Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့မှာ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲ

ဖလမ်းမြို့မှာ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲ

0
By Editor on November 11, 2024 Headline

ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းညီနောင်တပ်ဖွဲ့များက မြို့သိမ်းစစ်ဆင်ရေး ဆက်လက်ဖော်ဆောင်နေပြီး ယနေ့မှာလည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိနေသည်ဟု သိရသည်။

ဖလမ်းမြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ချင်းညီနောင်တပ်ဖွဲ့များအကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအပြင် လက်နက်ကြီးများဖြင့် အပြင်းအထန်ခုခံနေသည်ဟု မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် အကြမ် ၂၀ ခန့်ဗုံးကြဲခဲ့သည့်အပြင် ယနေ့မှာလည်း တိုက်လေယာဉ်ဖြင့် အနည်းဆုံး ၃ ကြိမ်ခန့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတွင် ဖလမ်းမြို့ပေါ်တွင် ဒေသခံပြည်သူအနည်းကျဉ်းသာကျန်တော့ပြီး ၉၀ ရာခိုင်နှုန်းကျော်ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေသည့်အတွက် မြေပြင်အခြေအနေကို အသေးစိတ် စုံစမ်းမေးမြန်း၍ မရသေးပေ။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF တပ်ဖွဲ့သည် ချင်းညီနောင်၏ စစ်ရေးဦးဆောင်မှုနှင့်အတူ ဖလမ်းမြို့ သိမ်းပိုက်နိုင်ရေးအတွက် Mission Jerusalem (MJ) စစ်ဆင်ရေးကို ဖော်ဆောင်နေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးပေ။

အလားတူ ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့မှာလည်း ချင်းညီနောင်က မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေပြီး နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ယနေ့ချိန်ထိ တိုက်ပွဲများပြင်းထန်နေသည်။

စစ်ကောင်စီဘက်က ထုံစံအတိုင်း လေကြောင်းတိုက်ခိုက်မှုလည်း အပြင်းအထန် ပြုလုပ်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.