Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့စစ်အစိုးရအုပ်ချုပ်ရေးယန္တရားများ အလျင်အမြန် ပြန်စတင်နိုင်ရေး ဆွေးနွေး

ဖလမ်းမြို့စစ်အစိုးရအုပ်ချုပ်ရေးယန္တရားများ အလျင်အမြန် ပြန်စတင်နိုင်ရေး ဆွေးနွေး

0
By Editor on May 12, 2026 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီး ၂ ပတ်အကြာတွင် အာဏာသိမ်းအသွင်ပြောင်း စစ်အစိုးရသည် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်ရေးနှင့် စစ်ဘေးရှောင်မြို့ခံပြည်သူများ ပြန်လာနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

မေလ ၁၁ ရက်က ဟားခါးမြို့၊ ချင်းပြည်နယ် စစ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာ ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြီး လုပ်ဆောင်လာခြင်းဖြစ်သည်ဟု စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစားများတွင် ရေးသားသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် မြို့ခံပြည်သူ ၄၃၀၀ ခန့်ကိုလည်း ဖလမ်းမြို့သို့ ပြန်အခြေချနိုင်ရေးအပါအဝင် အစိုးရရုံးများ၊ ဆေးရုံး ကျောင်းစသည့်တို့ အလျင်အမြန် ပြန်ဖွင့်နိုင်ရေးတို့ကိုလည်း ချင်းပြည် စစ်အစိုးရအဖွဲ့အစည်းများအကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေးမှာ ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းထားသည့် ဆေးရုံအုပ်ကြီး တစ်ဦးအပါအဝင် လူပုဂ္ဂိလ်များလည်း ရှိနေပြီဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်လိုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို စစ်အစိုးရက ဖိတ်ခေါ်နေကြောင်း သိရသည်။

တဖက်မှာလည်း ကလေးမြို့နယ်ဘက်မှာ စစ်ဘေးရှောင်နေရသော ဖလမ်းမြို့ခံပြည်သူများသည် ကလေး- ဖလမ်းကြားရှိ အာဏာသိမ်းစစ်တပ်၏ စစ်ဆေးရေးဂိတ်များတွင် အဆမတန် ငွေကြေးတောင်းခံမှုများကြောင့် ခရီးစရိတ်များ မြင့်မားနေပြီး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ပြန်သိမ်းပိုက်လိုက်သည့် ဖလမ်းမြို့ကို ပြန်လည်အခြေချရေးနှင့် ပတ်သက်၍ ဒေသခံပြည်သူများအကြား ပြန်လည်နေထိုင်လိုသူများ ရှိနေသကဲ့သို့ မပြန်ရဲသူများလည်း ရှိနေကြောင်း သိရသည်။

ကလေးမြို့နယ်ဘက်တွင် စစ်ဘေးရှောင်နေကြသော စစ်အစိုးရ၏ Non- CDM ဝန်ထမ်းများသည် မေလ ၆ ရက်က ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ဖလမ်းမြို့နယ် ပြန်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်း အစည်းအဝေးကို ချင်းပြည်နယ်စစ်အစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်နှင့် တရားလွှတ်တော်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် ဖလမ်းမြို့မှ စစ်ဘေးရှောင်ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးအတွက် ငွေကျပ် သိန်း ၂၀၀၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ငွေကျပ်သိန်း ၁၀၀ တို့ကို ချင်းပြည်နယ်စစ်အစိုးရအဖွဲ့က ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့ကို အာဏာသိမ်စစ်တပ်၏ အင်အားအလုံးအရင်းဖြင့် ဖြန့်ခွဲ ထိုးစစ်ဆင်မှုများကြောင့် ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများမှ ကလေးငယ် ၃၀၀၀ ကျော်အပါအဝင် ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ဖလမ်းမြို့တိုက်ပွဲများအတွင်း ဖလမ်းမြို့ပြည်သူ့ဆေးရုံးကြီးအပါအဝင် အဆောက်အဦးများ၊ ဒေသခံပြည်သူများ၏ နေအိမ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အများအပြား ထိခိုက်ပျက်စီးလျက် ရှိနေကြောင်း သိရသည်။

ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဟူ၍ ထင်းရှားပြီး စစ်ရေးအချက်အချာကျသော ဖလမ်းမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များသည် စစ်တပ် ထိုးစစ်များကို ၇ လခန့် အပြင်းအထန် ခုခံပြီးနောက် ဧပြီလ ၂၅ ရက်က လက်လွှတ်ခဲ့ရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.