Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖြတ်လေးဖြတ် ကြုံနေရသော မတူပီမြို့နယ်တွင် လူမှုစီးပွားကြပ်တည်းမှု ရင်ဆိုင်နေကြရ

ဖြတ်လေးဖြတ် ကြုံနေရသော မတူပီမြို့နယ်တွင် လူမှုစီးပွားကြပ်တည်းမှု ရင်ဆိုင်နေကြရ

0
By Editor on April 17, 2023 Headline

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ်တောင်ပိုင်းမတူပီမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများဖြတ်တောက်ခံထားရမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ မြို့တွင်းနေ ပြည်သူများ နေထိုင်စားသောက်ရေးအပြင် လူမှုစီးပွားကြပ်တည်းမှု ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု သိရသည်။

မတူပီမြို့နယ်တွင် ကုန်စည်စီးဆင်းမှု လုံးဝနီးပါးရပ်တန့်လာခြင်းကြောင့် ဒေသခံများအနေဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူရန် ခက်ခဲလာသည့်အပြင် ဒေသတွင်း အဖြစ်အပျက်များကိုပင် မသိရှိနိုင်တော့သည့်အထိ ဖြစ်လာသောကြောင့် အတော်လေး အခက်အခဲများ ကြုံနေကြရခြင်းဖြစ်သည်ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

“ခရီးသည်ကားတွေဆို ၁ လ လောက်ရှိနေပြီ လမ်းမှာ ဟိုဖက်မသွားခိုင်းလိုက်၊ ဒီဖက်မသွားခိုင်းနဲ့ဆိုတော့ လမ်းမှာ ကြန့်ကြာနေတာ ပိတ်မိနေတာ။ အခုလမ်းခုလတ်မှာ ဖုန်းလည်းပြောလို့မရတော့ဘူး။ ဘယ်လိုမှကို ဆက်သွယ် မရတော့တာ။ ကြိုးဖုန်းလည်းမရတော့တာ အိမ်နဲ့ အဆက်သွယ်ပြတ် ဖုန်းမပြောတာ ၂ လ လောက်ရှိပြီ။ အကုန်ုလုံး ဖြတ်ပြီးပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလိုပါ့။ကိုယ့်အိမ်က လူတွေ ဘယ်လိုအ ခြေ အနေလဲ၊ ကျန်းမာလားဆိုတာ ဘာမှမသိရဘူး” ဟု ပြည်မသို့ ရောက်ရှိနေသည့် မတူပီမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်များကို အင်တာနက်လိုင်း ဖြတ်တောက်ထားဆဲဖြစ် သည့်အပြင် လက်ရှိတွင်လည်း ကြိုးဖုန်းလိုင်း ထပ်မံဖြတ်တောက်ထားသည်မှာ ၃ လ နီးပါးရှိပြီဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခြင်း၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ သယ်ယူခွင့်ကန့်သတ်ပိတ်ဆိုခြင်း၊ သတင်းအချက်အလက်အမှောင်ချထားခြင်း စသည့် ဖြတ်လေး ဖြတ်ဗျူဟာ မှာ နယ်ဘက်ကျေးရွာများထက် စစ်ကောင်စီအခြေစိုက်ရာ မြို့တွင်းနေပြည်သူလူထုများမှာ အများဆုံးအခက် ကြုံနေရခြင်းဖြစ်ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပါထောင်းက ပြောသည်။

“ကျွန်တော်တို့ နယ်ဘက်ကတော့ တော်တော်များက တောင်ယာစိုက်၊ လယ်ထွန်လို့ရတယ်ဆိုတော့ နယ်ဘက်ကတော့ ဒီလောက်ကြီး စားသောက်ဖို့က ဆန်အတွက်က သိပ်ပူစရာမရှိဘူး၊ အဓိက မြို့ပေါ်နေတဲ့ ပြည်သူတွေပဲ အခက်ခဲအရမ်း ဒုက္ခရောက်ကြတယ်။ မတ်လနဲ့ ဒီလအတွင်းက တော်တော်ဒုက္ခ ရောက်နေကြတယ်။ မြို့ပေါ်မှာက ပြည်သူတွေက မြို့တွင်းမှာပဲ တောဘက်ကို ထွက်ခွင့်မပေးတော့ စားသောက်ဖို့ ခက်ခဲဖြစ်ကြတယ်” ဟု ဆလိုင်းပါထောင်းက ပြောသည်။

လက်ရှိ မတူပီမြို့နယ်တွင် ကုန်စည်ပို့ဆောင်သည့် ကားများသွားနေသည်ဟု သိရသော်လည်း မတူပီမြို့အတွင်း မရောက်ရှိနိုင်သေးသောကြောင့် မြို့အတွင်း ဆန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အပြင် ဝယ်ယူရန် ရှားပါးသည့်အထိဖြစ်နေကြောင်း သိရသည်။

၎င်းအပြင် မတူပီမြို့နေပြည်သူများမှာ ကျန်းမာရေးအအခြေအနေများကြောင့် ပြည်မသို့ ဆေးကုသမှုခံယူမည်ဆိုပါက ကျန်းမာရေးဌာနမှ ဆရာဝန်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ထွေအုပ်ထောက်ခံစာအပါအဝင် ဗျူဟားမှုး၏ ထောက်ခံချက်၊ ခွင့်ပြုချက်ဖြင့် လိုအပ်သည်ဟု သိရသည်။

မတူပီမြို့နယ်တွင် ယခုရက်ပိုင်း နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ မတ်လအတွင်း မတူပီမြို့-ပလက်ဝလမ်း ထယ်ဘွေးစခန်းအား စစ်လက်နက်နှင့် ရိက္ခာများဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် မတူပီအခြေစိုက်တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.