Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်နှင့် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးတွင် စစ်ကောင်စီစခန်း ၁၂ ခုကို သိမ်းထားပြီးဟု ချင်းညီနောင် ထုတ်ပြန်

မင်းတပ်နှင့် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးတွင် စစ်ကောင်စီစခန်း ၁၂ ခုကို သိမ်းထားပြီးဟု ချင်းညီနောင် ထုတ်ပြန်

0
By Editor on December 20, 2024 Headline

စစ်သုံ့ပန်း ၁၇၀ နီးပါးကို ၎င်းတို့မိသားစုဝင်များနှင့်အတူ ဖမ်းဆီးရမိထား

(006SV)

ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တွင် စစ်ကောင်စီအထိုင်ချစခန်း ၁၂ ခုကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ အင်အား ၁၇၀ နီးပါး နှင့်အတူ ၎င်းတို့ မိသားစုဝင်များပါ လက်နက်ချ အညံ့ခံမှုများ ရှိသည်ဟု ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။

“လက်နက်ချအညံ့ခံတဲ့ စစ်သုံ့ပန်းတွေ အကုန်လုံးကို ကျနော်တို့ လုံခြုံတဲ့ တ တနေရာကို ခေါ်ဆောင်သွားပါတယ်။ တိုက်ပွဲနဲ့ ကင်းဝေးတဲ့ နေရာကို ခေါ်ဆောင်သွားပါတယ်။ ပြီးမှ လုံလုံခြုံခြုံ ထားရှိပါတယ်” ဟု ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေး ဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတပ် (မင်းတပ်) မြလေးပွင့်စေတီကုန်း၊ ၄ မိုင်းကုန်း စသည့် စစ်ကောင်စီ တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသော စခန်း ၇ ခုကို ချင်းညီနောင်တပ်ဖွဲ့က ထိန်းပိုက်ထားပြီးဟု သိရသည်။

ကျန်ရှိနေသော မင်းတပ်ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့ဝန်းနှင့် ခလရ – ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်က မင်းတပ်၊ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးနှင့် စပ်လျဉ်၍ တလကျော်အကြာတိုက်ပွဲအပြီး ထုတ်ပြန်ရာတွင် ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက် မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များပါ လက်နက်ချ အညံ့ခံသောကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း သိရသည်။

“အောင်မြင်မှုတွေ ရရှိဖို့က ကျနော်တို့ လနဲ့ချီ ကောင်းကောင်း ပြင်ဆင်လာရတာပေါ့နော်။ မြို့ပတ်ပတ်လည် ဝိုင်းထားရတယ်။ စစ်ကြောင်းလျှောက်တာတွေ၊ ထောက်လှမ်းတာတွေ၊ ဝင်ထွက်သွားလာတာကို အချိန်ယူပြင်ခဲ့တယ်။ တကယ်တိုက်ပွဲဖြစ်တော့လည်း သတ္တိ၊ ဗျတ္တိနဲ့ပေါ့နော် စစ်ကိုနဲ့ စစ်နဲ့တူအောင် တိုက်ခဲ့ရတယ်။ ဒီကြားထဲမှာ စစ်ကောင်စီက လချီပြင်ဆင်ချိန်ရတော့ ဆက်သွယ်ရေး မြောင်းတွေ၊ ကတုတ်ကျင်းတွေ ၊ ဘန်ကာတွေ အများကြီး သေချာတူးထားတယ်။ ရေ၊ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ တောင်လျှောက် ချပေးပြီးမှ ကြီးကြီးမားမားကို ခိုင်ခိုင်မာမာပြင်ဆင်ထားတယ်။ အဲဒီအတွက် နှစ်ဦးနှစ်ဖက် ပြင်းပြင်းထန်ထန် ထိတွေတိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပြီးမှပဲ တကုန်းပြီး၊ တကုန်း သိမ်းယူနိုင်ခဲ့ပါတယ်” ဟု ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ ရုံး၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး နှင့် ဆေးရုံးကုန်း စသည့် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေရာယူထားသည့် စခန်း ၅ ခုကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၄၅ ဦးသည်လည်း လက်နက်ခဲယမ်းများနှင့်အတူ စစ်ဆင်ရေးဖော်ဆောင်ပြီး တပတ်ခန့်အကြာ နိုဝင်ဘာလ ၁၂ ရက်က လက်နက်ချ အညံ့ခံခဲ့သည်ဟု သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီသည် Cluster ဗုံးများ၊ (ဗုံးသီးအများအပြား ပါဝင်သော ထပ်ဆင့် ပေါက်ကွဲစေသော ဗုံး)၊ မီးလောင်ဗုံးများ၊ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအမျိုးမျိုးဖြင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်များစွာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။

ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေးအတွက် မဟာမိတ်အင်အားစုများနှင့်အတူ အကြမ်းဖက် အာဏာရှင်ကို ဆက်လက်တိုက်ထုတ်သွားမည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းညီနောင် စစ်ဆင်ရေးအမည်ဖြင့် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်အင်အားစုများသည် နိုဝင်ဘာလ ၉ ရက်မှ စတင်၍ မြို့သိမ်းစစ်ဆင်ရေးများကို မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် ဖော်ဆောာင်နေခြင်းဖြစ်သည်။

ချင်းညီနောင် စစ်ဆင်ရေးတွင် အာရက္ခတပ်တော် ULA/ AA ၊ စစ်ကိုင်းမှ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA)နှင့် Generation Z Army (GZA) အဖွဲ့များ၊ မကွေးတိုင်းနှင့် ယောနယ်ဘက်မှ အညာတော်လှန်ရေးတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့ကို PDF- Zoland၊ CDF – မင်းတပ်၊ မရာလန်းကာကွယ်ရေးတပ်ဖွဲ့ – MDF၊ CDF – ကန်ပက်လက်၊ CDF – မတူပီ၊ တပ်မဟာ – ၁ တို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.