Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

0
By Editor on June 4, 2026 Khonumthung

(006SV)

ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များကို အာဏာ သိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ထံမှ သိရသည်။

မေလလယ်ဝန်းကျင်မှ စတင်၍ အာဏာသိမ်းစစ်တပ်နှင့် ချင်းပြည်သူ့တော်မတော်/မဟာမိတ်ပူးပေါင်း တပ်များအကြား ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း CPU/ CPA က ယနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်သည်။

“လက်ရှိတွင် CPA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက်စစ်ကော်မရှင်၏ ထိုးစစ်များကို အောင်မြင်စွာ ခုခံဟန့် တားထားပြီး စစ်မြေပြင်တွင် အခြေအနေမကောင်းသော အကြမ်းဖက်စစ်တပ်သည် တိုက်လေယာဉ်၊ Y – ၁၂ လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်” ဟု CPU/ CPA က ဆိုသည်။

လက်ရှိတွင် တိုက်ပွဲနှင့်ပတ်သက်၍ သတင်းမှားများ၊ ကောလာဟလသတင်းများ အွန်းလိုင်ပေါ်ရှိ တရားဝင် မဟုတ်သော ဖေ့ဘွတ်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရပြီး ၎င်းတို့သည် အများပြည်သူကို စိုးရိမ်းထိတ်လန့်မှုများ ဖြစ်စေ သည့်အပြင် မလိုလားအပ်သော နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ဖြစ်စေသည်ကို တွေ့နေရသည်ဟု CUP က ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ အဖွဲ့အစည်းမှ တိုက်ပွဲနှင့် စပ်လျဉ်း၍ ထုတ်ပြန်သော တရားဝင် ထုတ်ပြန်ချက်များကိုသာ စောင့်မျှော်နားစွန့်ရန် CPU/ CPA က အသိပေးသည်။

အာဏာသိမ်းစစ်တပ်က ယခုကဲ့သို့ ထိုးစစ်ဆင်ဝင်ရောက်လာမှုကို ခုခံတွန်းလှန် မောင်းထုတ်ရာတွင်လည်း ပြည်သူများအနေဖြင့် ကျရာကဏ္ဍအသီးသီးမှ မိမိတို့ တတ်စွမ်းသည့်အလျောက် တတပ်တအား အားပေးကူညီ ပူးပေါင်းပါဝင်ကြရန် CUP/ CPA က တိုက်တွန်းသည်။

CPU/ CPA အနေဖြင့် မိမိတို့ ပြည်သူ၊ အသက်အိုးအိမ်နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန်ကာကွယ်သွားမည်ဟု အသိပေးထားသည်။

အာဏာသိမ်းစစ်တပ်က ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်တိုက်လာသည့်အတွက် နိုင်ငံတကာရောက် ချင်းပြည်သူများအနေဖြင့် ချင်းပြည်အရေးပေါ်ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ကြရန် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည် သူ့တပ်မတော် (CPU/ CPA) က မေလလယ်က တိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.