Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင္းတပ္ၿမိဳ႕ေကာလိပ္တည္ေဆာက္မႈ ၅၀ ရာခုိင္ႏႈန္းျပီးစီး၊ ၂၀၂၂ ႏွစ္ကုန္ပုိင္းတြင္ ဖြင့္လွစ္ႏိုင္မည္ဟုဆုိ

မင္းတပ္ၿမိဳ႕ေကာလိပ္တည္ေဆာက္မႈ ၅၀ ရာခုိင္ႏႈန္းျပီးစီး၊ ၂၀၂၂ ႏွစ္ကုန္ပုိင္းတြင္ ဖြင့္လွစ္ႏိုင္မည္ဟုဆုိ

0
By Editor on November 6, 2020 Khonumthung

#Unicode

နှင်းနှင်း – ချင်းပြည်နယ်၊မင်းတပ်မြို့တွင်တည်ဆောက်နေသည့်မင်းတပ်ကောလိပ်သည် ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး လာမည့် ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင်ဖွင့်လှစ်သွားနိုင်မည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ဆောက်လုပ်ရေးက ၅၀ ရာခိုင်နှုန်းပြီးပြီလို့သိရတယ်၊ ကျောင်းဆောင်၊ စာသင်အဆောင်တွေလည်း လက်စမသတ်နိုင် သေးဘူးဆိုတော့ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်ဆိုရင်ကျောင်းစတက်လို့ရမယ်ထင် တယ်” ဟု ဝန်ကြီး ဦးစိုးထက် ကပြောသည်။

မင်းတပ်ကောလိပ်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုချက်ရန်ပုံငွေ ကျပ် ၃ ဘီလျံဖြင့် တည်ဆောက်နေပြီး ပင်မစာသင်ဆောင်၊ကျောင်းဆရာ/မ ဆောင်၊ကျောင်းသူ/သားဆောင်များကိုဆောက်လုပ်လျက်ရှိကာ ပထမနှစ်စာသင်ချိန်တွင် ကျောင်းသူ/သားဦးရေ (၁၀၀)ခန့်ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်းသိရသည်။

မင်းတပ်မြို့ရှိကောလိပ်တည်ဆောက်မှု ပြီးစီးပါကဒေသခံကျောင်းသူ/ကျောင်းသားများ အနေဖြင့် အခြားမြို့နယ်များ တွင်ခက်ခဲစွာဖြင့် သွားရောက်ပညာသင်ယူရန်မလိုတော့ပဲ မိမိမြို့နယ်တွင် အဆင်ပြေစွာဖြင့် တက္ကသိုလ်တက် ရောက်ပညာသင်ကြားသွားနိုင်ဖြစ်ကြောင်း ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ဝိဇ္ဇာသိပ္ပံဘာသာရပ်တော်တော်များကိုတော့သင်မှာပါ၊ ကောလိပ်တခုရဲ့ရှိသင့်တဲ့ဘာသာရပ်များကို သင်ကြားပေးမယ်။အရင်တုန်းက တခြားမြို့နယ်တွေမှာ သွားတက်တော့ခက်ခက်ခဲခဲနဲ့ပညာသင်ရပြီး ငွေကုန်ကြေးကျများတယ်ခုတော့ကိုယ့်ရဲ့ပြည်နယ်မှာတက်ရမယ်။ တောင်ပိုင်းဖြစ်တဲ့ကန်ပလက်၊ မင်းတပ်၊မတူပီ၊ပလက်ဝ၊ ဒီမြို့နယ်တွေအတွက်ပိုပြီးတော့အဆင်ပြေတာပေါ့ ” ဟုဝန်ကြီးကပြောသည်။

ချင်းပြည်နယ်၏ ပထမဆုံးကောလိပ်ဖြစ်သည့် ဟားခါးကောလိပ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ သြဂုတ်လ ၃၁ ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ရရှိခဲ့ပြီး ဟားခါးတက္ကသိုလ်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး Comprehensive University (ပေါင်းစည်းတက္ကသိုလ်) လည်းဖြစ်ကြောင်းသိရသည်။

#Zawgyi

ႏွင္းႏွင္း  – ခ်င္းျပည္နယ္၊မင္းတပ္ျမဳိ႕တြင္တည္ေဆာက္ေနသည့္မင္းတပ္ေကာလိပ္သည္ ၅၀ ရာခုိင္ႏႈန္းျပီးစီးေနၿပီျဖစ္ျပီး လာမည့္ ၂၀၂၂ ခုႏွစ္၊ ႏွစ္ကုန္ပုိင္းတြင္ဖြင့္လွစ္သြားႏုိင္မည္ဟု ခ်င္းျပည္နယ္အစုိးရေျပာေရးဆုိခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစုိးထက္ ကေျပာသည္။ 

“ေဆာက္လုပ္ေရးက ၅၀ ရာခုိင္ႏႈန္းျပီးျပီလုိ႔သိရတယ္၊ ေက်ာင္းေဆာင္၊ စာသင္အေဆာင္ေတြလည္း လက္စမသတ္ႏုိင္ ေသးဘူးဆုိေတာ့ ၂၀၂၂ ႏွစ္ကုန္ပုိင္းေလာက္ဆုိရင္ေက်ာင္းစတက္လုိ႔ရမယ္ထင္ တယ္” ဟု ဝန္ၾကီး ဦးစုိးထက္ ကေျပာသည္။ 

မင္းတပ္ေကာလိပ္မွာ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ျပည္နယ္ေငြလုံးေငြရင္းခြင့္ျပဳခ်က္ရန္ပုံေငြ က်ပ္ ၃ ဘီလ်ံျဖင့္  တည္ေဆာက္ေနၿပီး ပင္မစာသင္ေဆာင္၊ေက်ာင္းဆရာ/မ ေဆာင္၊ေက်ာင္းသူ/သားေဆာင္မ်ားကုိေဆာက္လုပ္လ်က္ရွိကာ ပထမႏွစ္စာသင္ခ်ိန္တြင္ ေက်ာင္းသူ/သားဦးေရ (၁၀၀)ခန္႔ပညာသင္ၾကားႏုိင္မည္ ျဖစ္ေၾကာင္းသိရသည္။

မင္းတပ္ျမဳိ႕ရွိေကာလိပ္တည္ေဆာက္မႈ ျပီးစီးပါကေဒသခံေက်ာင္းသူ/ေက်ာင္းသားမ်ား အေနျဖင့္ အျခားျမဳိ႕နယ္မ်ား တြင္ခက္ခဲစြာျဖင့္ သြားေရာက္ပညာသင္ယူရန္မလုိေတာ့ပဲ မိမိျမဳိ႕နယ္တြင္ အဆင္ေျပစြာျဖင့္ တကၠသုိလ္တက္ ေရာက္ပညာသင္ၾကားသြားႏုိင္ျဖစ္ေၾကာင္း ၀န္ႀကီးဦးစုိးထက္ကေျပာသည္။  

“ဝိဇၨာသိပၸံဘာသာရပ္ေတာ္ေတာ္မ်ားကုိေတာ့သင္မွာပါ၊ ေကာလိပ္တခုရဲ႕ရွိသင့္တဲ့ဘာသာရပ္မ်ားကုိ သင္ၾကားေပးမယ္။အရင္တုန္းက တျခားျမဳိ႕နယ္ေတြမွာ သြားတက္ေတာ့ခက္ခက္ခဲခဲနဲ႔ပညာသင္ရျပီး ေငြကုန္ေၾကးက်မ်ားတယ္ခုေတာ့ကုိယ္႔ရဲ႕ျပည္နယ္မွာတက္ရမယ္။ ေတာင္ပုိင္းျဖစ္တဲ့ကန္ပလက္၊ မင္းတပ္၊မတူပီ၊ပလက္ဝ၊ ဒီျမဳိ႕နယ္ေတြအတြက္ပုိျပီးေတာ့အဆင္ေျပတာေပါ့ ” ဟု၀န္ႀကီးကေျပာသည္။ 

ခ်င္းျပည္နယ္၏ ပထမဆံုးေကာလိပ္ျဖစ္သည့္ ဟားခါးေကာလိပ္ကို ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလတြင္ ဖြင့္လွစ္ခဲ့ၿပီး ၂၀၂၀ ၾသဂုတ္လ ၃၁ ရက္ေန႔တြင္ တကၠသိုလ္အဆင့္သို႔ တိုးျမႇင့္ရရွိခဲ့ၿပီး ဟားခါးတကၠသိုလ္မွာ ျမန္မာႏိုင္ငံ၏ ပထမဆံုး Comprehensive University (ေပါင္းစည္းတကၠသုိလ္) လည္းျဖစ္ေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.