Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်း (ချင်း) စကားပြောအသံကို တိုက်ရိုက်ဘာသာပြန်ပေးနိုင်သော Chin Speak App စတင်အသုံးပြုနိုင်ပြီ

ဖလမ်း (ချင်း) စကားပြောအသံကို တိုက်ရိုက်ဘာသာပြန်ပေးနိုင်သော Chin Speak App စတင်အသုံးပြုနိုင်ပြီ

0
By Editor on September 3, 2026 Headline

(004SS)

ဖလမ်း (ချင်း) ဘာသာစကားကို စာသားရိုက်ထည့်ရန်မလိုတော့ဘဲ မိမိပြောလိုက်သည့်အသံကို AI နည်းပညာဖြင့် အင်္ဂလိပ် ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ဆိုပေးနိုင်သည့် ChinSpeak App ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အက်ပလီကေးရှင်းသည် ချင်းဘာသာစကားသမိုင်းတွင် အသံဖြင့် တိုက်ရိုက်စကားပြောဆို ဆက်သွယ်နိုင်သည့် ပထမဆုံး AI ဘာသာပြန်စနစ်ဖြစ်ပြီး၊ အသံမှ စာသားပြောင်းပေးသည့်စနစ် (Speech-to-Text) နှင့် စာသားမှ အသံထွက် ပေးသည့်စနစ် (Text-to-Speech) နည်းပညာများကို အခြေခံ၍ ရေးဆွဲထားခြင်းဟု တည်ထောင်သူ Salai Nung Lian Sum က ပြောသည်။

“ဒီ App မှာ အဓိက နည်းပညာ ၃ မျိုး ပေါင်းစပ်အသုံးပြုထားတာပါ။ စကားပြန်စနစ် (Translation Technology) ကို ၂၀၂၄ ကတည်းက စတင်ခဲ့ပြီး ၂၀၂၅ ဖေဖော်ဝါရီမှာ Chin Translator အဖြစ် ထွက်ရှိခဲ့တာပါ။ အခု ChinSpeak မှာတော့ အသံနဲ့ တိုက်ရိုက် စကားပြောဆိုနိုင်ဖို့ လိုအပ်တဲ့ Data တွေကို ၁ နှစ်နီးပါး ကောက်ယူ အသံသွင်းပြီးမှ AI App အဖြစ် အကောင် အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖလမ်း ချင်းဘာသာစကား တစ်ခုတည်းပဲ ပြောနိုင်သေးတာပါ။ တခြား မျိုးနွယ်စု ဘာသာစကားတွေအတွက်ဆိုရင်တော့ ကျွန်တော့်ကို ကူညီပေးနိုင်တဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် အပြည့်အဝ ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်။ အဲ့လိုမျိုး မရှိဘူးဆိုရင်တော့ ကျွန်တော့်အတွက် ဘာသာစကားပိုင်းဆိုင်ရာ ဒေတာစုဆောင်းရယူမှုမှာ အခက်တွေ့နိုင်ပါတယ်” ဟု အက်ပလီကေးရှင်း ဖန်တီးခဲ့သူ Salai Nung Lian Sum က ပြော သည်။

ChinSpeak App တွင် အသုံးပြုထားသည့် Audio Resource များကို Za Hlei Thang Audiobook နှင့် Falam Media Network တို့က ပံ့ပိုးပေးထားခြင်းဖြစ်ပြီး လက်ရှိတွင် iOS (iPhone) စက်များ၌ စတင် ဒေါင်းလုဒ်ဆွဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။

Android စနစ်အတွက်ကိုမူ Testing ပြုလုပ်လျက်ရှိကာ မကြာမီ ထွက်ရှိလာမည်ဖြစ်သည်။

ChinSpeak အက်ပလီကေးရှင်းကို ဖန်တီးခဲ့သူ Salai Nung Lian Sum သည် စင်ကာပူနိုင်ငံတွင် Analytics နှင့် AI နယ်ပယ်၌ ၁၅ နှစ်နီးပါး အတွေ့အကြုံရှိသော Data Scientist တစ်ဦးဖြစ်ပြီး Analytics & AI Director အဖြစ် တာဝန်ထမ်းဆောင်နေသူ နည်းပညာရှင်တစ်ဦး ဖြစ်သည်။

ထို့ပြင် ၎င်းသည် ချင်းလူမျိုးများအကြား ခေတ်မီ AI နည်းပညာများ ပြန့်ပွားရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေသူ ဖြစ်ပြီး Chin TV Award ဆုကိုလည်း ရရှိထားသူဖြစ်သည်။

ChinSpeak App ၏ ထူးခြားချက်မှာ လူနှစ်ဦး တိုက်ရိုက်စကားပြောဆိုရာတွင် အဆင်ပြေစေသည့် Conversation Mode ပါဝင်ခြင်းဖြစ်ပြီး ချင်းဘာသာပြောသူနှင့် အင်္ဂလိပ်ဘာသာပြောသူတို့အကြား အသံဖြင့် အပြန်အလှန် လွယ်ကူစွာ စကား ပြောဆိုနိုင်မည် ဖြစ်သည်။

ထို့ပြင် အဆိုပါ အက်ပလီကေးရှင်းကို ပြည်သူများ အခမဲ့ သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

“ဒါက Chin Pawlpi, USA အဖွဲ့က ကျခံပေးတာဖြစ်တဲ့အတွက် Free App ပါ။ ပြည်သူတွေအနေနဲ့ အခမဲ့ အသုံးပြုလို့ရပါ တယ်။ ကျွန်တော်တို့ ချင်းပြည်သူတွေ နည်းပညာကို ပိုမို သုံးစွဲလာနိုင်ဖို့အတွက် လောလောဆယ်မှာ ပြည်သူတွေ Free ပဲ အသုံးပြုဖို့ လိုပါသေးတယ်” ဟု အက်ပလီကေးရှင်း ဖန်တီးခဲ့သူ Salai Nung Lian Sum က ဆိုသည်။

အက်ပလီကေးရှင်း တစ်ခုလုံးအတွက် သုံးစွဲခဲ့ရသည့် ကုန်ကျစရိတ်၊ ပေးဆပ်ခဲ့ရသည့် ကြိုးပမ်းအားထုတ်မှုနှင့် ပေးခဲ့ရသည့် အချိန်ပမာဏများကို တိတိကျကျ ပြောဆိုရန် ခက်ခဲကြောင်းနှင့် အနာဂတ် Project များအတွက် လိုအပ်သည့် Resource နှင့် Data များပေါ်မူတည်၍ ကုန်ကျစရိတ် မည်မျှရှိမည်ကို အကြံဉာဏ်ပေးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့နေရသည့် အခက်အခဲများကြားမှ ချင်းလူငယ်များအနေဖြင့် AI နှင့် နည်းပညာပိုင်း ဆိုင်ရာများကို လက်မလျှော့ဘဲ ဆက်လက်လေ့လာကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

လူငယ်များ ကိုယ်တိုင် လေ့လာနိုင်ရန်အတွက်လည်း Chinland InfoTech Academy (www.chinlandinfotech.com/academy) ဆိုသည့် Self-Learning Platform ကိုပါ ဖန်တီးပေးထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.