Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွား စစ်ကောင်စီ ၈၀ ကျော်သေဆုံး

ဖလမ်းမြို့နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွား စစ်ကောင်စီ ၈၀ ကျော်သေဆုံး

0
By Editor on February 4, 2022 Khonumthung

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အအထိ တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၈၀ ကျော်သေဆုံးသည်ဟု ဖေဖော်ဝါရီလ ၃ ရက်နေ့က CNDF က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ လဆန်းပိုင်းကစ၍ ဖလမ်းမြို့နယ်ထဲကို စစ်အင်အား ၃၀၀ ခန့်နှင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာမှ CNDF တပ်ဖွဲ့က ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြရာတွင် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံး ၁၂ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်က သေဆုံးသူ ၈၁ ဦးထိရှိခဲ့ပြီး ဒဏ်ရာရရှိသူအနည်းဆုံး ၆၀ ကျော်ရှိခဲ့သည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားကြသည့် အနီးအနား (၈) နေရာခန့်တွင် စစ်ကောင်စီတပ်က အလောင်းများ ပုံထားသည်ကိုတွေ့ရပြီး CNDF မှ (၆၀) မမ၊ (၄၀) မမ နှင့် ကျည်အများအပြား သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း CNDF ဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး မိုင်းရှင်းလင်းစဉ် ဒဏ်ရာရသူတဦးအပါအဝင် တိုက်ပွဲအတွင်း ဒဏ်ရာရသူ စုစုပေါင်း (၈) ဦးအထိရှိခဲ့သည်ဟု CNDF က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.