Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့သို့ ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စကစ ၃ ဦးခန့် သေဆုံးဟု ဆို

ဖလမ်းမြို့သို့ ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စကစ ၃ ဦးခန့် သေဆုံးဟု ဆို

0
By Editor on February 25, 2022 Headline

ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဆက်သွယ်သောလမ်းအတိုင်း ခြေလျင်တက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲဲ့ဲ့က ၂ ကြိမ်မိုင်း ဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ယောက်သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့ ၁၁ နာရီဝန်ကျင်းခန့်က တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာမှ ဖလမ်းမြို့ဘက်သို့ ခြေလျင်ဖြင့်တက်လာ သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Zawngkong ရွာအနီးတွင် PDF-Zoland နှင့် CDM-Siyin ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနေ့က သိုင်းငင်းဖက်ကနေ ဖလမ်းဖက်ကို ခြေလျင်နဲ့ ချီတက်နေတဲ့အဖွဲ့ကို အဝေးကနေမိုင်းဆွဲလိုက်တယ်။ ၃ ယာက်လောက်ကတော့ ကောင်းကောင်းထိတယ်။ အထူးသဖြင့် ကျွန်တော်တို့က မိုင်းနဲ့တိုက်ခိုက်လိုက်တာ။ အဲ့မှာတော့ မိုးချုပ်တဲ့အထိရှိတယ် ပြီးမှရွေ့တယ်သူတို့က ဖလမ်းဖက်ကိုဦးတည်နေတယ်၊” ဟု PDF-Zoland မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ညနေပိုင်း ၄ နာရီကျော်ကျော်ခန့်တွင်လည်း ရိက္ခာနှင့် စစ်သားများတင်ဆောင်လာသည့် စစ်ယာဉ်တန်း ၁၈ စီးကို ပူးပေါင်းတပ်ဖွဲ့မှ ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြပြီး စစ်ကားတစ်စီးမှာအတော်လေးပျက်စီးသွားသည်ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ယာဉ်တန်းကို အနီးကပ် တိုက်ခိုက်ရန် ခက်ခဲမှုရှိသည့်အပြင် ယခုရက်ပိုင်းအတွင်း ယင်းလမ်းကြောင်း တွင် ခရီးသွားလာမှုမရှိကြသည့်အတွက် မိုင်းဆွဲတိုက်ခိုက်ကြခြင်းဖြစ်သည်ဟု PDF-Zoland ပြောရေး ဆိုခွင့်ရှိသူကပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့မှ စစ်ကား ၂၃ စီးဖြင့် ကလေမြို့သို့ ဆင်းလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို PDF-Zoland/ CDM-Siyin ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း အလောင်းကောက်ယူ၍ မရအောင် တစစီကျေမွသေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.