Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မကွေး နတ်ရေကန်လေကြောင်းရန်တပ် ဗျူဟာကုန်းက ထွက်ပြေးလာသည့် စစ်သုံ့ပန်း ၂၃ ဦးကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ထပ်မံဖမ်းမိ

မကွေး နတ်ရေကန်လေကြောင်းရန်တပ် ဗျူဟာကုန်းက ထွက်ပြေးလာသည့် စစ်သုံ့ပန်း ၂၃ ဦးကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ထပ်မံဖမ်းမိ

0
By Editor on June 13, 2025 Khonumthung

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းက ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံ၍ အရှင်ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေး တပ် – အရှို (CDF – Asho) ထံမှ သိရသည်။

မကွေး- ရခိုင်အစပ်က နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီး မီတာ ၁၅၀၀၀ ပတ်လည် နတ်ရေကန် လမ်းဟောင်း ဖြတ်တောက် တိုက်ခိုက်ရေးလုပ်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းက ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၃ ဦးကို ဇွန်လ ၈ ရက်မှ ၁၂ ရက်တာအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု CDF – အရှိုက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။

“နိုင်ငံတကာ စစ်သုံပန်း ဥပဒေအတိုင်းပဲ ထိန်းသိမ်း ထားပါမယ်ဗျ။ သူတို့က တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုမျိုးတော့ မရှိဘူး။ ပြေးလာရတဲ့အချိန်မှာ တောထဲမှာ ၂ ညနေ၊ ၃ ညနေ၊ ၄ ညနေ အဲလို နေလာရတာတွေ ရှိတော့ ခန္ဓာကိုယ်တွေ နာကျဉ်နေတာတွေ ရှိမယ်။ ပြီးတော့ ငှက်ဖျားရောဂါ ဖြစ်လာကြတာတွေ ပါမယ်။ အဲလိုရောဂါတွေ ကုသပေးနေရတာတော့ ရှိပါတယ်” ဟု CDF – အရှိုမှ ဆလိုင်းရိုးချင်းက ပြောသည်။

စစ်ကောင်စီ စစ်သုံ့ပန်းများနှင့်အတူ MA – 1 သေနတ် ၅ လက်၊ MA – 3 သေနတ် ၃ လက်၊ ခဲယမ်းတချို့ကိုလည်း နယ်မြေရှင်းလင်းရှာဖွေစဉ် သိမ်းဆည်းရမိခဲ့သည်ဟု သိရဿည်။

လက်ရှိ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများသည် စစ်မှု မထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မပေါ်တာဆွဲခံရ၍ စစ်မှုထမ်းနေရသူများဖြစ်သည်ဟု သိရသည်။

ဇွန်လ ၄ ရက်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ရှေ့တန်းကာကင်း တာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေး လာသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်သား ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီး ရမိသည်ဟု CDF – အရှိုက ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း၏ စခန်းကုန်းများထဲက တခုဖြစ်သည့် အမ်း- ပဒါန်းလမ်းပေါ်မှာ ရှိသော နတ်ရေကန် MPT တာဝါတိုင်စခန်းကုန်းကို ULA/ AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိမှာလည်း တိုက်ပွဲများဆက် လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ချင်းပြည်နယ်၊ ဟားခါးအခြေချ စစ်ဗျူဟာမှူး စိုးဝင်းထွန်းသည်လည်း ဗိုလ်မှူးချုပ်ရာထူးတိုးဖြင့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်ကို တပ်မမှူးအဖြစ် ယခုဇွန်လအတွင်း ပြောင်းရွေ့သွားကြောင်း၊ တပ်မ ၉၉ တပ်သည် ရခိုင်- မကွေးအစပ်ရှိ ပဒါန်း၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းဘက်တွင် လက်ရှိ စစ်ဆင်ရေးဝင်နေသည့် ခြေမြန်တပ်မဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.