Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် CNDF ပူးပေါင်းတပ်ကြား ၂ နာရီကျော် တိုက်ပွဲဖြစ်ပွား

ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် CNDF ပူးပေါင်းတပ်ကြား ၂ နာရီကျော် တိုက်ပွဲဖြစ်ပွား

0
By Editor on October 25, 2024 Khonumthung

|| တိုက်ပွဲအတွင်း ဒေသခံ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် ခလရ – ၂၆၈ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CNDF ပူးပေါင်းတပ်တို့ကြား ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဒေသခံအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၂၅ ရက် မနက် ၉ နာရီခန့်တွင် ဖလမ်းမြို့ပေါ် အထက – ၁ တွင် တပ်စွဲရန်အတွက် ခလရ – ၂၆၈ မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် CNDF ၊ ချင်းပူးပေါင်းတပ်တို့ ၂ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်ဖက်ထိတွေ့မှုရှိတယ်။ အချိန်ကတော့ ၂ နာရီ၊ ၃ နာရီဝန်းကျင်ကြာတယ်။ ကျနော်တို့ဘက်က ဘာမှ ထိခိုက်မှုမရှိပါဘူး။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ မိုးက အတော်အုပ်ဆိုင်းနေတော့ သူတို့ဘက်က အခြေအနေကိုက စုံစမ်းဆဲပါပဲ။ ပြည်သူဘက်က သက်လတ်ပိုင်းအမျိုးသမီး ၁ ယောက်တော့ ဒဏ်ရာရတယ်လို့ ကြားတယ်။ ထိတွေ့မှုကြောင့် ကျည်ဆန်ထိတာပေါ့လေ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိစစ်ရေးအခြေအနေမှာ ပြန်လည်ငြိမ်သွားပြီး အထက – ၁ တွင် တပ်စွဲရန်လာသော စစ်ကောင်စီ တပ်သည် ခြေကုတ်မယူနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ပြင်ဆင်ဆောင်ရွက်နေသည့်ကာလဖြစ်သောကြောင့် ဖလမ်းမြို့ပေါ်တွင် ထိတွေ့တိုက်ပွများ မကြာခဏဖြစ်ပွားနေကြောင်း ဆလိုင်းတင်မီက ပြောသည်။

စစ်ကောင်စီတပ်သည် ဖလမ်းမြို့ပေါ်တွင် ခလရ – ၂၆၈ တပ်ကုန်းတွင်သာမက မြို့ပေါ်ကနေရာများတွင် တပ်ဖွဲ့ဝင် ၂၀ ခန့်၊ ၃၀ ခန့်တွင် တပ်စွဲနေရာယူ၊ ဖြန့်ကျက်ထားမှုများ ပိုမိုပြုလုပ်လာနေကြောင်း ဆလိုင်းတင်မီက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.