Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ်အတွင်း ပြစ်မှုကျုးလွန်သူ ၁၁ ဦးကို CNO က တရားစီရင်

ဖလမ်းမြို့နယ်အတွင်း ပြစ်မှုကျုးလွန်သူ ၁၁ ဦးကို CNO က တရားစီရင်

0
By Editor on June 16, 2023 Headline

(03PT)

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) တရားရေးဌာနက ဖလမ်းမြို့နယ်တွင် ပြစ်မှုကျူးလွန်သူ ၁၁ ဦးကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေနှင့်အညီ တရားစီရင်ကာ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ (CNO/CNDF) က ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ သက်ငယ် မုဒိမ်းမှု၊ ခိုးမှု၊ အိမ်မီးရှိုမှုနှင့် မိုးယစ်ဆေးဝါးရောင်းဝယ်မှုစသည့် ပြစ်မှုကျူးလွန်သူများကို ပြစ်မှုဆိုင်ရာ ဥပဒေနဲ့အညီ ငွေဒဏ်နှင့် ထောင်ဒဏ် အသီးသီး စီရင်ချမှတ်ခဲ့သည်ဟု CNO တရားရေးဌာနက ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်သည်။

ထိုသို့ တရားစီရင်ရာတွင် ပြစ်မှုကျူးလွန်သူ ၄ ဦးတို့ကို ဒဏ်ငွေရိုက်ပြီး ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးကာ ကျန် ၇ ဦးကိုတော့ ထောင်ဒဏ်တစ်နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် တရားစီရင်ရေးဌာန (CNO-Judiciary Department) အတွင်းရေးမှု Salai Van Sui San က ပြောသည်။

မုဒိမ်းမှုကျင်းလွန်သူ ၂ ဦးအနက် တစ်ဦးကို ပုဒ်မ (၃၇၆) ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ကာ၊ သက်ငယ်မုဒိမ်းမှုကျူးလွန်သော ကျန်တစ်ဦးကို ပုဒ်မ (၃၆၀) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

နေအိမ်မီးရှို့သူ ၃ ဦးကို ပုဒ်မ (၄၆၃) ဖြင့် ထောင်ဒဏ်တစ်နှစ်စီ၊ အကြမ်းဖက်မှုကျူးလွန်သူ တစ်ဦးကိုလည်း ပုဒ်မ (၅၀၆) တို့ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် ၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ CNO ၏ ရဲဌာနမှ တာဝန်ယူပြီး အကျဉ်းထောင်တွင် ထိန်းသိမ်းထားလျက်ရှိကြောင်း သိရသည်။

ခိုးမှုကျူးလွန်သူနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသုံးစွဲသူ ၄ ဦးတို့ကိုတော့ ကျပ်ငွေ ၅ သိန်းနှင့် ၃၅ သိန်း စသည်ဖြင့် အသီးသီး ဒဏ်ကြေးဆောင်ခိုင်းကာ ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု CNO တရားရေးဌာနက ဆိုသည်။

CNO တရားရေးဌာန အတွင်းရေးမှူး Salai Van Sui San က “ဒဏ်ငွေရိုက်တယ်။ ဝန်ခံကတိလုပ်ခိုင်းတယ် နောက်တ စ်ခါ ဒီခိုးမှုနဲ့ပဲ ပြန်ပြီး‌တော့ ဖမ်းမိမယ်ဆိုရင် ကျွန်တော်တို့ ပြန်မလွတ်တော့ဘူး အကျဉ်းထောင်ချမယ်ဆိုတဲ့ ဝန်ခံကတိ ထိုးခိုင်းပြီး ပြန်လွတ်လိုက်တာ” ဟု ပြောသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် တရားစီရင်ရေးလုပ်ငန်းကို CNO ၏ တရားသူကြီးအဖွဲ့နှင့် ရှေ့နေအဖွဲ့တို့မှ ဦးဆောင်ကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလက စတင်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်တွင် ပြစ်မှုဆိုရာ ဥပဒေ ပုဒ်မများနှင့်အတူ တရားစီရင် ပြစ်ဒဏ်ချမှတ်ခြင်းများဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့တရားစီရင်မှုမှာ ဥပမာ သက်ငယ်မုဒိမ်းမှု ကျူးလွန်လိုက်တဲ့သူဆိုရင် ကျူးလွန်တဲ့အကြောင်း စစ်ဆေးချက်တွေလည်း ကျွန်တော်တို့မှာ အခိုင်မာရှိတယ်၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့အခွင့်ရေးအပြည့်အဝပေးတဲ့အနေနဲ့ သူ့အတွက်လည်း ခုခံကာကွယ်ပိုင်ခွင့်ရရှိဖို့ ကျွန်တော်တို့ ရုံးချိန်း ၁၀ ကြိမ်မက ပြန်ခေါ်တယ်ပေါ့နော်၊ အဲ့လိုမျိုးနဲ့ ကျွန်တော်တို့ အပြီးသတ် စီရင်ချက်ချနိုင်တာပေါ့နော်’’ ဟု Salai Van Sui San က ပြောသည်။

ယခုကဲ့သို့ တရားစီရင်ရာတွင် တော်လှန်ရေးရဲဘော်များကိုသော်လည်းကောင်း လိုအပ်သလို စီရင်နိုင်ရန်နှင့် အာဏာရှင်ကို တော်လှန်နေချိန် အာဏာရှင်အုပ်စုပြန်ပြီး မပေါ်ပေါက်စေရန် တရားစီရင်ရေးသည်လည်း အလွန်အရေးပါသည့်အတွက် မြို့နယ်မှတစ်ဆင့် ပြည်နယ်တရားရေးမဏ္ဍိုင်လည်း ပေါ်ပေါက်လာနိုင်ရန်အတွက် ကြိုးစားလုပ်ဆောင်ရာတွင် ထောက်ပံ့ကူညီမှုများလည်း လိုအပ်နေကြောင်း CNO တရားရေးဌာန အတွင်းရေးမှူးက ဆိုပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.