Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်အပါအ၀င် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်အပါအ၀င် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ

0
By Editor on August 14, 2023 Headline

(06SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းကို ချင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ရာမှာ အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

ယနေ့ ဩဂုတ်လ ၁၂ ရက် မနက်ပိုင်း ၁ နာရီမှ ၂ နာရီခွဲအထိ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းကို ချင်းအမျိုးသားတပ်မတော် (CNA/ CNF) ဦးဆောင်သည့် ချင်းမဟာမိတ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဒီမနက် ၁ နာရီ ကနေ ၂နာရီခွဲ လောက်အထိ ဖြစ်တယ်။ CNA/CNF က သွားပစ်တာပါ၊၊ ကျနော်တို့ကိုလည်း အကြောင်းတစ်စုံတစ်ရာမကြားတော့ ကျနော်တို့ဘက်ကလည်း ဘာမှမသိရသေးဘူး။ KKG တစ်ယောက် ကျသွားတယ်လို့ ကြားပါတယ်” ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်းက ပြောသည်။

ထို့နောက် မနက်ပိုင်းမှ နေ့လယ် ၁၂ နာရီအထိ စစ်ကောင်စီသည် ခလရ (၂၆၈) တပ်ရင်းထဲမှ ၁၂၀ မမ၊ ၈၀ မမ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ အများအပြား ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဆွန်တလာကျေးရွာအတွင်း ကျရောက်ပြီး ကလေးငယ်တစ်ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဒဏ်ရာရရှိသူ (၃) ဦးတွင် ၁၀ နှစ်အရွယ်သမီးငယ်မှာ ဦးခေါင်းထိဒဏ်ရာ၊ ၁၈ နှစ်အရွယ်သားဖြစ်သူမှာ ကျောပြင်ထိခိုက်ဒဏ်ရာနှင့် အသက် ၄၀ အရွယ် မိခင်မှာ ခြေထောက်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သည်ဟု CNDF မှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

မနက် ၁၁ နာရီခန့်ကလည်း ဖလမ်းမြို့နယ်၊ ဖလမ်း- ဟားခါးကားလမ်မပေါ်ရှိ ရမ်ထလိုကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့သည်ဟု သိရသည်။

ရမ်ထလိုကျေးရွာမှ ဘုရားကျောင်းအပါအဝင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

ယနေ့ ဖလမ်းမြို့ပေါ်တွင် ဖြစ်ပွားသော တိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိနိုင်ရန် ချင်းအမျိုးသားတပ်ဦး (CNA/CNF) ကို ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် ဆက်သွယ်နေဆဲဖြစ်ပါသည်။

ဓာတ်ပုံ – CHRO/ The Chin Journal

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.