Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ်အတွင်းရှိ CNF/CNA တပ်စခန်းနှင့် ဂိတ်များ ရုပ်သိမ်းရန် CNO/ CNDF က တောင်းဆို

ဖလမ်းမြို့နယ်အတွင်းရှိ CNF/CNA တပ်စခန်းနှင့် ဂိတ်များ ရုပ်သိမ်းရန် CNO/ CNDF က တောင်းဆို

0
By Editor on August 24, 2023 Headline

(03PT/06SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး CNF/CNA တပ်စခန်းနှင့် ဂိတ်များ ပြန်လည်ရုပ်သိမ်းရန် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) က ဩဂုတ်လ ၁၉ ရက်နေ့စွဲဖြင့် ချင်းအမျိုးသားတပ်ဦး ဥက္ကဌထံ လိပ်မူ၍ တောင်းဆိုလိုက်သည်ဟု သိရသည်။ 

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နယ်‌မြေ ဖလမ်းမြို့ပေါ်တွင် ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၁၂ ရက်နေ့က (CNO/ CNDF) တပ်ဖွဲ့ကို ကြိုတင်အသိပေးအကြောင်းကြားမှုမရှိဘဲ စစ်ဆင်ရေးတစ်ခုဖော်ဆောင်ခဲ့ပြီးနောက်မှာ ယခုကဲ့သို့ တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ 

CNO/CNDF မှ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းက “ကျနော်တို့ မျိုးနွယ်စုကြားထဲမှာ မစည်းလုံနိုင်အောင် လက်နက်တပ်ဆင်ပေးတာတွေ၊ စစ်သင်တန်း ပေးတာတွေ၊ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီးတော့ စခန်းမှာ အားဖြည့်ပေးတာတွေ လုပ်ထားတာတွေက နဂိုက ရှိပြီးသား။ ပြီးတော့ ကျနော်တို့ နယ်ထဲမှာ တပ်စခန်း ဆောက်ထားတာ ရှိတယ်။ ပြီးတော့ ကျနော်တို့ နယ်ထဲမှာ အခွန်ကောက်တာတွေက အစရှိပြီသားပေါ့။ အခုနောက်ဆုံး မှာလည်း မြို့တွင်းအထိ စစ်ဆင်ရေးလုပ်တဲ့အခါမှာ ညှိနှိုင်းတိုင်ပင်တာ မရှိဘူး။ ဖြစ်ပြီးသွားတာမှာလည်း ဘာကြောင့် လုပ်ခဲ့မှန်း စသဖြင့် ဖြေရှင်းချက်လည်း မလုပ်ပဲနဲ့။ အဲဒီတစ်ခုထဲတော့ မဟုတ်ဘူး။ ကျန်တဲ့ အကြောင်းတွေလည်း ရှိနှင့်နေပြီးသာဖြစ်လို့ ဒီကိစ္စကတော့ မရှင်းလို့ မရတော့ဘူးဆိုတဲ့ ကိစ္စကြောင့်မို့ လုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။ 

CNF/ CNA ဥက္ကဌကို ပေးပို့သော စာတွင် CNA နှင့် CNDF တို့အကြား မလိုလားအပ်သော ဖြစ်လာနိုင်သည့် ပဋိပက္ခ များကို ရှောင်ရှားနိုင်ရန် ဖလမ်းမြို့နယ်အတွင်း အခြေချတပ်စွဲထားသော CNA တပ်စခန်းနှင့်ဂိတ်များကို အမြန်ဆုံး ပြန်လည် ရုပ်သိမ်းရန် ညှိနှိုင်းတောင်းဆိုအပ်သည်ဟု ဖော်ပြထားသည်။ 

ဖလမ်းမြို့နယ်အတွင်း ချင်းအမျိုးသားတပ်ဦး၏ တပ်စခန်းနှင့် ဂိတ်များ ၃/၄ ခု ရှိသည်ဟု CNO ထံမှ သိရသည်။

ယင်းတပ်စခန်းနှင့် ဂိတ်နေရာများသည် CNDF စတင်ဖွဲ့စည်းပြီးနောက် စစ်ရေးအရ အရေးမကြီးသောနေရာများဖြစ်၍ စစ်ရေးအရ အရေးကြီးသောနေရာများတွင် CNDF က စစ်ရေးတည်ဆောက်ရမည်ဖြစ်သောကြောင့် ခွင့်ပြုခဲ့သည်ဟု သိရသည်။ 

သို့သော် လက်ရှိ စစ်ရေးလှုပ်ရှားမှုများတွင် ယခင်က နှစ်ဖက်ညှိနှိုင်းထားသော ကြိုတင်အကြောင်းကြား ၊ ညှိညှိ နှိုင်းနှိုင်းနှင့် ဆောင်ရွက်ရမည်ကို ချင်းအမျိုးသားတပ်ဦး CNF/CNA က နယ်ခံအဖွဲ့ဖြစ်သော CNDF တပ်ဖွဲ့ကို ညှိနှိုင်း၊ ပူးပေါင်းမှု မပြုလုပ်ကြောင်း ဆလိုင်းပီတာထန်းက ပြောသည်။ 

“ဒီမှာရှိနေတဲ့ နယ်ခံအဖွဲ့အစည်းက အကြိမ်ကြိမ်ညှိနှိုင်းရဲ့သာနဲ့ ဘာမှ မပြောခဲ့တဲ့အပြင်ကို ပစ်ပြီးတဲ့အချိန်မှာလည်း ဒီလိုတွေ ရှိလို့ ပစ်ရတာပါဆိုတဲ့ ဘာမှကို ရှင်းပြတာမျိုးတွေ မရှိဘဲနဲ့ ချင်းပြည်တစ်ခုလုံးမှာ ငါတို့ သဘောပဲ။ ငါတို့ ကြိုက်သလို လုပ်မယ်ဆိုတဲ့ ပုံစံမျိုး ချိုးလာတဲ့အခါကြတော့ ကျနော်တို့ အနေနဲ့က စစ်သားတွေသော်လည်းကောင်း၊ ပြည်သူတွေသော်လည်းကောင်း အရမ်းကို ခံပြင်းဒေါသထွက်ကြတဲ့အခါကျတော့ နောက်ပိုင်းမှာ ဖလမ်းမြို့နယ်ထဲမှာ အဲလိုမျိုးတွေ မရှိရအောင်လို့ လောလောဆယ်တော့ ဖလမ်းမြို့နယ်ထဲမှာရှိတဲ့ CNA/CNF နဲ့ CNO/ CNDF နဲ့ က ပူးပေါင်းစစ်ဆင်မှုတွေ စစ်ရေးလှုပ်ရှားမှုတွေ အတူတကွ လုပ်တာမျိုးတွေကို ခဏနားထားပြီးတော့မှ အပြန်အလှန် သဘောတူညီချက်နဲ့ စည်းစည်းလုံလုံးနဲ့ ကျနောတို့ အဖြေတစ်ခု ထွက်နိုင်မှ တွဲလုပ်ကြတာ ပိုကောင်းမယ်။ အဲလိုမှ မဟုတ်ရင် ဒီနယ်ထဲမှာ အချင်းအချင်း တွေ့နေကြတယ်ဆိုရင် မကြေလည်မှုတွေကို မရှင်းလင်းနိုင်ခင်မှာ မဖြစ်သင့် တာတွေ မဖြစ်ရအောင်လို့ ဆိုပြီးတော့ကျနော်တို့က တောင်းဆိုရခြင်းဖြစ်ပါတယ်” ဟု ဆလိုင်းပီတာထန်းက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ချင်းအမျိုးသားတပ်ဦးက ဖလမ်းမြို့နယ်ထဲတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပါက ကြိုကြိုတင်တင် ညှိညှိနှိုင်းနှိုင်းနှင့် ပြုလုပ်ပါမည်ဟု ချင်းအမျိုးသားတပ်ဦး ဥက္ကဌက ယခင်က နှစ်ဖက်တွေ့ဆုံမှုများတွင် ကတိပေးထားသည်ဟု ဆလိုင်းပီတာထန်းကဆိုသည်။ 

ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်က ဖလမ်းမြို့အခြေစိုက် ခလရ- ၂၆၈ တပ်ရင်းကို CNA ဦးဆောင်သော ချင်းပူးပေါင်းအဖွဲ့ က တိုက်ခိုက်ရာ စစ်ကောင်စီက ၆ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရရှိပြီး ချင်းပူးပေါင်းတပ်က ၁ ဦး ကျဆုံးခဲ့သည်။

ပွိုင့် – ၅ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ သိမ်းဆည်းရမိခဲ့သည်။ 

ယင်းတိုက်ပွဲကြောင့် စစ်ကောင်စီက ဖလမ်းမြို့မှ ၂၂ မိုင်အကွာက ရမ်ထလိုကျေးရွာကို တိုက်လေယာဉ်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၇ ဦးဒဏ်ရာရရှိပြီး ဘုရားကျောင်းနှင့် အိမ် ၂ လုံးပျက်စီးသည်။ 

CNO/ CNDF အနေဖြင့် ၎င်းတို့တောင်းဆိုချက်များ ပြည့်မီရေးကို အဆင့်ဆင့် လုပ်ဆောင်သွားဖို့ရှိပြီး ပထမအဆင့် နှစ်ဖက်အချင်းချင်းကြား ညှိနှိုင်းတောင်းဆိုမည်၊ ဒုတိယအဆင့် CJDC လမ်းကြောင်းအတိုင်း ဆက်သွားမည်၊ တတိယ လမ်းကြောင်းမှာ ကျန်သော မြို့နယ်များနှင့် ညှိနှိုင်းပြီး ဆက်လုပ်သွားမည်၊ မည်ကဲ့သို့မှ မရမှသာလျှင် နောက်ဆုံးအဖြစ် စစ်ရေးနည်းလမ်းကို ရွေးချယ်ထားသည်ဟု သိရသည်။ 

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO သည် စစ်အာဏာသိမ်းပြီးနောက် ဖလမ်းမြို့နယ်ကို အခြေခံပြီး ပေါ်ပေါက်လာသော ချင်းကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။

စတင်ဖွဲ့စည်းစဉ်က ချင်းအမျိုးသားတပ်ဦး CNA ထံမှလည်း စစ်သင်တန်းအပါအဝင် စစ်ရေးအကူအညီများ ရယူခဲ့သည်။ 

၂၀၂၁ နွေဦးတော်လှန်ရေး စတင်ပေါ်ပေါက်ချိန်တွင် ချင်းပြည်နယ်လုံးဆိုင်ရာ စစ်ရေးလိုအပ်ချက်ကို CNA က ဖြည့်ဆည်းနိုင်ခြင်းမရှိသောကြောင့် ဖလမ်းမြို့နယ်အတွင်းရှိ ချင်းလူမျိုးများနှင့် ဖလမ်းမြို့နယ်မှ အထက်ချင်းတွင်း ဒေသသို့ ရွေ့ပြောင်းနေထိုင်သော ချင်းလူမျိုးက CNDF ကို ၂၀၂၁ ဧပြီတွင် စတင်ဖွဲ့စည်းပြီး တိုက်ပွဲပေါင်း ၁၃၀ ကျော် ဆင်နွှဲထားသည်ဟု CNO က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.