Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ် ပြည်သူ့ကျောင်းများအတွက် စေတနာ့ဝန်ထမ်းများ ခေါ်ယူ
862-07910310 © AWL Images / Masterfile Model Release: Yes Property Release: Yes Myanmar, Chin State, Kempetlet. Teacher and pupils Inside a local primary school (MR) (PR)

ဖလမ်းမြို့နယ် ပြည်သူ့ကျောင်းများအတွက် စေတနာ့ဝန်ထမ်းများ ခေါ်ယူ

0
By Editor on March 15, 2023 Headline

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်း ဖော်ဆောင်လျှက်ရှိကြသော ပြည်သူ့ကျောင်းများအတွက် ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်များရှိနေသည့်အတွက် ချင်းအမျိုးသားအဖွဲ့ချုပ် CNO ပညာရေးဌာနက စေတနာ့ဝန်ထမ်းများ ခေါ်ယူလျက်ရှိသည်။

ဖလမ်းမြို့နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့၏ စိုးမိုးနယ်မြေများတွင် ပြည်သူ့ကျောင်းများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလကစတင်၍ တစ်နှစ်ကျော်ကြာဖွင့်လှစ်လာခဲ့ပြီဖြစ်ကာ ယခုအခါကျောင်းဆရာ၊ ဆရာမလိုအပ်ချက်များရှိနေသည့်အတွက် စေတနာ့ဝန်ထမ်းများကို ဖိတ်ခေါ်ရခြင်းဖြစ်သည်ဟု CNO ပညာရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကတော့ အရင်ကတည်းက ရွာခံ ဆရာ/ဆရာမတွေ မရှိတာရယ် နောက်ပြီးတော့ ရွာမှာရှိတဲ့ လူငယ် ပညာတတ်တဲ့သူ ၁၀ တန်းအောင်ပဲဖြစ်ဖြစ် ဘွဲ့ရတဲ့သူတွေပဲဖြစ်ဖြစ် သူတို့တွေနိုင်ငံခြားကို ထွက်ပြီးတော့ အလုပ်လုပ်ကြတဲ့သူတွေပိုများ လာတယ်တဲ့အခါကြတော့၊ အဲ့မှာ စာသင်ပေးမယ့် ဆရာ/ဆရာမတွေ မရှိဖြစ်သွားတာပါ” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန တာဝန်ရှိသူက ပြောသည်။

ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၃၀ ခန့်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျောင်းများကို ဖွင့်လှစ်နိုင်ခဲ့ကြပြီး သူငယ်တန်းမှ အထက်တန်းကျောင်း (Grade-11) အထိကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ ဘောဂဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် ချင်းတိုင်းရင်းသာစာပေ စသည့်ဘာသာရပ်များဖြင့် သင်ကြာပေးခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါဖွင့်လှစ်ထားသော ကျောင်း ၁၃၀ ခန့်တွင် ကျောင်းသူ/ကျောင်းသား ၈၅၀၀ ကျော်ရှိပြီး ကျောင်းဆရာ/မ ဦးရေ ၅၄၀ ကျော်နေသော်လည်း ကျောင်းသူ/ကျောင်းသားပမဏာနှင့် ယှဉ်ကြည့်ပါက ကွာဟချက်များရှိနေပြီး အနည်းဆုံး ကျောင်းဆရာ/ဆရာမ အယောက် ၅၀ ခန့်လိုအပ်နေကြောင်း CNO ပညာရေးဌာနက တာဝန်ရှိသူက ပြောသည်။

“Volunteer တွေရှာရတာလည်း နည်းနည်းခက်တာကတော့ စားရေးသောက်ရေးက အရမ်းလိုအပ်လာတယ်ပေါ့နော်။ အဲ့ခါကျတော့ ထောက်ပံ့ကြေးတွေ၊ ဘာတွေကလည်း ရွာက လုံလုံလောက်လောက်မပေးနိုင်တဲ့အခါကျတော့၊ ကျွန်မတို့ ဘက်ကနေလည်း လုံလုံလောက်လောက်မပေးနိုင်တဲ့အခါကျတော့ သူတို့ဘက်ကလည်း စေတနာ့ ဝန်ထမ်းလုပ်ဖို့က အရမ်းခက်တယ်ပေါ့နော်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန တာဝန်ရှိသူက ပြောသည်။

စေတနာ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ၊ ဆရာမများကို ချင်းအမျိုးသားအဖွဲ့ချုပ်က ၎င်း၏ လုံခြုံရေး၊ ကျန်းမာရေး၊ နေရာထိုင်ခင်းနှင့် စားရေးသောက်ရေးများကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တစ်ချို့ဒေသများတွင် ထောက်ပံ့ကြေးပေးသွားမှာဖြစ်ပြီး အနည်းဆုံး စာသင်နှစ် တစ်နှစ် သင်ကြားပေးနိုင်ရမည်ဟု ဆိုပါသည်။

ထို့အပြင် ၁၀ တန်းအောင်ပြီး Volunteer ဆရာအဖြင့် လုပ်ချင်သောသူများအတွက် ဆရာဖြစ်သင်တန်းကို မကြာခင် ဖွင့်လှစ်ပေးသွားမည်ဟုလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.