Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ CDF – မင်းတပ်နှင့် PDF – Zoland က ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုရှိ

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ CDF – မင်းတပ်နှင့် PDF – Zoland က ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုရှိ

0
By Editor on February 24, 2025 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် ယခုတပတ်တိုက်ပွဲများအတွင်း CDF – မင်းတပ်မှ ရဲဘော် ၁ ဦးနှင့် PDF – Zoland မှ ရဲဘော် ၁ ဦးတို့ ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးသည် လက်ရှိတွင် သုံးလကျော် ရှိလာပြီး မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားကာ နောက်ဆုံး ကျန်ရှိသည့် ခလရ – ၂၆၈ တပ်ကုန်းကို သိမ်းနိုင်ရန် ထိုးစစ်ဆင်နေချိန်မှာ ချင်းရဲဘော်တချို့ ထိခိုက်သေဆုံးမှုများ ထပ်မံ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဖလမ်းကတော့ လေကြောင်းပစ်ခတ်မှုတွေက နေ့တိုင်းရှိတယ်။ တိုက်ပွဲကလည်း ပြင်းထန်တဲ့အခြေအနေမှာ ရှိပါတယ်။ ရဲဘော်ကျဆုံးတွေက‌တော့ ဟုတ်ပါတယ်။ စစ်ပွဲဆိုတာကတော့ အဲလိုပါပဲ ရှိပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

CDF – မင်းတပ်၊ တပ်ရင်း ၆ က တပ်စုမှူး ဆလိုင်းလိန်းထန်းကီးသည် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းတိုက်ခိုက်နေရာ ဖေဖော်ဝါရီလ ၂၁ ရက်က စစ်ကောင်စီ၏ စနိုက်ပါကျည်ထိမှန်ပြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ကျဆုံးသွားသည့် ဆလိုင်းလိန်းထိန်းကီး၏ ရုပ်အလောင်းကို ဇာတိမင်းတပ်မြို့သို့ ပြန်လည်သယ်ယူရန် ခက်ခဲသောကြောင့် ဖလမ်းမြို့နယ် တနေရာမှာ သဂြိုလ်မည်ဟု သိရသည်။

တိုက်ပွဲအတွင်း နောက်ထပ်ရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရာတချို့ ရရှိပြီး ဆေးကုသနေရသည်ဟု သိရသည်။

PDF- Zoland မှ ရဲဘော်တဦးဖြစ်သည့် Lian Hau Sum သည်လည်း ဖလမ်းမြို့ကို အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင် နေမှုအတွင်း ယခုရက်ပိုင်းမှာ ကျဆုံးသွားသည်ဟု PDF – Zoland မှ တာဝန်ရှိသူများက ပြောသည်။

PDF- Zoland မှ ရဲဘော်တဦးကျဆုံးမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှု ပြုလုပ်ပြီးမှသာ အသေးစိတ်ဖြေဆိုနိုင်မည်ဟု ၎င်းကပြောဆိုသည်။

ဖလမ်းမြို့ မကျစေရန် စစ်ကောင်စီသည် ဇန်နဝါရီလက ရဟတ်ယာဉ်ဖြင့် နောက်ဆုံးကျန်ရှိနေသော ခလရ – ၂၆၈ တပ်ကုန်းကို စစ်ကူအင်အား ပေးပို့ထားပြီး လေကြောင်းပစ်ကူအများအပြားဖြင့် ခုခံနေကြောင်း၊ စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ် နှစ်ဖက် စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိနေသည်ဟု သိရသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိကြီးများအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီး ရမိထားပြီး နိုင်ငံတကာဥပဒေများအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု CNDF က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖလမ်းမြို့က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ တပ်ရင်းကို အပြီးသတ်သိမ်းနိုင်ရေး ချင်းတော် လှန်ရေးပူးပေါင်းတပ်များ ဆက်လက်တိုးစစ်ဆင်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.