Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့အုပ်ချုပ်ရေး ပြန်လည်ပတ်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ဗိုလ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံး

ဖလမ်းမြို့အုပ်ချုပ်ရေး ပြန်လည်ပတ်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ဗိုလ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံး

0
By Editor on May 7, 2026 Khonumthung

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းများ ခေါ်ဆောင်လာသည့် စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

ယမန်နေ့ မေလ ၆ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် Non- CDM ဝန်ထမ်းများကို စစ်တပ်က စစ်ယာဉ်တန်းဖြင့် ဖလမ်းမြို့သို့ ပို့ဆောင်လာစဉ် ကလေး- သိုင်းငင်းလမ်းပိုင်းမှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF- CDM Siyim မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။

တိုက်ခိုက်မှုအတွင်း စစ်တပ်မှ ဗိုလ်ကြီး၁ ဦးနှင့် ဗိုလ် ၁ဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက်ငယ်တချို့နှင့် ဖောကားတစ်စီး သိမ်းဆည်းရမိသည်ဟု သိရဿည်။

ချင်းတော်လှန်ရေးအင်အားစုများသည် ဖလမ်းမြို့ကို တစ်နှစ်ကြာ သိမ်းပိုက် ထိန်းချုပ်ထားပြီးနောက် စစ်တပ်၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ပြီးခဲ့သော ဧပြီလ ၂၅ ရက်က ချင်းပူးပေါင်းတပ်တို့ ဖလမ်းမြို့မှ ပြန်လည်ဆုတ်ခွာခဲ့သည်။

ဖလမ်းမြို့ သိမ်းပြီး ၂ ပတ်အကြာတွင် ကလေးမြို့မှာ နေထိုင်ကြသော ဖလမ်းမြို့မှ Non-CDM ဝန်ထမ်း ၁၀၀ ကျော်သည် ယမန်နေ့ မေလ ၆ ရက် မနက်ပိုင်းက စစ်ယာဉ်တန်း အစောင့်အရှောက်နှင့် ကား၊ ဆိုင်ကယ်များဖြင့် ကလေး-သိုင်းငင်း လမ်းမကြီးအတိုင်း ဖလမ်းမြို့သို့ ပြန်လာကြသည်ဟု သိရသည်။

ဖလမ်းငြိမ်းချမ်းရေးကော်မတီဆိုသည် အဖွဲ့အစည်းတစ်ခုကလည်း မေလ ၄ ရက်နေ့က နေရပ်ပြန်လာသူများအကြား အမုန်းပွားခြင်းနှင့် လက်စားချေခြင်းများ မပြုလုပ်ရန် တိုက်တွန်းထားသကဲ့သို့ CDM နှင့် Non-CDM များအကြား အပြန်အလှန် နားလည်မှုရှိကြရန် မေတ္တာရပ်ခံသည်ဟု ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.