Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ

မင်းတပ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ

0
By Editor on September 19, 2024 Headline

(002MG)

ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာလည်း ပေါင် ၅၀၀ ဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယနေ့မနက်ပိုင်း ၄ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအသေးများဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်သွားခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့လည်းရှိခဲ့သည်ဟု မင်းတပ်မြို့ခံများထံမှ သိရသည်။

မင်းတပ်မြို့ခံတဦးက “မနက်က လေးနာရီကျော်မှာ မြို့ပေါ်အနီးအနားမှာ တောက်လျှောက်ပဲ လာကျဲတာ၊ ရပ်ကွက်ထဲတော့ မကျဘူး၊ ထိခိုက်မူက သေချာမဆက်သွယ်တော့ မသိရသေးဘူး၊ လောလောဆယ်တော့ ကိုယ့်ဘာသာ လုံခြုံအောင်ပုန်းနေတာပဲ၊ သူတို့က လေကြောင်းက တည်နေရာသေချာထောက်ပြီးတော့ ချတယ်ဆိုတော့ အပျက်အစီး၊ အထိအခိုက်ရှိမှာပဲ” ဟု ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် မင်းတပ်မြို့မှ ၂ မိုင်ခန့်အကွာ ဝဥခြံထဲ ကျရောက်ပေါက်ကွဲသွားသည်ဟုသိရပြီး ထိခိုက်ပျက်စီးမှုအခြေအနေအား မသိရကြောင်း ၎င်းကပြောသည်။

ယမန်နေ့စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းကလည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ဘက် မိုင် ၄၀ ကျေးရွာအနီးနားတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မင်းတပ်နှင့် ကျောက်ထုအကြား တစ်နေရာကို ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအသေးများဖြင့် တိုက်ခိုက်ခဲ့သည်။

မင်းတပ်မြို့နယ်တွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ယခုစက်တင်ဘာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၇ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.