Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် အကြီးအကျယ်တိုက်ခိုက်၊ တစ်ရက်တည်း လေကြောင်း ဗုံးကြဲမှု ၁၆၀ နီးပါးပြုလုပ်

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် အကြီးအကျယ်တိုက်ခိုက်၊ တစ်ရက်တည်း လေကြောင်း ဗုံးကြဲမှု ၁၆၀ နီးပါးပြုလုပ်

0
By Editor on March 20, 2025 Khonumthung

(004SS)

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ဂျက်လေယာဉ်အပါအဝင် လေယာဉ်မျိုးစုံဖြင့် အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်နေပြီး တစ်ရက်တည်းတွင်ပင် လေကြောင်းဗုံးကြဲ မှု ၁၆၀ နီးပါး ပြုလုပ်ကြောင်း သိရသည်။

မတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ဖလမ်းလူငယ်များဦးဆောင်ကာ ကျင်းပပြုလုပ်သော ဖလမ်းမြို့အတွက် ရန်ပုံငွေရှာဖွေပွဲတွင် CNO/CNDF Defense Secretary, Mai Olivia Thawng Luai က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက နေ့စဉ်နှင့်အမျှ ဂျက်ဖိုက်တာအပါအဝင် Y12 လေယာဉ်နှင့် Mi 35 စသည့် လေယာဉ် များဖြင့် အကြီးအကျယ် ဗုံးကြဲမှုများ ပြုလုပ်နေသည်ဟု သူမကပြောသည်။

“ စကစက လေကြောင်းကနေ ဒီလောက် တိုက်ခိုက်ရအောင် ဖလမ်းမှာ ဘာအဖိုးတန်ပစ္စည်းများ ထွက်လို့လဲလို့တောင် တွေးနေရတယ်။ တစ်ခါတစ်လေဆို ဂျက်လေယာဉ် ၂ စင်းက လှည့်ပါတ်ပြီးပျံသန်းနေတယ် နောက် Y-12 ၂ စင်းကလာကူ ပစ်ပေးသေးတာ။ အဲလို လေယာဉ် ၄၊၅ စင်းလောက်က လှည့်ပါတ်ပျံသန်းပြီးတိုက်ခိုက်တယ်၊ တစ်ခါတစ်လေဆို ဖလမ်းမြို့ ပေါ်မှာ သူတို့လေယာဉ်တွေ အသွားအပြန်လုပ်တာများလွန်းလို့ သူတို့ဟာသူတို့များ တိုက်မိကြတော့မလားလို့တောင် ထင်ရတယ်။ ဒီတစ်ခေါက်တော့ လေကြောင်းနဲ့ အတော်ကို ချတာ” ဟု CNO/CNDF Defense Secretary က ပြောသည်။

မတ်လ ဒုတိယပတ်တွင် စစ်ကောင်စီတပ်သည် ခလရ – ၂၆၈ တပ်ရင်းအနီးက စစ်ရေးအရ အရေးပါသော စခန်းကုန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်ကာ ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မတ်လ ၁၅ ရက်နေ့တစ်ရက်တည်းတွင်ပင် လေကြောင်း ဗုံးကြဲမှု ၁၅၈ ကြိမ်ပြုလုပ် ကြောင်း သိရသည်။

“သူတို့က ကျွန်မတို့ (တော်လှန်ရေးသမား) ရှိမယ်လို့ ယူဆတဲ့နေရာတွေကို ရမ်းသမ်းပစ်တာ။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ဆို ကျွန်မတို့ ဗုံးကြဲတဲ့ အကြိမ်ရေတွက်တာ။ ဉပမာ Y12 က ဘယ်အချိန်မှာ ဗုံးဆက်တိုက် ၅ ကြိမ်၊ ၃ ကြိမ်၊ တစ်ခါ တစ်လေ ၉ ကြိမ်ကြဲတာ အဲလို ရေတွက်တာ။ အဲဒီနေ့မနက် ၁ နာရီ ၁၅ မိနစ်ကနေ ရေတွက်တာ ည ၁၀ နာရီ ၉ မိနစ် အထိကို ၁၅၈ ကြိမ်ချတာ။ အဲမှာ Y-12 နဲ့ ၁၂၀ ကျော်‌ေလာက်ကြဲတယ်၊ ဂျက်ဖိုက်တာနဲ့ ၂၄ ကြိမ်၊ နောက် Mi 35 နဲ့ ဗုံးအကြီးကြီးတွေ ၈ ကြိမ်ကြဲပြီးတော့ အော်တိုစက်သေနတ်တွေနဲ့လဲ ပစ်တာတွေရှိတယ်” ဟု CNO/CNDF Defense Secretary, Mai Olivia Thawng Luai ကပြောသည်။

၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ စတင်ကာ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်ရှိ‌နေသေးသော ခလရ – ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ကာ တိုက်ခိုက်လျက်ရှိသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသူများရှိသည့်အပြင် စစ်သုံ့ပန်များအဖြစ် ဖမ်းဆီးခံရသူများနှင့် တိုက်ပွဲအတွင်းအကျအဆုံးများကြောင်း သိရပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကလည်း ကျဆုံးမှုတချို့ရှိ ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရိခေါဒါရ်မြို့က ဘိန်းဖြူဖမ်းဆီးရမိသော မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီး

အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.