Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ပေါ်က ပြည်သူအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြရ
ပုံစာ - ဖလမ်းမြို့မှ အခြားနေရာသို့ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြသည့်မြင်ကွင်း

ဖလမ်းမြို့ပေါ်က ပြည်သူအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြရ

0
By Editor on November 7, 2024 Headline

(002MG)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ CNDF တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်နေပြည်သူ (၉၀) ရာခိုင်နှုန်းခန့်မှာ မြို့ကိုစွန်ခွါ၍ ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည်ဟု သိရသည်။

ဖလမ်းမြို့ပေါ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့ကစ၍ ၂၇ ရက်နေ့အထိ ၃ ရက်ခန့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားအနည်းဆုံး ၄ ဦးဒဏ်ရာရရှိကာ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့သည်။

ယခုလက်ရှိ ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသည့်အတွက် မြို့ခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသောကြောင့် မြို့လူဦးရေ၏ ၉၀ ရာခိုင် နှုန်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖလမ်းမြို့ဒေသ ခံတစ်ဦးကပြောသည်။

“မြို့ထဲမှာ တော်တော်လေးနည်းသွားပြီးမရှိသလောက်ဖြစ်နေကြပြီ။ (၉၀) ရာခိုင်နှုန်း တော့ထွက်သွားပြီ ၊အခြေအနေတွေက ဘာမှ ခန့်မှန်းလို့မရတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် အတွင်းအပြင်စိုးရိမ်နေရတယ်၊ အတွင်းက စစ်တပ်ဖက်က ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့လူ ပစ်ခတ်တဲ့အခါကျတော့မနေရဲတာနဲ့ အပြင်ကလူတွေလည်း ဝင်ရင် ကြောက်နေရတယ်လေ၊ မြို့ထဲမှာက ညအိပ်ရင်တောင် နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရဘူးလေ။ စစ်ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာ ဘယ်သူမှ မသိဘူးလေ စိုးရမ်နေရတာ” ဟု ဖလမ်းမြို့မှ ကျေးရွာဘက်သို့ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင်ကြသည့် ဖလမ်းမြို့ပေါ်တွင် ဒေသခံပြည်သူအများစုသည် ဖလမ်းမြို့အနီးအနား ကျေးရွာများ၊ ဟားခါးမြို့၊ ကလေး၊ ရန်ကုန်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိ ဖလမ်းမြို့မှာ ပြည်သူအနည်းစုမှာ နေအိမ်ကြည့်ရှုရန်အတွက်သာ ကျန်ခဲ့ကြသူများဖြစ်သည်ဟု သိရသည်။

ဖလမ်းမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေသော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF တပ်ဖွဲ့သည် ချင်းညီနောင်၏ စစ်ရေးဦးဆောင်မှုနှင့်အတူ ဖလမ်းမြို့ပြန်လည်ရရှိရေးအတွက် Mission Jerusalem(MJ) စစ်ဆင်ရေးကို ဖော်ဆောင်နေပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2026

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

November 6, 2026

စိတ်ဝေဒနာ ခံစားရမှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အိမ်အောက်တွင် သီးခြားနေထိုင်ခိုင်းသည့် ချင်းလူငယ်တစ်ဦး အသိစိတ်ပြန်ဝင်လာပြီး စကားစပြောလာ

November 6, 2026

သဒ္ဒါနှင့် စာလုံးပေါင်း မှန်ကန်စေရန် ကူညီပေးမည့် ‘WriteInChin’ အက်ပ် စတင်အသုံးပြုနိုင်

November 5, 2026

ဇိုတုန်ဒေသမှာ အသိပေးညှိနှိုင်းခြင်းမရှိဘဲ မည်သည့်လုပ်ငန်းကိုမဆို မပြုလုပ်ရန်နှင့် ဇိုတုန်ဒေသန္တရအစိုးရ၏ စီမံခန့်ခွဲမှုကို မစွက်ဖက်ရန် အသိပေးထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.