Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံနိုင်ရေး ချင်းတိုင်းရင်းသားများ အစုအဖွဲ့ ဖိတ်ခေါ်နေ

မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံနိုင်ရေး ချင်းတိုင်းရင်းသားများ အစုအဖွဲ့ ဖိတ်ခေါ်နေ

0
By Editor on December 2, 2025 Khonumthung

(006SV)

မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်အဖြစ် ချင်းတိုင်းရင်းသားများ အစုအဖွဲ့မှ ယှဉ်ပြိုင် ရွေးချယ်ခံနိုင်ရန်အတွက် ချင်းတိုင်းရင်သားများ အစုအဖွဲ့ထံသို့ အဆိုပြုလွှာ ပေးပို့ပြီး ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်နေသည်ဟု သိရသည်။

ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင် ရွေးချယ်ခံလိုပါက ကိုယ်ရေးရာဇဝင် အကျဉ်းနှင့်အတူ ချင်းတိုင်းရင်သားများ အစုအဖွဲ့ထံ ဒီဇင်ဘာလ ၅ ရက် နောက်ဆုံးထားပြီး အဆိုပြုလွှာ ပေးပို့ရမည်ဟု ချင်းတိုင်းရင်းသားများ အစုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဆလိုင်းက ပြောသည်။

“ချင်း အစုအဖွဲ့က ခုထိတော့ ဝင်ရွေးချယ်ခံဖို့ မရှိသေးပါဘူး၊၊ ဝန်ကြီးချုပ်အဖြစ် ချင်းအစုအဖွဲ့မှ ယှဉ်ပြိုင်‌ ရွေးချယ်ခံ လိုပါက အခွင့်အရေး နစ်နာမှုမရှိအောင် ပြည်သူကို အသိပေးတာပါ၊၊ ၅၊၁၂၊၂၀၂၅ ရက်နေ့ နောက်ဆုံးလျှောက်ထားရမှာ ဖြစ်ပါတယ်” ဟု ဦးဆလိုင်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ၅ နှစ်ရှိလာချိန်တွင် မကွေး ဖက်ဒရယ်ယူနစ် အစိုးရယန္တရားများ ပေါ်ထွက် လာရေးအတွက် ဆောင်ရွက်လျက်ရှိရာ မကွေးတော်လှန်ရေး အစုအဖွဲ့ ၇ ခုသည် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံ ပုဂ္ဂိုလ် ၁ ဦးစီကို အဆိုပြု၍ ကြားကာလ ရွေးချယ်ရေးကော်မရှင်ထံ ဒီဇင်ဘာလ ၆ ရက် နောက်ဆုံးထား ပေးပို့ရမည်ဟု သိရသည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်အဖြစ် ကြားကာလအစီအမံဆိုင်ရာ ဥပဒေ ပုဒ်မ (၆၅) ပါ အရည် အချင်းများနှင့် ပြည့်စုံသူများကို ချင်းတိုင်းရင်းသားများ အစုအဖွဲ့မှ ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရန် ဖိတ်ခေါ်နေခြင်းဖြစ်သည်။

ပုဒ်မ ၆၅ ပါ ပြဌာန်းချက်မှာ မကွေးဖက်ဒရယ်ယူနစ်အတွင်း အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သည့် နိုင်ငံသား ဖြစ်ပြီး တာဝန်ပေးအပ်သည့် နေ့မှစ၍ ယူနစ်အတွင်း အမှန်တကယ်ရှိသူ၊ ကျန်းမာရေး ကောင်းမွန်သူ၊ နိုင်ငံရေး ဖြတ်သန်းမှု အတွေ့အကြုံများရှိသူ၊ အမည်စာရင်း တင်သွင်းသော နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ နွေဦး တော်လှန်ရေးတွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်နေသူ၊ ဦးဆောင်လမ်းညွှန်မှု ပေးနိုင်သည့် အတွေ့အကြုံနှင့် အမျှော်အမြင်ရှိသူ၊ မဟာမိတ်ဆက်ဆံရေးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သည့် အတွေ့အကြုံနှင့် အမြော်အမြင်ရှိသူ၊ ဤကြားကာလအစီအမံနှင့် တည်ဆဲဥပဒေများကို လိုက်နာနိုင်သူ၊ ပြည်သူတို့၏ အကျိုးကို လိုလား၍ ဘက်လိုက်မှု ကင်းပြီး ကိုယ်ကျိုးစွန့် တာဝန်ထမ်းဆောင်နိုင်သူဟူ၍ ပါရှိသည်။

မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် ရွေးချယ်နိုင်ရန် ကြားကာလ ရွေးချယ်ရေးကော်မရှင်ကို နိုဝင်ဘာလ ၂၅ ရက်တွင် အစုအဖွဲ့တစ်ဖွဲ့လျှင် တစ်ဦးစီ၊ ပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းပြီး နိုဝင်ဘာလ ၂၉ ရက်မှစတင်၍ ဝန်ကြီးချုပ် အဆိုပြုလွှာ များကို တောင်းခံသည်ဟု သိရသည်။

မကွေးတိုင်းရှိ ချင်းတိုင်းရင်းသား မျိုးနွယ်စု ၆ စု၏ ကိုယ်စားပြု အားကောင်းရေး၊ ကြားကာလ အစီအမံဆိုင်ရာ ဥပဒေအရ အုပ်ချုပ်ရေးယန္တရားများ တဆင့်ချင်း ဖော်ဆောင်ခြင်း လုပ်ငန်းများ သိရှိလာနိုင်ရေး ဆောင်ရွက်နေသည်ဟု ချင်းတိုင်းရင်းသားအစုအဖွဲ့ထံမှ သိရသည်။

မကွေးတွင် ချင်းတိုင်းရင်းသားများ အများဆုံးနေထိုင်ကြသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ စေတုတ္ထရာ၊ ငဖဲ၊ မင်းလှ၊ မင်းတုန်း၊ သရက်၊ ကံမ၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး စသည့်မြို့များမှ ကိုယ်စားပြု ပုဂ္ဂိုလ်များအား အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်တွင် တင်ကြွစွာ ပါဝင်လာနိုင်ခြင်းဖြင့် တော်လှန်ရေး အောင်မြင်လာနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ချင်းအစုအဖွဲ့ထံမှ သိရသည်။

မကွေးဖက်ဒရယ်ယူနစ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ ချင်းတိုင်းရင်းသားများ အစုအဖွဲ့၊ တောင်သားနှင့် ယောလူမျိုးများ အစုအဖွဲ့၊ သမဂ္ဂများ၊ အမျိုးသမီးနှင့် လူငယ်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ အစုအဖွဲ့၊ CDM နိုင်ငံဝန်ထမ်း အစုအဖွဲ့၊ ခုခံတွန်းလှန်ရေး ကဏ္ဏက ထောက်ခံအဆိုပြုသော ကိုယ်စားလှယ် အစုအဖွဲ့တို့ ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇွန်လထဲ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.