Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်နှင့်ဖလမ်းမြို့က စစ်ရေးသတင်းများ မဟုတ်မမှန်ရေးသား ဖြန့်ဝေခြင်းမလုပ်ရန် ချင်းညီနောင် ထုတ်ပြန်

မင်းတပ်နှင့်ဖလမ်းမြို့က စစ်ရေးသတင်းများ မဟုတ်မမှန်ရေးသား ဖြန့်ဝေခြင်းမလုပ်ရန် ချင်းညီနောင် ထုတ်ပြန်

0
By Editor on November 13, 2024 Headline

စစ်ကောင်စီနှင့် ချင်းညီနောင်တို့ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့ရှိ စစ်ကောင်စီစစ်စခန်းများကို တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ရေးသတင်းများနှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားဖြန့်ဝေခြင်း မပြုလုပ်ရန် ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၉ ရက်မှစတင်၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့ပေါ်တို့က စစ်ကောင်စီအခြေပြု စစ်စခန်းများကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု ချင်းညီနောင်အဖွဲ့က ယနေ့နိုဝင်ဘာလ ၁၃ ရက်က ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ချင်းညီနောင် စစ်ဆင်ရေးသတင်း၊ တိုက်ပွဲသတင်းများနှင် ပတ်သက်၍ မဟုတ်မမှန် ရေးသားဖော်ပြခြင်း၊ သတင်းမှား/တုများ ရေးသားဖြန့်ဝေနေခြင်းတို့ တွေ့ရှိနေရပြီး ယင်းသို့ ရေးသားဖြန့်ဝေခြင်း မပြုလုပ်ကြရန် ချင်းညီနောင်အဖွဲ့က မေတ္တာရပ်ခံချက် ထုတ်ပြန်သည်။

“အဓိကက ပြည်သူတွေပေါ့လေ။ စစ်ကောင်စီဘက်က သတင်းကြေညာတဲ့ဟာတွေကို ကိုးကားပြီးမှ ဒါမှမဟုတ်၊ ထင်ရာမြင်ရာ သိရာကို သတင်းမမှန်တဲ့ဟာတွေ ရေးသားဖော်ပြတာတွေ၊ ကိုယ်ပိုင်အကောင့်မှာ၊ မီဒီယာတွေမှာပေါ့။ ပြီးတော့ ချင်းမှာလည်း CC (ချင်းလန်းကောင်စီ) နဲ့ CB (ချင်းညီနောင်) ကွဲနေတဲ့အခါကြတော့ အတုအယောင်၊ အမှားတွေ မဖော်ပြပေးဖို့ပါပဲ” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

တိကျမှန်ကန်သော သတင်းများနှင့် အောင်ပွဲရသတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက် ထုတ်ပြန်သွားမည်ဟု သိရသည်။

မင်းတပ်နှင့် ဖလမ်းမြို့တို့က စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် ချင်းညီနောင်အဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းတချို့သည် မိတ်ဖက်အဖွဲ့အစည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

ချင်းညီနောင်တပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ၎င်းတို့ ထိန်းချုပ်ထားရာ မြို့နယ်များတွင် စစ်ကောင်စီ ကင်းစင်ရေး စစ်ရေးရည် မှန်းချက် ချမှတ်ထားပြီး အကောင်အကောင်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့ထဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF, ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF-Mindat), ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF – Zoland), မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF), ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF-Kanpetlet) နှင့် CDF – Matupi တပ်မဟာ ၁ စသည့်အဖွဲ့ ၆ ဖွဲ့ပါဝင်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.