့မဟုတ္ဘူး က်ေနာ္တို႔ေတာင္းဆိုတဲ့အတိုင္းမလိုက္ေလ်ာေပးႏိုင္တာကေတာ့ ဥပေဒကို ဗန္းျပထားတဲ့ကိစၥရွိတာေပါ့” ဟု CDF မင္းတပ္မွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။
ယခုလက္ရွိတြင္ မင္းတပ္ၿမိဳ႕ CDF မွေတာင္းဆိုထားသည့္ အာဏာသိမ္းစစ္ေကာင္စီအဖြဲ႕မ်ား စစ္အင္အားျပန္မတိုးခ်ဲ႕ရန္၊ အျခားေနရာစစ္အင္အားျဖည့္ဖို႔ရန္သြားခ်င္ပါက မင္းတပ္ၿမိဳ႕ကိုမျဖတ္သန္းရန္၊ လက္ရွိမင္းတပ္ၿမိဳ႕ေပၚတြင္ တပ္ဆြဲထားၿပီး ကင္းမ်ားခ်ထားသည့္ အစိုးရေနရာမ်ားမွထြက္ေပးရန္၊ မတရားတိုးခ်ဲ႕ထားသည့္ တပ္မ်ား မိခင္တပ္ရင္းကိုျပန္လည္ဆုပ္ေပးေရးတို႔ကို စစ္ေကာင္စီဘက္က သေဘာတူထားၿပီး လက္က်န္ဖမ္းဆီးခံ ၅ ဦးျပန္လႊတ္ေရးကိုမူ လက္မခံေသးေၾကာင္းသိရသည္။
အာဏာသိမ္းစစ္ေကာင္စီသည္ မင္းတပ္ၿမိဳ႕တြင္ ဆႏၵျပျပည္သူ ၁၂ ဦးဖမ္းဆီးထားသည့္အနက္ ၇ ဦးျပန္လႊတ္ေပးၿပီး က်န္ ၅ ဦးကို လက္နက္ကိုင္ေဆာင္မႈျဖင့္ အမႈဖြင့္ထားျခင္းျဖစ္သည္။
အာဏာသိမ္းစစ္ေကာင္စီအဖြဲ႕မွ မင္းတပ္ၿမိဳ႕ CDF အဖြဲ ့ထံေတာင္းဆိုထားေသာ ရဲေဘာ္မ်ား ၿမိဳ႕ေပၚတြင္ လက္နက္ကိုင္ဆြဲျပီးသြားလာျခင္းမလုပ္ရန္ႏွင့္ ကင္းပုန္းခ်ထားမႈကို ေနာက္ဆုတ္ေပးေရးတို ့ကို CDF မင္းတပ္မွလည္းသေဘာတူထားေၾကာင္း သိရသည္။
လက္ရွိ မင္းတပ္ၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီမ်ားမွ အင္အားထပ္တိုးခ်ဲ႕ျခင္းမ်ားမရွိေသာ္လည္း မေကြးတိုင္း ေက်ာက္ထုဘက္မွ အေႁမွက္လက္နက္ႀကီးမ်ားျဖင့္ ခ်ိန္ထားမႈ႐ွိေနေသးေၾကာင္း မင္းတပ္ CDF မွတာ၀န္ရွိသူကေျပာသည္။
၎ကိစၥႏွင့္ ပတ္သက္ၿပီး ႏွစ္ဦးႏွစ္ဖက္ ကတိတည္ဖို႔ရန္လိုအပ္ကာ ႏွစ္ဦးႏွစ္ဖက္မွ ကတိမတည္၍ ကတိခ်ိဳးေဖာက္လာမည္ဆိုပါက ျဖစ္ပ်က္လာသည့္ ကိစၥဟူသမွ် ကတိခ်ိဳးေဖာက္သည့္လူမွ တာ၀န္ခံရန္လိုအပ္ေၾကာင္းသူကဆက္ေျပာသည္။
ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီႏွင့္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕တို႔ ဧၿပီလ ၂၄ ၊ ၂၆၊ ၂၇ ရက္ေန႔တို႔တြင္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အဆိုပါတိုက္ပြဲတြင္ အာဏာသိမ္းစစ္ေကာင္စီဘက္မွ အနည္းဆံုးအေယာက္ (၂၀) ခန္႔ေသဆံုးမႈရွိေၾကာင္းသိရသည္။
ယခုလက္ရွိအခ်ိန္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ား တပ္ျပန္ဆုပ္သြားၿပီျဖစ္ၿပီး မင္းတပ္ၿမိဳ႕တြင္ ပစ္ခတ္မႈမရွိဘဲတည္ၿငိမ္ေနေသးေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.