Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာတွင် စစ်ကောင်စီတပ်က လူနေအိမ် ၇ လုံး မီးရှို့

ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာတွင် စစ်ကောင်စီတပ်က လူနေအိမ် ၇ လုံး မီးရှို့

0
By Editor on May 5, 2022 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟားခါး-ဖလမ်းကားလမ်းပေါ်ရှိ ရမ်ထလိုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ယနေ့မေလ ၄ ရက်မှာ လူနေအိမ် ၇ လုံးမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖလမ်းဒေသခံတစ်ဦးကပြောသည်။

“စစ်ကောင်စီတပ်က ဟားခါးဖက်ကနေ ဖလမ်းဖက်ကိုလာလို့ ဖလမ်းနဲ့ဟားခါးကြား ရွာတွေမှာ ဖြစ်တာ။ အခုဒီ နေ့တော့ ရမ်ထလိုကျေးရွာက အိမ် ၇ လုံးတော့ လောင်ပြီးပြီ။ရွာသားတွေက တောထဲရောက်ကုန်ပြီ သူတို့ကို ဆက်သွယ်လို့မရဘူး ဆက်သွယ်မှု ဧရိယာပဖြစ်ကုန်တယ်” ဟု ဖလမ်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီယာဉ်တန်းစစ်ကြောင်းသည် မေလ ၂ ရက်နေ့က ဟားခါးမြို့မှ ဖလမ်းမြို့ဘက်သို့ ထွက်ခွာလာကာ ယမန်နေ့ ညနေပိုင်းက CDF- Hakha တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်မှ ဖလမ်း-ဟားခါး လမ်းမပေါ်ရှိ လူနေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF- Hakha သည် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲဲ့ကို ချွန်ကျုံးကျေးရွာနှင့် ဒုတ်ထစ်ကျေးရွာ ကြားတွင် ကြားဖြတ်တိုက်ခိုက်ကာ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးခဲ့သည်ဟု CDF- Hakha တပ်ဖွဲ့ထံမှသိရသည်။

ဟားခါးမြို့မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းတွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်နှင့် သံချပ်ကား ၂ စီး၊ စစ်ကားအစီး ၂၀ ကျော်ပါဝင်သည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.