Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်ကို ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၄၀ ပြုလုပ်

မင်းတပ်ကို ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၄၀ ပြုလုပ်

0
By Editor on June 23, 2026 Headline

အရပ်သားအဆောက်အဦးများကို အဓိက ဗုံးကြဲခြင်းဖြစ်ဟုဆို

(006SV)

အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို ၂ လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်‌ရေ ၄၄၀ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှု အများစုသည် အရပ်သားအဆောက်အဦးများကို ဗုံးကြဲခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှ သိရသည်။

ဧပြီလ ၁၁ ရက်မှ ဇွန်လ ၂၂ ရက်အထိ မင်းတပ်မြို့နှင့် အနီးဝန်းကျင်ဒေသကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄၄၀ ကြိမ် ပြုလုပ်ခဲ့ပြီး တစ်ရက်တည်းမှာပင် ဗုံးကြဲမှု ၉၁ ကြိမ်ခန့်ရှိခဲ့သည်ဟု CHRO က ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှု၏ ၄၅ ရာခိုင်နှုန်းသည် ၄ ရက်အတွင်း ဖြစ်ပွားခြင်းဖြစ်ပြီး ၂ လကျော်အတွင်း လေကြောင်း စစ်ဆင်မှု ၁၆၈ ကြိမ် ရှိခဲ့သည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှု အများစုသည် Y – 12 လေယာဉ်များကို အသုံးပြုပြီး ပစ်မှတ်များကို တိတိကျကျ သတ်မှတ်မှု မရှိဘဲ မင်းတပ်မြို့နှင့် ပတ်ဝန်းကျင်ရှိ အရပ်သား အဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု CHRO ထံမှ သိရသည်။

မင်းတပ်နှင့် ကန်ပက်လက်မြို့များကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် မေလလယ်ခန့်မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေရာ ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ စစ်ဘေးရှောင် နေရချိန်မှာ ကျန်ရှိနေသော နေအိမ် အဆောက်အဦးများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

လူသူကင်းမဲ့နေသော မြို့ရွာများ၊ လူမှုအသိုင်းအဝန်းများနှင့် အရပ်သားအဆောက်အဦးများကို စစ်တပ်က အပြင်းအထန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းသည် တော်လှန်ဝံ့သော ဒေသခံပြည်သူများအပေါ် စုပေါင်းအပြစ်ပေးခြင်းနှင့် လက်စားချေခြင်း ဖြစ်သည်ဟူသော စိုးရိမ်မှုကို ဖြစ်စေကြောင်း CHRO က အသိပေးထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုမှာ စစ်ရေးပစ်မှတ်များသာမက မြို့ရွာများ၊ နေအိမ်များ၊ ဘုရားကျောင်းများနှင့် အခြားသော အရပ်သားအဆောက်အဦးများကိုလည်း ခွဲခြားမှု မရှိဘဲ ဗုံးကြဲနေခြင်းဖြစ်ပြီး အခြေခံအဆောက်အဦးအများအပြားသည် ထိခိုက်ပျက်စီးနေကြောင်း ဒေသခံတွင်း သတင်းရင်းမြစ်နှင့် စစ်ရေးလေ့လာသုံးသပ်သူတချို့ထံမှလည်း သိရသည်။

လက်ရှိမှာ ချင်းတောင်ပိုင်းမြို့များနှင် ယောဒေသတောင်ပိုင်းရှိ ဆောနှင့် ကျေးရွာ ၂၅ ရွာခန့်မှ ဒေသခံပြည်သူများသည် စစ်ဘေးတိမ်းရှောင်ရမှု တစ်လကျော် ရှိလာနေပြီး၊ စစ်တပ်၏ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကိုလည်း ထပ်မံ ရင်ဆိုင်နေရသည့်အတွက် ကလေးငယ်၊ သက်ကြီးရွယ်အို အပါအဝင် ထောင်ချီသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

ခမ်းပတ်မြို့ သိမ်းနိုင်ပြီဟု စစ်တပ်က ထုတ်ပြန်သော်လည်း မြို့ပေါ်မှာ တိုက်ပွဲများ ပြင်းထန်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.