Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

0
By Editor on June 19, 2025 Khonumthung

ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ဘုံရန်သူကိုသာ ပထမဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စု အရေးကို တော်လှန်ရေးကာလ အလွန်မှာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

“အချင်းချင်းကြား နားလည်မှုလွဲမှားစေသော အပြောအဆို၊ အပြုအမူများအားလုံးကို ရှောင်ရှား၍ ဘုံရန်သူကိုသာ ပထမဦးစားပေးတော်လှန်တိုက်ပွဲဆင်ကြရန်နှင့် မိမိတို့ချင်းပြည်အတွင်းရှိ နယ်မြေဒေသ/မျိုးနွယ်စုအရေးများကို တော်လှန်ရေးကာလအလွန်တွင် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာကြရန်ဖိတ်ခေါ်လိုပါသည်” ဟု ချင်းနွေဦးတော်လှန်ရေးလက်နက်ကိုင် ၁၈ ဖွဲ့က ယနေ့ဇွန်လ ၁၉ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ချင်းနွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့အနေဖြင့် နွေးဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား လေးစားမှုရှိပြီး စည်းလုံးညီညွတ်ရေးအတွက်အမြဲမျှော်လင့်လျှက်ရှိသည်ဟုဆိုသည်။

ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တော်လှန်တိုက် ထုတ်ရန်၊ ချင်းလူမျိုးနှင့် ပိုင်နက်နယ်မြေများကို ခုခံကာကွယ်စောင့်ရှောက်ရန်နှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းပြည်သူလူထုနှင့်အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြရန် အဆင်သင့်ရှိ သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိချင်းပြည်အတွင်း တော်လှန်ရေးအဖွဲ့များအကြား မကြာခဏ အချင်းချင်းပွတ်တိုက်မှုဖြစ်ခြင်း၊ အငြင်းပွားမှု များကို လက်နက်ဖြင့် ဖြေရှင်းရန်ကြိုးစားခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူများအကြား စည်းလုံး ညီညွတ်မှုအားနည်းလာခြင်းတို့သည် ပြည်သူ့တော်လှန်ရေးခရီးကို နှောင့်နှေးမှေးမှိန်သွားစေနိုင်သည့်အပြင် ချင်းလူ မျိုးများ၏ တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်လည်း ကျရှုံးသွားနိုင်သည်ဟု ဖော်ပြထားသည်။

ယခုထုတ်ပြန်ကြေညာချက်ကို Zotung Federal Council/ CDF-Zotung, CDF-Matupi, CDF-Kalay-Gabaw-Gangaw, CDF-Hakha Central Council, CDF-Thantlang, Lautu Region People Administration/ CDF-Lautu, Zopheiram Council/ CDF-Zophei, Maraland Council/ CDF-Mara, Paletwa Council/ CDF-Paletwa, Mindat Council, Senthang Central Council / SRF, Tedim Township Council / PDA, Thado Council / CDF-Thado, Tonzang Township Council / CDF-Tonzang, Siyin Regional Council / CDF-CDM-Siyin, Kanpetlet Council, Zanniatland People’s Organization / CDF-Zanniatram, Hualngoram People’s Organization / CDF-Hualngoram စသည့် ၁၈ ဖွဲ့တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်၏ ချင်းပြည်အစိုးရတွင် ဝန်ကြီး ၂ ဦး ထပ်မံခန့်အပ်

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

၃ လအတွင်း တပ်ကြပ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား (၁၉) ဦး အလင်းဝင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.