Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်ခံရမှု ဘုရားကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီး
ပုံစာ - ဇန်နဝါရီ ၁၁ ရက်ညက သီဘွာလ်ဆေးရုံဗုံးကြဲခံရမှု

ဖလမ်းမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်ခံရမှု ဘုရားကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီး

0
By Editor on January 14, 2026 Headline

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လဲန်သဲ (Lente) ကျေးရွာကို ယနေ့ မနက်ပိုင်းက စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ဘုရားကျောင်းနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်က လဲန်သဲကျေးရွာကို ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး RC ဘုရားကျောင်း၊ Revival Baptist Church ဘုရားကျောင်းနှင့် ရွာအနီးဝန်းကျင်းကို ဗုံးများ ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။

“အဲဒီဘက်မှာ စစ်ရေးဖော်ဆောင်တာတော့ မရှိဘူး။ အဲဒီရွာနဲ့ သိပ်တော့ မနီးတဲ့ နေရာ ဝန်းကျင်မှာ ဝေဘူလဘက်က တက်လာတဲ့ စစ်ကြောင်းက ရှိနေတယ်၊၊ အဲဒီရွာမှာ ကျနော်တို့ တပ်ဖွဲ့တွေ တပ်ချထားခြင်းလည်း မရှိဘူး။ ဘာမှလည်း စစ်ရေး မရှိဘူး။ ဒါပေ မယ့် သူတို့အနေနဲ့ ဂျက်ဖိုက်တာနဲ့ ပစ်တယ်လို့ သိရပါတယ်။ RC ဘုရားကျောင်း၊ Revival Baptist Church ဘုရားကျောင်း အနီးဝန်းကျင်မှာ ကျတယ်လို့ သိရပါတယ်” ဟု ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ဘုရားကျောင်း ၂ ကျောင်းနှင့် အနီးဝန်းကျင်ရှိ နေအိမ်တချို့တို့ ထိခိုက်ပျက်စီးမှု ရှိသည်ဟု လတ်တလော သတင်းရရှိထားသော် လည်း အသေးစိတ်အခြေအနေကို မသိရှိရသေးကြောင်း CNO/ CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အခုတလောဆိုရင် သီဘွားဘက် ဆေးရုံးဆိုရင် လေကြောင်းကနေ ချတာပဲ၊၊ ဘာတော်လှန်ရေးတပ်မှ တပ်စွဲထားခြင်း မရှိတဲ့နေရာတွေပါ။ အဓိကက ပြည်သူတွေ အကြောက်တရားရှိအောင် ပြည်သူတွေကို ပစ်မှတ်ထားပြီး ပစ်တယ်လို့ပဲ ယူဆပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

လဲန်သဲကျေးရွာသည် ဖလမ်းမြို့နှင့် ၁၅ မိုင်ဝန်းကွာဝေးသော ကျေးရွာဖြစ်ပြီး ဝေဘူလ- ဖလမ်းကို ချိတ်ဆက်ထားသော လမ်းကြောင်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၁ ရက်ကလည်း ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာနှင့် Sim Dihai ရွာတို့ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ သီးဘွာလ်တိုက်နယ်ဆေးရုံး လုံးဝပျက်စီးသွားပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှု ရှိသည်ဟု သိရသည်။

စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့ကို ဦးတည်၍ သိုင်းငင်း- ဖလမ်း စစ်ကြောင်းနှင့် ဝေဘုလ- ဖလမ်း စစ်ကြောင်းတို့ဖြင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလဆန်းမှ စစ်ကြောင်းထိုးလာရာ ချင်းပူးပေါင်းတပ်မှ ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်ကို MZP နှင့် ZORO က ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ

စစ်ကော်မရှင်ခန့် ချင်းဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ စစ်အရာရှိကြီးများ၊ ဌာနအရာရှိများအပါအဝင် ကုမ္ပဏီအဖွဲ့အစည်းနှင့် လူ ၅၀၀ ကျော်ကို ခြစားသူများအဖြစ် အထူးပစ်မှတ်ထား အရေးယူတော့မည်ဟု CDF – ဟားခါးကြေညာ

မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို စစ်ရာဇဝတ်မှုအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ တီမောမှာ စတင်တရားစွဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.