Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းတိုက်ပွဲတွင် CDF-Zotung တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၊ ၅ လကြာ ဖလမ်းတိုက်ပွဲအတွင်း CDF-Zotung မှ ကျဆုံးရဲဘော် ၄ ဦးထိရှိလာ
ပုံစာ - ၅ လကြာဖလမ်းတိုက်ပွဲအတွင်း CDF-Zotung မှ ကျဆုံးရဲဘော် ၄ ဦး

ဖလမ်းတိုက်ပွဲတွင် CDF-Zotung တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၊ ၅ လကြာ ဖလမ်းတိုက်ပွဲအတွင်း CDF-Zotung မှ ကျဆုံးရဲဘော် ၄ ဦးထိရှိလာ

0
By Editor on April 15, 2026 Khonumthung

(004SS)

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲတွင် CDF-Zotung မှ ရဲဘော်တစ်ဦး ယမန်နေ့က ကျဆုံးခဲ့ သည်ဟုသိရသည်။

ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖလမ်းမြို့နယ်၊ ခွါန်းလီရွာအနီးတိုက်ပွဲအတွင်း CDF-Zotung တပ်ဖွဲ့ဝင်ဖြစ်သူ ဆလိုင်းတိုးနိုင်အောင် ကျဆုံးခဲ့သည်ဟု CDF-Zotung က ထုတ်ပြန်သည်။

CDF-Zotung တပ်ဖွဲ့သည် ချင်းပြည်နယ် ဖလမ်းမြို့ကိုပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်ဖွဲ့ကို ခုခံတိုက်ခိုက်ရာမှာ အခြားသော ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်လျှက်ရှိသည်။

၅ လခန့်ကြာမြင့်လာပြီဖြစ်သော ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲမှာ CDF-Zotung အနေဖြင့် ရဲဘော် ၄ ဦးအထိ ကျဆုံးခဲ့ရပြီဖြစ်ကြောင်း CDF-Zotung ပြောရေးဆိုခွင့်ရှိသူ Salai Danny ကပြောသည်။

“ အခုကျွန်တော်တို့ ဖလမ်း စစ်ဆင်ရေးမှာ ညီလေး တိုးနိုင်အောင်နဲ့ဆိုရင် CDF-Zotung တပ်ဖွဲ့ကနေ ကျဆုံးရဲဘော် ၄ ယောက်ရှိပြီ။” ဟု Salai Danny က ပြောသည်။

အဆိုပါကျဆုံးရဲဘော် ၄ ဦးမှာ ဆလိုင်းရှားဂေကောသဲ (၂၀၂၅ ဒီဇင်ဘာ ၂၀ ရက်)၊ ဆလိုင်းအောင်လင်းဦး (၂၀၂၅ ဒီဇင်ဘာ ၂၀ ရက်)၊ ဆလိုင်းခင်သွေး (ခ) မာစတာ (၂၀၂၆ မတ်လ ၁၅ ရက်)၊ ဆလိုင်းတိုးနိုင်အောင် (၂၀၂၆ ဧပြီလ ၁၄ ရက်) တို့ ဖြစ်ကြသည်။

ကျဆုံးရဲဘော်များ၏ ပေးဆပ်စွန့်လွှတ်မှုကို အစဉ်အမြဲ လေးစားဂုဏ်ပြုမှတ်တမ်း တင်သွားမည်ဖြစ်ကြောင်းနှင့် မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း CDF-Zotung က ထုတ်ပြန်ထားပါသည်။

ပုံစာ – ၅ လကြာဖလမ်းတိုက်ပွဲအတွင်း CDF-Zotung မှ ကျဆုံးရဲဘော် ၄ ဦး

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.