Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဗိတိသျှကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ချင်းတော်လှန်ရေးအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူမည်

ဗိတိသျှကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ချင်းတော်လှန်ရေးအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူမည်

0
By Editor on September 4, 2019 Khonumthung

By လားနွန် – ပထမကမ္ဘာစစ်အတွင်း ပြင်သစ်စစ်မြေပြင်သို့ စစ်မှုထမ်းရန် ဗြိတိသျှအစိုးရ၏ လူစုဆောင်းမှုကို ဆန့်ကျင်ပြီး လက်နက်ကိုင်တော်လှန်ခဲ့ကြသည့် ချင်းတော်လှန်ရေးအထိမ်းအမှတ် ကျောက်တိုင်ကို ချင်းပြည်နယ် ဟားခါးမြို့တွင် စိုက်ထူကြမည်ဟု သိရသည်။

“ကျနော်တို့အခု မြန်မာ့သမိုင်းကြည့်မယ်ဆိုရင်တော့ တောင်သူလယ်သမားအရေးတော်ပုံရော ကျောင်းသားအရေးတော်ပုံတို့ဆိုရင်တော့သူတို့ထက်ကျနော်တို့က ပိုစောနေတယ်၊ အင်္ဂလိပ်တွေက လူစုဆောင်းတယ်
တစ်မြို့မှာ တစ်ထောင်စီတောင်းထားတာပေါ့နော် အဲဒီချိန်မှာ တီးတိန်က တစ်ထောင်သွားတယ် ဖလမ်းက ခြောက်ရာသွားတယ် ဒါပေမဲ့ ဟားခါးစော်ဘွားတွေ ပြည်သူလူထုတွေက
ဟိုမှာသေမယ့်အစားဒီမှာသေတာပိုကောင်းတယ်ဆိုပြီး မသွားပဲနဲ့ အင်္ဂလိပ်တွေကိုတိုက်မယ်ဆိုပြီးတော့ သူတို့စစ်ဆင်ရေးလုပ်တာပေါ့လေ လုပ်တော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဟားခါးနယ်မှာ ရွာပေါင်း (၂၀) ရွာလောက်ကို
မီးရှုခံရတယ် ပြီးတော့ ဖမ်းပြီးတော့ ထောင်ထဲမှာ (၆) ယောက်အထိ အသက်ဆုံးရှုံးခဲ့ရတယ် အဲဒါကြောင့် ကျနော်တို့က အင်္ဂလိပ်တွေကို သူများထက် စောပြီးတော့ တော်လှန်ခဲ့ကြတယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ သူတို့အသက်ကို စတေးခဲ့တဲ့ လူကြီးတွေကို ဂုဏ်ပြုသောအားဖြင့် လုပ်ခြင်းဖြစ်ပါတယ်” ဟု ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။

ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားလာသည့်အချိန်တွင် ပြင်သစ်စစ်မြေပြင်၌ စစ်မှုထမ်းရန်အတွက် ဗြိတိသျှအစိုးရသည် ချင်းပြည်နယ်တခွင်တွင် လုပ်သားစုဆောင်းခြင်းများပြုလုပ်ခဲ့ကြသည်။ ထိုလုပ်ရပ်အား ချင်းလူမျိုးများက မကျေမနပ်ဖြစ်ကြပြီး ချင်းပြည်ရှိ ဗြိတိသျှအစိုးရအား တော်လှန်ခဲ့ကြခြင်းဖြစ်သည်။

ဟားခါးနယ် Farrawn ရွာသူကြီး Pu Hreng Awr ခေါင်းဆောင်သော ချင်းမျိုးချစ်စစ်သည်တော်များသည် ၁၉၁၇ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဗြိတိသျှစစ်သားများရှိရာ ဟားခါးစခန်းကို စတင်သွားရောက်တိုက်ခိုက်ခဲ့ရာမှ ချင်းပြည်သမိုင်းတွင် အကြီးဆုံးတော်လှန်ရေးတစ်ခုဖြစ်ခဲ့သည့် ဟားခါးတော်လှန်ရေးကြီး (The Famous Hakha Revolution) စတင်ခဲ့သည်ဟု ချင်းသမိုင်းသုတေသီ ဆလိုင်းဗန်ကျူံးလျန်က သူ၏ ဟားခါးနယ်မှ “Lai Ral” ခေါ် ချင်းတော်လှန်ရေးကြီး စတင်ခြင်း နှင့် ဗြိတိသျှစစ်တပ်၏ ချင်းတောင်စစ်ဆင်ရေး (၁၉၁၇ နိုဝင်ဘာလ – ၁၉၁၈ ဧပြီလ) ဆိုသည့် ဆောင်းပါးထဲတွင် ရေးသားထားသည်။

ချင်းတော်လှန်ရေးကျောက်တိုင်စိုက်ထူရန်တွက် ရန်ပုံငွေကို ဒီဇင်ဘာလအထိရှာဖွေကာ လာမည့် ၂၀၂၀ ခုနှစ် ချင်းအမျိုးသားနေ့မတိုင်ခင်အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း ဟားခါးမြို့ပန်းခြံတွင် စိုက်ထူမည်ဟု သိရသည်။

(ဓာတ်ပုံ – ဆလိုင်းဗန်ကျူံးလျန် Facebook မှ ကူးယူသည်။)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.