Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်နှင့် ဖလမ်းမြို့က ချင်းညီနောင်စစ်ဆင်ရေး တလကျော်ကြာ တိုက်ပွဲများ ပြန်းထန်နေ

မင်းတပ်နှင့် ဖလမ်းမြို့က ချင်းညီနောင်စစ်ဆင်ရေး တလကျော်ကြာ တိုက်ပွဲများ ပြန်းထန်နေ

0
By Editor on December 12, 2024 Headline

လက်နက်ခဲယမ်း၊ ကျည်များ လိုအပ်နေဟု CNDF ဆို

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့် ချင်းညီနောင် စစ်ဆင်ရေးသည် တလပြည့်သွားပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

“ကျေးဇူးတော်ကြောင့် အောင်မြင်မှုတစ်ချို့ရရှိခဲ့သလို ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲပါ။ အဖက်ဖက်က ကျဆုံးနေတဲ့ အကြမ်းဖက်စကစတပ်ကလည်း လေကြောင်း၊ missile တွေနဲ့ တောက်လျှောက် စစ်ကူပေးနေတဲ့အတွက် ဆက်လက်ပြီး အလုံးစုံအောင်မြင်နိုင်ဖို့ ပြည်သူတွေရဲ့ ရပ်တည်ပေးမှု၊ ဆုတောင်းပေးမှုနဲ့ လက်နက်ခဲယမ်း၊ ကျည်တွေ ထောက်ပံ့မှု လိုအပ်နေပါတယ်” ဟု CNO/ CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။

မင်းတပ်နှင့် ဖလမ်းက စစ်ကောင်စီစခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းပူးပေါင်းတပ်များနှင့် မဟာမိတ်အဖွဲ့များက နိုဝင်ဘာလ ၉ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ရာ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

လက်ရှိ မင်းတပ်မြို့တိုက်ပွဲတွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အများအပြား ရှိနေပြီး တိုက်ပွဲများ ပြင်းထန်နေ သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။

ချင်းပူးပေါင်းတပ်သည် မင်းတပ်မြို့တွင် စစ်ကောင်စီစခန်း အများအပြားကို ထိုးစစ်ဆင်ကာလအတွက် သိမ်းပိုက်ထားနိုင်သည့် အောင်မြင်မှုများ ရရှိထားသည်ဟု သိရသည်။

ဖလမ်းမြို့တိုက်ပွဲတွင်လည် ချင်းပူးပေါင်းတပ်က နေရာတချို့ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ၏ အခိုင်အမာစခန်း တချို့ ကျန်ရှိနေသေးသည်ဟု သိရသည်။

ခလရ – ၂၆၈ အပါအဝင် ဖလမ်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဆက်လက်ခုခံခြင်း မပြုပါက သွားလိုရာနေရာကို သွားခွင့်ပေးမည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO ဒုဥက္ကဌ ဆလိုင်းပီတာထန်က ကမ်းလှမ်းသည်။

“ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ။ ဖလမ်းမြို့ကို ထားခဲ့ပြီးသွားမယ်ဆိုရင် ဒီအကောင့်ကို ဆက်သွယ်ပေးပါ။ ကျနော်တို့ လိုချင်တာ ခင်ဗျားတို့ရဲ့အသက် မဟုတ်ပါဘူး။ ကိုယ့်မြို့ကို ပြန်လိုချင်ရုံပါ” ဟု ဆလိုင်းပီတာထန်းက ၎င်း၏ လူမှုကွန်ယက်မီဒီယာမှ တဆင့် ပြောဆိုခြင်းဖြစ်သည်။

မင်းတပ်နှင့် ဖလမ်းမြို့က ချင်းညီနောင် စစ်ဆင်ရေးကို လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် စစ်ကောင်စီသည် ခုခံတိုက်ခိုက်လျက်ရှိပြီး လက်နက်ရိက္ခာများလည်း မကြာခဏ ဖြည့်တင်းနေကြောင်း သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့တိုက်ပွဲများတွင် မြို့ပေါ်နေအိမ် ၂၀၀ ဝန်းကျင်ကို မီးရှို့ဖျက်စီးထားကြောင့် ဒေသခံများက ပြောသည်။

ချင်းညီနောင် စစ်ဆင်ရေးတွင် စစ်ကိုင်းမှ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA)နှင့် Generation Z Army (GZA) တို့ ပါဝင်တိုက်ခိုက်နေပြီး မကွေးတိုင်းနှင့် ယောနယ်ဘက်မှ အညာတော်လှန်ရေးတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲများတွင် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ ဝင်တချို့လည်း ထိခိုက်သေဆုံးမှု ရှိပြီး လက်နက်ခဲယမ်း၊ ကျည် ထောက်ပံ့မှုများ လိုအပ်နေ၍ ချင်းညီနောင်အဖွဲ့ကို တတ်နိုင်သလောက် ပါဝင်အားဖြည့်ကြရန် ပြည်တွင်းပြည်ပ ပြည်သူများကို မေတ္တာရပ်ခံထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.