Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့နယ်မှာ ဖယောင်တိုင်းမီးမှတဆင့် နေအိမ်တစ်လုံး မီးလောင်ပြာကျ၊ ၉ နှစ်ရွယ်ကလေးငယ် သေဆုံး

ဖလမ်းမြို့နယ်မှာ ဖယောင်တိုင်းမီးမှတဆင့် နေအိမ်တစ်လုံး မီးလောင်ပြာကျ၊ ၉ နှစ်ရွယ်ကလေးငယ် သေဆုံး

0
By Editor on August 1, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် လုမ်သဲကျေးရွာတွင် ညီအမ ၃ ဦး ဖယောင်းတိုင်မီးထွန်း၍ စာကြည့်နေစဉ် မတော်တဆ မီးလောင်မှုဖြစ်ပွားကာ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အသက် ၁၁ နှစ်အရွယ် အမဖြစ်သူ ဒါဏ်ရာရရှိခဲ့ကြောင်း ‌ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၉ နှစ်အရွယ် မိုင်ကိမ်းရဲမ်းဆွီးဖြစ်ပြီး ညီမ ၃ ယောက်အနက် အငယ်ဆုံးဖြစ်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက်နေ့ည ၉နာရီဝန်းကျင်တွင် ညီကိုမောင်နှမ ၃ ယောက်အနက် အကြီးဆုံးမှာ ရွာထဲသို့ စာအုပ်ငှားရန်သွားနေစဉ် ညီမ ၂ ယောက်က ကျောင်း၏ ပထမအစမ်းစာမေးပွဲအတွက် ဖယောင်းတိုင်မီးထွန်းကာ စာကြည့်ရင်း အိပ်ငိုက်မိရာကနေ ဖယောင်းတိုင်မီးမှ ပလပ်စတစ်စားပွဲသို့ ကူးစက်ပြီး နေအိမ်တစ်ခုလုံး မီးလောင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် မိဘနှစ်ပါးမှာ တောင်ယာအလုပ်များကြောင့် တောင်ယာသို့ ညအိပ်နေကြသည့်အချိန် ဖြစ်သည်။

ဒေသခံများက မီးလောင်မှုသတင်းသိရှိပြီး ၉:၃၀ နာရီခန့်တွင် ရောက်ရှိလာကြသော်လည်း မီးအလွန်ပြင်းထန်သောကြောင့် မီးမငြိမ်းသတ်နိုင်ခဲ့ကြကြောင်း ကိုယ်တိုင် သွားရောက်ကူညီပေးသူ ဒေသခံအမျိုးသားက ‌ပြောသည်။

“ကျွန်တော်တို့ သိလို့သွားတဲ့အချိန်မှာ ၉ နာရီခွဲလောက်ရှိပြီ။ ရောက်တော့ မီးကတော်တော်ကို လောင်နေပြီ။ အရမ်းပူတယ်။ အိမ်က ထင်းရှူးသားမို့လို့လားမသိဘူး အရမ်းတောက်တာ။ အနားကပ်လို့တောင်မရဘူး။ ကျွန်တော်တို့ မီးတောင်မငြိမ်းနိုင်ပဲ စောင့်ကြည့်ဖို့သာ တတ်နိုင်‌တော့တယ်။ တော်သေးတာက အဲဒီနေ့ လေလဲမတိုက်ဘူး။ နောက် ဘေးအိမ်တွေကို ရေလောင်းထားတော့ မီးကဆက်မကူးတာ၊ တခြားအိမ်ထိခိုက်တာမရှိပါဘူး” ဟု ၎င်းပြောသည်။

မိုင်ကိမ်းရဲမ်းဆွီး၏ အလောင်းကိုမူ ည ၁၁ နာရီခန့်တွင်သာ ရှာဖွေတွေ့ရှိခဲ့ရာ ဦးခေါင်းနှင့် ကိုယ်ထည်အပိုင်းအစများသာ ကျန်ရှိခဲ့သည်ဟု ဒေသခံအမျိုးသားက ပြောသည်။

“ကျွန်တော်တို့ အလောင်းကို ၁၁ နာရီလောက်မှ ရတယ်။ အိမ်ကတော့ဘာမှရစရာမရှိဘူး။ သမီးလေးရဲ့ အလောင်းကလဲ ဦးခေါင်းပိုင်းရယ်၊ သူ့ရဲ့ ကိုယ်ထည်ပိုင်းပဲ ကျန်တယ် တခြားအပိုင်းကတော့ ဘာမှ မကျန်တော့ဘူး။ ဒီနေ့ သဂြိုလ်လိုက်ပါပြီ” ဟု ၎င်းကပြောသည်။

အသက် ၁၁ နှစ်အရွယ် အမဖြစ်သူမှာ မီးလောင်မှုဖြစ်စဉ်အတွင်း ပြတင်း ပေါက်မှ ခုန်ချထွက်ပြေးကာ မျက်နှာ၊ လက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ မီးပူဟပ်ဒါဏ်ရာများ ရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရဘဲ ရွာထဲတွင်သာ ကုသမှုခံယူနေသည်ဟု သိရသည်။

အသက်ဘေးမှလွတ်ခဲ့သူ အမဖြစ်သူ၏ ပြောပြချက်အရ ညီမငယ်သည် မီးစလောင်သည့်အချိန်တွင် အမဖြစ်သူထံ “အမ ပူလွန်းနေပြီ” ဟု အော်ဟစ်ပြောဆိုခဲ့ကြောင်း၊ ထိုအချိန်တွင် အမဖြစ်သူနှင့်အတူ ထရပ်ပြီး လွတ်မြောက်ရန် နည်းလမ်းရှာခဲ့ကြသော်လည်း မီးလောင်မှုပိုမိုပြင်းထန်လာခဲ့ကြောင်း ဆိုသည်။

ထို့နောက် အမဖြစ်သူက ပြတင်းပေါက်မှ ခုန်ချရန် ညီမငယ်အားပြောသော်လည်း ညီမငယ်မှာ ကြောက်ရွံ့၍ ခုန်ချရန် မဝံ့မရဲဖြစ်နေခဲ့တာကြောင့် အမဖြစ်သူက အရင် ခုန်ချပြီး “ညီမလာခုန်၊ အမဖမ်းထားမယ်” ဟု အော်ခေါ်ခဲ့သော်လည်း ညီမငယ်မှာ ခုန်ချမလာဘဲ မီးထဲသို့ လုံးဝပါသွားခဲ့ရခြင်းဟု ပြောဆိုကြောင်း သိရသည်။

ကလေးငယ်၏ အလောင်းကို ယမန်နေ့ နေ့လည်က သဂြိုလ်ခဲ့ကြပြီး လက်ရှိတွင် ၎င်းတို့သည် အမျိုးနေအိမ်တွင် ခေတ္တတည်းခိုနေရပြီး ၎င်းတို့အတွက် ‌နေအိမ်အပြင် နေ့စဉ် စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်လျက်‌ရှိနေပြီး အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းပေးကြရန် လုမ်သဲရွာ တာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.