Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့က စစ်ကောင်စီနောက်ဆုံးလက်ကျန် ခလရ ၂၆၈ ကို ချင်းညီနောင်သိမ်းပိုက်၊ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျှက်ရှိ

ဖလမ်းမြို့က စစ်ကောင်စီနောက်ဆုံးလက်ကျန် ခလရ ၂၆၈ ကို ချင်းညီနောင်သိမ်းပိုက်၊ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျှက်ရှိ

0
By Editor on April 8, 2025 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရ အချက်အချာကျသည့် ဖလမ်းမြို့၏ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ယမန်နေ့က အပြီးသတ်သိမ်းလိုက်ပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလ ၇ ရက်နေ့က စစ်ကောင်စီ၏ ခလရ – ၂၆၈ ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် နယ်မြေ ရှင်းလင်းရေးများ ဆက်တိုက်ဆောင်ရွက်နေကြောင်း CNDF နှင့် ရှေ့တန်းစစ်မြေပြင်က သတင်းရင်းမြစ်များက ပြောသည်။

“ခလရ ၂၆၈ တပ်ကုန်းကို သိမ်းပါပြီ၊ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေရှိတယ်၊ အဲဒီဟာတွေကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်ကပြောသည်။

၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်ရှိ‌နေသေးသော ခလရ – ၂၆၈ တပ်ရင်းကို ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ထားကာ ထိုးစစ်ကာလ ၅ လခန့်ရှိလာချိန်တွင် အပြီးသတ် သိမ်းနိုင်ခြင်းဖြစ်သည်။

ဖလမ်းမြို့သိမ်းနိုင်ရေးသည် ချင်းပြည်မြောက်ပိုင်းတွင် ချင်းတော်လှန်ရေးအဖွဲ့များက ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့တို့၏ မြို့သိမ်းတိုက်ပွဲများအတွက် အချက်အချာ ကျနေပြီး စစ်ကောင်စီအတွက်လည်း ချင်းပြည်မြောက်ပိုင်းကို ဆက်ထိန်း ချုပ်နိုင်ရေးတွင် ဖလမ်းက အရေးပါနေသည်ဟု ချင်းအင်အားစုများက ပြောသည်။

မတ်လ ၁၁ ရက်မှစတင်၍ စစ်ကောင်စီက ဖလမ်းမြို့ကို လက်မလွတ်ရရေးအတွက် နေ့စဉ်နှင့်အမျှ ဂျက်ဖိုက်တာအပါအဝင် Y8၊ Y12 လေယာဉ်နှင့် Mi 35 စသည့် လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးကြဲမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်း၊ စစ်အင်အားများ ရာချီဖြည့်တင်းနေခြင်းကြောင့် မြို့သိမ်းတိုက်ပွဲမှာ အချိန်ကြာမြင့်ပြီး စိန်ခေါ်မှု အခက်အခဲ အများအပြား ရှိခဲ့သည်။

ဖလမ်းမြို့သိမ်းပိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့ဘက်ကတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.