Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့မှာ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံး

ဖလမ်းမြို့မှာ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံး

0
By Editor on October 29, 2024 Khonumthung

(002MG)

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်က စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက “စစ်တပ်ဖက်က စနှိုက်ပါပစ်တာ သူ့အိမ်မှာပဲထိတာ။ သူကတော့ ဆေးရုံမှာပဲဆုံးသွားတယ်၊ အဆုတ်ပွင့်ထွက်တယ် ဆေးရုံမှာပဲ ကျည်လည်းပြန်ထုတ်တယ်၊ စနှိုက်ပါကျည်ဖြစ်တယ်၊ အဲ့တာကြောင့် စနှိုက်ပါအနေနဲ့ တမင်တကာပစ်တဲ့ပုံစံပဲ လက်နက်ကြီးထိလို့ ကျည်မှန်လို့ဆိုတာက အများကြည့်ကောင်းအောင် ပြောတာလောက်ပဲရှိတာ” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာ Van Cer Cin ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် CDM ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် မူလတန်းပြကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဟု သိရသည်။

ဖလမ်းမြို့တွင် အောက်တိုဘာလ ၂၅ ရက်ကစ၍ စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုလက်ရှိတွင် ဖလမ်းမြို့ခံအများစုမှာ မြို့ကိုစွန်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

“တော်တော်လေးတိမ်းရှောင်ကြတယ်၊ ဖလမ်းမှာ လူနည်းသွားပြီ၊တတ်နိုင်တဲ့သူ တွေသွားကုန်ကြပြီ ခန့်မှန်းတာတော့ (၃) ပုံ (၁) ပုံလောက်ပဲရှိတော့မယ်၊ ဆိုင်တွေလည်း မဖွင့်တော့ဘူး၊ ခြောက်ကပ်နေတာပဲ အခုချိန်ဘာမှ မရှိတော့ဘူး။ ဒီနေ့တော့ မဘာမှမဖြစ်ဘူး ညနေပိုင်းတော့ဘယ် လိုနေမလဲ မသိနိုင်ဘူး” ဟု ဖလမ်းဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ခလရ – ၂၆၈ တပ်ကုန်းတွင်သာမက ဖလမ်းမြို့ထဲမှာ တပ်ဖွဲ့ဝင် ၂၀ / ၃၀ ခန့်ဖြင့် ဖြန့်ကျက်တပ်စွဲနေရာယူထားကြပြီး စစ်ရေးတင်းမာလျှက်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.