Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ် ဗားလုံးကျေးရွာတွင် ကားအစီး ၁၀၀ ခန့် ၂ ပတ်ကျော်ကြာပိတ်မိပြီ

ဖလမ်းမြို့နယ် ဗားလုံးကျေးရွာတွင် ကားအစီး ၁၀၀ ခန့် ၂ ပတ်ကျော်ကြာပိတ်မိပြီ

0
By Editor on December 12, 2023 Headline

(003PT)

ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်သော ကလေး-သိုင်းငင်းလမ်း ပိတ်ထားမှုကြောင့် ဖလမ်းမြို့နယ် ဗားလုံးကျေးရွာအနီးတွင် ကုန်တင်ကားနှင့် ခရီးသည်တင်ကား အစီး ၁၀၀ ခန့် ၂ ပတ်ကျော်ကြာ ပိတ်မိသောင်တင်နေပြီဟု သိရသည်။

ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ဖလမ်း-ဟားခါးဘက်သို့ဆက်သွယ်သော ကားလမ်းမကြီးကို လုံခြုံရေး အခြေအနေကြောင့် နို၀င်ဘာလ ၂၇ ရက်နေ့ကစ၍ CDF CDM-Siyin တပ်ဖွဲ့က ဖြတ်သန်းသွားလာခွင့်ပိတ်ထားခြင်းဖြစ်ပြီး ဖလမ်း-ဟားခါးဘက်မှ ကလေးမြို့သို့ ဆင်းလာသော ကုန်တင်ကားနှင့် ခရီးသည်တင်ကားအစီး ၁၀၀ ခန့်မှာ ဖလမ်းမြို့နယ် ဗားလုံ၊ နယူးစွမ်ပီးရွာနှင့် တီးတိန်မြို့နယ် ဇောင်ကုန်ကျေးရွာတို့တွင် ပိတ်မိနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

ချင်းတောင်မှ ကလေးမြို့ဘက်သို့ဆင်းမည့် အဆိုပါယာဉ်တန်း ပိတ်မိနေသည်မှာ ၂ ပတ်ကျော်လာပြီဖြစ်၍ ကားသမားများ အစားအသောက်ပိုင်းမှာ အခက်ကြုံနေကြရပြီး ကျေးရွာဒေသခံများက ကျွေးမွေးနေကြရသည်ဟု သိရသည်။

“ကျွန်တော်တို့ ကျေးရွာက လူထုက ကျွေးမွေးတယ်။ ဝတ်တွေသတ်ပြီးပေးတယ်၊ ကြက်ဥတွေပေးတယ် ပြီးတော့ ဆန်တွေလည်းပေးတယ်” ဟု ဗားလုံကျေးရွာခံတစ်ဦးက ပြောသည်။

ကားလမ်းပိတ်ဆို့မှုကြောင့် သောင်တင်နေကြသော ခရီးသွားပြည်သူများမှာ ၎င်းတို့၏ မိသားစု၀င်များက ဆိုင်ကယ်ဖြင့် လာရောက်ခေါ်ယူကာ အိမ်ပြန်လှည့်ခဲ့ကြရသည်ဟု သိရသည်။

ခရီးသည်တင်ကားနှင့် ကိုယ်ပိုင်အိမ်စီးကားများမှာ ဖလမ်းမြို့ဘက်သို့ပြန်လှည့်ကာ ‌ေ၀ဘူလလမ်းမှတဆင့် ကလေးမြို့သို့ ပြန်လှည့်ကြသော်လည်း နတ်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထားခြင်းကြောင့် အခက်ကြုံနေကြရသည်ဟု သိရသည်။

“တစ်ချို့ ခြောက်ဘီးကားတွေက ဝေဘူလမြို့ဖက်ကနေ ပတ်ပြီးသွားကြတယ် အစတော့ နတ်ချောင်းဘက်ကနေ ဝင်လို့ရတယ်၊ ဒါပေမဲ့ အခုတော့ ဝင်လို့မရကြတော့ဘူးလို့ပြောတယ်။ အခုက သုံးပတ်မြောက် ပိတ်မိနေကြတာ” ဟု ဗားလုံးဒေသခံကပြောသည်။

ကလေး-သိုင်းငင်းကားလမ်းကို ဒီဇင်ဘာလ ၉ ရက်နေ့က ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီဟု CDF CDM Siyin က ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့များ ပြည်သူအယောင်ဆောင်ကာ အခွင့်အရေးရယူလိုသည့် အရိပ်အရောင်များရှိလာသည့်အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြန်လည်ပိတ်ပင်ခဲ့ကြသည်။

ယခုကဲ့သို့ ကားလမ်းပိတ်ထားမှုကြောင့် ချင်းပြည်နယ် မြောက်ပိုင်းဒေသတွင် အခြေခံစားကုန်ပစ္စည်းနှင့် လောင်စာဆီများ ပြတ်လပ်လုနီးပါးရှိလာနေပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.