Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မကွေးမှ ကျင်ဒွေး ဦးတည်သည့် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရပြီး အရေးပေါ် အကူအညီ လိုအပ်နေ

မကွေးမှ ကျင်ဒွေး ဦးတည်သည့် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရပြီး အရေးပေါ် အကူအညီ လိုအပ်နေ

0
By Editor on April 19, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးဘက်ကို ဦးတည်လာသော မကွေးဘက်မှ စစ်ကောင်စီ မြေပြင်စစ်ကြောင်းကြောင့် ဒိုလောင်ရွာမှ ဒေသခံပြည်သူအားလုံး စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်ရှည်ဘက်မှ တက်လာသော စစ်ကောင်စီ မြေပြင်စစ်ကြောင်းကြောင့် ဧပြီလ ၁၈ ရက်တွင် မှန်တောင်ကျေးရွာအုပ်စု၊ ဒိုလောင်ရွာမှ ဒေသခံအားလုံး အိုးအိမ်စွန့်ခွာပြေးရကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“လောင်ရှည်ဘက်ကနေ မြေပြင်စစ်ကြောင်းတစ်ကြောင်း တက်လာတယ်လို့ သတင်းကြားတယ်။ အဲစစ်ကြောင်းက ဒိုလောင်ရွာဘက်ကနေ ကျင်ဒွေးဘက်ကို သွားချင်တယ်လို့ ခန့်မှန်းရတယ်။ အရင်က အဲလမ်းကြောင်းကနေ သွားဖူးတယ်” ဟု ၎င်းက ပြောသည်။

ဒိုလောင်ရွာတွင် အိမ်ထောင်စု ၂၄ စုခန့် ရှိပြီး ဒေသခံအားလုံးသည် နီးစပ်ရာ ကျေးရွာများနှင့် တောတောင်များတွင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ဒိုလောင်ရွာမှ စစ်ဘေးရှောင်များသည် ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစားနပ်ရိက္ခာများ၊ အမိုးအကာအတွက် တာလပတ်မိုးကာများ လိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းတွင် အင်အားမည်မျှ ပါဝင်နေသည်ကို လတ်တလောတွင် မသိရသေးပေ။

ဒိုလောင်ကျေးရွာသည် ကန်ပက်လက်မြို့နယ် အစွန်ဆုံးကျေးရွာတစ်ခုဖြစ်ပြီး မကွေးတိုင်း၊ ဆော၊ လောင်ရှည်အစပ်တွင် တည်ရှိကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ လခန့်ကြာမြှင့်နေပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.