Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့နှင့် မှန်တောတိုက်ပွဲများတွင် ဒုတပ်ရင်းမှူးအပါအဝင် ရဲဘော် ၃ ဦး ကျဆုံးဟု CDF – KKG ထုတ်ပြန်

ဖလမ်းမြို့နှင့် မှန်တောတိုက်ပွဲများတွင် ဒုတပ်ရင်းမှူးအပါအဝင် ရဲဘော် ၃ ဦး ကျဆုံးဟု CDF – KKG ထုတ်ပြန်

0
By Editor on February 24, 2026 Khonumthung

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးတိုက်ပွဲများနှင့် ကလေးမြို့နယ်၊ မှန်တောရွာအနီး တိုက်ပွဲများတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့ CDF – KKG မှ ဒုတပ်ရင်းမှူး အပါအဝင် ရဲဘော် ၃ ဦးသည် ယခု ဖေဖော်ဝါရီလအတွင်း ကျဆုံးကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်က ဖလမ်းမြို့နယ် တိုက်ပွဲတွင် CDF – KKG တပ်ရင်း (၇) မှ ဒုတပ်ရင်းမှူး Dal Sian Khai ကျဆုံးရသည်ဟု CDF – KKG တပ်ဖွဲ့က ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်က ထုတ်ပြန်သည်။

CDF – KKG တပ်ရင်း (၇) မှ ရဲဘော် Thian Lal Piang သည်လည်း ဖလမ်းမြို့နယ် တိုက်ပွဲတွင် တိုက်ပွဲဝင်ရင်း ဖေဖော်ဝါရီလ ၂၂ ရက်က ကျဆုံးခဲ့ရသည်ဟု သိရသည်။

CDF – KKG တပ်ရင်း (၄) မှ ရဲဘော် မင်းဇော် (ခ) မွှေးတု သည် စစ်ကိုင်း- ချင်းမကွေးအစပ် ကလေးမြို့နယ်၊ မှန်တောရွာ တိုက်ပွဲတွင် ဖေဖော်ဝါရီလ ၂ ရက်က ကျဆုံးရသည်ဟု သိရသည်။

ယင်းတပ်ဖွဲ့ဝင်တို့သည် စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းပြီး စစ်အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကျဆုံးခြင်းဖြစ်ပြီး တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုအပေါ် CDF – KKG မှ အထူးလေးစား ဂုဏ်ပြုပါကြောင်း နှင့် ကျန်ရစ်သူ မိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်များသည် ကလေး – ဖလမ်း လမ်းကြောင်း စိုးမိုးနိုင်ရေးအတွက် တပ်မ ၇၇ လက်အောက်ခံတပ်ရင်း ၉ ရင်းဖြင့် အင်အားထောင်ချီအသုံးပြုပြီး ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေမှုကို CDF – KKG အပါအဝင် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များနှင့် CNDF ပူးပေါင်းတပ်တို့သည် လေးလကြားခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာနှင့် Y – 12 တို့ဖြင့် လေကြောင်းပစ်ကူဗုံး အကြိမ်ပေါင်း တစ်ထောင်ကျော် အသုံးပြုနေပြီး အသေခံဒရုန်းအပါအဝင် ဒရုန်းများကိုလည်း အဓိက အသုံးပြုနေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ အရာရှိများအပါအဝင် ထိခိုက်သေဆုံးမှု များပြားသကဲ့သို့ ချင်းပူးပေါင်းတပ်ဖွဲ့မှလည်း ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.