Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ပေါ်က CDM ဝန်ထမ်း အမျိုးသမီး ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ဖလမ်းမြို့ပေါ်က CDM ဝန်ထမ်း အမျိုးသမီး ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

0
By Editor on January 27, 2022 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် ဇန်နဝါရီလ ၂၅ ရက် ယမန်နေ့က Civil Disobedience Movement- CDM ဝန်ထမ်း အမျိုးသမီး ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ နေအိမ်အသီးသီးတွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ဖလမ်းမြို့ ရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရသည်။

“ကျွန်တော်တို့ဖက်က သိသလောက်တော့ ၇ ယောက်၊ ကြားရသလောက်တော့ ပါတီနိုင်ငံရေးကင်းစင်ကြောင်း မေးမြန်းပြီးရင် ပြန်လွတ်မယ်လို့ကြားတယ်။ ဒါပေမယ့် ဘာမှတိတိကျကျ မသိရသေးဘူး။ တွေ့လို့မရဘူး။ စစ်ဆေးမေးမြန်းနေတုန်းဆိုတော့” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

အဖမ်းခံရသည့်အမျိုးသမီး ၇ ဦးတို့မှာ ပညာရေးဌာနက ၄ ဦးနှင့် ကျန်းမာရေး၊ ဆည်မြောင်း၊ ဆက်သွယ်ရေးဌာနက ဝန်ထမ်းများဟု သိရသည်။

၎င်းတို့အား စစ်ကောင်စီတပ်ဖွဲ့က မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို အတိအကျမသိရသော်လည်း CDM လှုပ်ရှားမှုတွင်ပါဝင်သည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ဖလမ်းဒေသခံက ပြောသည်။

ဖလမ်းမြို့တွင် အစိုးရဌာနအလိုက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းဦးရေ ၃၀၀၀ ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.